အိမ်ခြေ ၆၀ ကျော်ရှိ သည့် ပုသိမ်ကြီးမြို့နယ်ညောင် ကုန်းကျေးရွာကို မန္တလေးမြို့၏ ရပ်ကွက်တစ်ခုအဖြစ် တိုးချဲ့ဖွဲ့ စည်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။
ပုသိမ်ကြီးမြို့နယ် ရေ လောင်ကျေးရွာ အုပ်စုကွင်းအမှတ်(၅၁၈-က)အတွင်းရှိ ညောင် ကုန်းကျေးရွာသည် ၁၉၈၈ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ လက်ထက်တွင် သတ်မှတ်ထားသည့် မန္တလေးမြို့ မြေဧရိယာအတွင်း ကျရောက်နေ၍ ကွင်းဆင်းစစ်ဆေးကာ မန္တလေးမြို့တော်၏ ရပ်ကွက်တစ်ခုအဖြစ် တိုးချဲ့ဖွဲ့စည်းသွားမည်ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး အောင်ကျော်မိုးကပြောသည်။
ညောင်ကုန်း ကျေးရွာကိုပုသိမ်ကြီးမြို့နယ်(စ)ရပ်ကွက်အ တွင်း ထည့်သွင်း၍ဖြစ်စေ၊ သီး ခြားရပ်ကွက်တစ်ခုအဖြစ် သတ် မှတ်၍ ဖြစ်စေ မန္တလေးမြို့တော် ဧရိယာအတွင်း တိုးချဲ့ဖွဲ့စည်း သွားမည်ဟု ဗိုလ်မှူးကြီး အောင် ကျော်မိုးကပြောသည်။
လက်ရှိအချိန်တွင် ညောင် ကုန်းကျေးရွာ အနီးရှိ မြေကွက် လွတ်များကို ပေ(၄၀×၆၀) မြေ ကွက်များအဖြစ် အကွက်ရိုက် ရောင်းချမှုများရှိနေပြီး မြို့မြေအ ဖြစ်သတ်မှတ်ကာ ဂရန်ထုတ်ပေး မည်ဆိုပါက ပိုင်ဆိုင်မှုပိုမိုခိုင်မာ လာကာ မြေကွက်ဈေးနှုန်းများ မြင့်တက်လာဖွယ် ရှိသည်ဟု မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုး ဆောင်များက ခန့်မှန်းသည်။
ညောင်ကုန်းကျေးရွာအပြင် မန္တလေးမြို့နယ်နိမိတ်နှင့် ဆက်စပ်နေပြီး ပြည်ထဲရေး အမည်မပေါက်သေးသည့် ပုသိမ်ကြီး မြို့နယ်၊ နန်းဦးလွင် ကျေးရွာအုပ် စုအတွင်းရှိ အိမ်ခြေတစ်ထောင် ရှိသော ကုန်းတန်းကျေးရွာ၊ ပုသိမ် ကြီးမြို့နယ် ဆင်ဘွတ်ကျေးရွာ အုပ်စုအတွင်းရှိ အိမ်ခြေ ၅၀ခန့်ရှိ သော ပိန္နဲရိုးကျေးရွာများကိုလည်း ဒေသခံပြည်သူများ၏ သဘော ဆန္ဒနှင့်အညီ ပြည်ထဲရေးအမည် ပေါက်ကျေးရွာများအဖြစ် သတ် မှတ်ပေးနိုင်ရန် ဆောင်ရွက်ပေး သွားမည်ဟု မန္တလေး တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မန္တလေးမြို့ပေါ်တွင် လူနေ ထူထပ်လာပြီး အိမ်ခြံမြေဈေးနှုန်း များ မြင့်တက်လာမှုကြောင့် ၀င် ငွေနည်းဒေသခံအချို့က မြို့နှင့် မနီးမဝေးရှိ လယ်ယာမြေနှင့်မြေ ကွက်လပ်များ ၀ယ်ယူကာ အ ဆောက်အအုံနေထိုင်မှု များပြားလာနေပြီး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ပြည်ထဲရေး အမည်မ ပေါက်သေးသော ကျေးရွာအချို့ မှာ ၁၉၈၈ နောက်ပိုင်းမှ ပေါ် ပေါက်လာသော ကျေးရွာများဖြစ် ကြောင်း သတင်းရရှိသည်။
Credit: 7 day daily