မန္တလေးမြို့တွင် အခန်း ၃၀၀ကျော်ပါဝင်မည့် ပထမဆုံး သော ကြယ်ငါးပွင့်အဆင့်ရှိ ဟို တယ်တစ်လုံး စတင်တည် ဆောက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
78ဈေးဝယ်စင်တာနေရာ တွင် ဟိုတယ်အခန်းပေါင်း၃၀၀ကျော်ပါဝင်မည့်အထပ် နှစ်ဆယ်အမြင့်ရှိ အဆောက်အအုံတစ်လုံးကို စင်ကာပူနိုင်ငံမှ ဆောက်လုပ်ရေးအဖွဲ့နှင့် တည်ဆောက်သွားရန် ယခင်အဆောက်အအုံ ဟောင်း များကိုစတင်ဖြိုဖျက်နေပြီဖြစ်ကာ လာမည့်နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးညီညီဆွေက ပြောသည်။
‘‘ပိုင်ရှင်ကတော့ မြန်မာပဲ။ ဒါပေမဲ့ စင်ကာပူအုပ်စုကဆောက် မှာ။ အခန်းသုံးရာကျော်ရှိတဲ့ ပထမဆုံးဟိုတယ်ဖြစ်လာမှာပါ’’ ဟု ၎င်းကပြောသည်။
လက်ရှိတွင် မန္တလေးမြို့အတွင်းဟိုတယ်ပေါင်း ၁၃၆လုံးရှိနေပြီး အဆင့်မြင့်ဆုံးအနေဖြင့် ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်နှစ်လုံးသာရှိသည်။ ဟိုတယ်အများစုမှာကြယ်သုံးပွင့်နှင့် နှစ်ပွင့်အသီးသီးအဆင့်ရှိသည့်ဟိုတယ်များဖြစ် ကြောင်းတိုင်းဒေသကြီးဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မန္တလေးမြို့အတွင်း ဟိုတယ်အသစ်များဆက်လက် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်နေသည့် ဟိုတယ် ၃၅လုံး ရှိနေပြီး ယင်းတို့အနက် အလုံး၃၀မှာ ၂၀၁၅အတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်ဟိုတယ် ငါးလုံးမှာမူ လာမည့်၂၀၁၆အတွင်းမှ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဦးညီညီဆွေက ပြောသည်။
ထို့အပြင် မန္တလေးမြို့နယ်နိ မိတ်အတွင်း ရှန်ဂရီလာဟိုတယ်အုပ်စုမှ နိုင်ငံတကာအဆင့်ရှိဟိုတယ်တစ်လုံး လာရောက်ဖွင့်လှစ်ရန် အခြေအနေများလည်းရှိနေကြောင်း ယင်းဌာနမှသတင်းရရှိသည်။
Credit: 7day daily