ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် ရွှေတိဂုံ ဘုရားလမ်းထောင့် တွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တည်ဆောက်လျက် ရှိသည့် Junction CityProject တွင် ရုံးအဆောက်အအုံ (Office Tower) ဆောက်လုပ် ရန် စင်ကာပူနိုင်ငံအခြေစိုက် Keppel Landကုမ္ပဏီကပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်ခန့်မှစ၍ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆီဒိုးနား ဟိုတယ်လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည့် Keppel Land ကုမ္ပဏီသည် ယခုအခါ ရန်ကုန်မြို့လယ်တွင် ပေါ်ထွက် လာမည့် Junction City စီမံကိန်း၌ ၂၃ ထပ်အမြင့်ရှိသည့် ရုံးခန်းများ သီးသန့် ထားရှိမည့် အဆောက်အအုံတွင် ရင်းနှီး မြှုပ်နှံရန် ရွှေတောင်ကုမ္ပဏီနှင့် သဘောတူညီ ခဲ့ပြီးဖြစ်သည်။ ယခင် ဗိုလ်ချုပ်ဈေးသစ် နေရာအဟောင်းနေရာတွင် တည်ဆောက်လျက်ရှိသည့် Junction City စီမံကိန်းအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ ယခုနှစ် မေလတွင် အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်အတွက် လက်မှတ်ရေးထိုးခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းကိုစတင်အကောင်အထည်ဖော် ခဲ့သည်။
မြေ ခြောက်ဧကကျော် ကျယ်ဝန်းသည့် လဟာပြင် ဗိုလ်ချုပ်ဈေးသစ်မြေကွက်၌ လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ၂၀၁၂ ခုနှစ်၊ မတ်လ တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် တင်ဒါ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းတွင် Keppel Land ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေ ရိကန်ဒေါ်လာ ၄၇ ဒသမ ၄ သန်းခန့်ဖြစ်ကာ ဉ်ငခနွှသတနမ အတွက်ရှယ်ယာထည့်ဝင်မှု
သည် ၄၀ ရာခိုင်နှုန်းခန့် ဖြစ်ပြီး ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်း
ထုတ်ပြန်မှုတွင် ပါရှိသည်။
"ကျွန်တော်တို့အနေနဲ့ Keppel Land ကုမ္ပဏီနဲ့ အခုလို ရန်ကုန်မြို့ရဲ့ စီမံကိန်းကြီး အတွက်အတူတကွပူးပေါင်းဆောင်ရွက်ရလို့ ၀မ်းသာပါတယ်။ ၂၀၁၆ မှာ တည်ဆောက်ပြီးစီးမယ့်Grade A Office Tower က မြန်မာ နိုင်ငံကို ရောက်ရှိလာမယ့် နိုင်ငံတကာ လုပ်ငန်းကြီးတွေရဲ့ တိုးတက်မြင့်မားလာမယ့် လိုအပ်ချက်ဖြစ်တဲ့ ရုံးခန်းနေရာလိုအပ်ချက် တွေကိုဖြည့်ပေးနိုင်မှာပါ" ဟု ရွှေတောင်ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ရွှေတောင်ကုမ္ပဏီသည် Pan Pacific Hotels Groupနှင့် အကျိုးတူပူးပေါင်း၍ Junction City စီမံကိန်းတွင် ၅ှအမျေ အဆင့်ရှိ ကို ရင်းနှီးမြှုပ်နှံစီမံခန့်ခွဲမှု ဆောင်ရွက်ရန် သဘောတူခဲ့ပြီး Keppel Land ကုမ္ပဏီနှင့် လည်း အကျိုးတူပူးပေါင်းကာ Sustainable Green Feature များဖြင့် နိုင်ငံတကာအဆင့်မီသောရုံးခန်း အဆောက်အအုံတစ်ခုဖြစ်လာ ရန် မျှော်လင့်ကြောင်း ၎င်းကပြောသည်။
၎င်းစီမံကိန်းတွင် ရုံးခန်းများ၊ှနမလငခန ဗစမေအာနညအ များ၊ ဈေးဝယ်စင်တာနှင့်ဟိုတယ် တို့ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်ဈေးသစ်ကြီး၏ ယခင်မူလနေရာကို မြေညီထပ်
တွင် အစားထိုး ပြန်လည် တည်ဆောက်ပေးသွားမည် ဖြစ် သည်။ ထို့ပြင် ပြည်တွင်း၊ပြည်ပခရီးသွားများ အဆင်ပြေစေရန် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ဖြတ်ကူးသည့်မိုးလုံလေလုံ တံတားအသစ်ကို အစားထိုး တည်ဆောက်ပေးသွားမည် ဖြစ်သည်။
Junction Center စီမံကိန်းကို တည်ဆောက် မှု အပိုင်းနှစ်ပိုင်းဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ခေတ်မီကောင်းမွန်သော ဗိုလ်ချုပ်အောင်ဆန်းဈေးသစ် အပါအ၀င်Shopping Centre, Office Tower နှင့် 5-Star ဟိုတယ်တို့ကို ပထမပိုင်းအဆင့်အဖြစ်တည်ဆောက်သွားမည် ဖြစ်ကာ ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်းကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။
Keppel Land သည် စင်ကာပူနိုင်ငံရှိ Office Tower များဖြစ်သော Marine BayFinancial Centre, Ocean Financial Centre နှင့် One Raffles Quay စသည့်
မြို့တော်၏ အထင်ကရ အထပ်မြင့်တာဝါများကို တည် ဆောက်ထားသည့် စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သည်။
Credit: mmtimes