FMI ကုမ္ပဏီအုပ်စုကတည်ဆောက်လျက်ရှိသည့် ကြယ်စင်အိမ်ရာ စီမံကိန်းမှ Galaxy Tower ဟုအမည်ပေးထားသောဇုန် (C)ကို ဇန်နဝါရီတွင် စတင်ရောင်းချမည်ဖြစ်ပြီး အဖွင့်ဈေးသည် တာဝါတွင် ရောင်းချမည့်အခန်းအားလုံး၏ အနိမ့်ဆုံးဈေးများဖြစ်ကြောင်း ယင်းကုမ္ပဏီဥက္ကဋ္ဌက ပြောသည်။
‘‘ဒါက အဆင့်အတန်းအနေ နဲ့ ဇုန် A၊ ဇုန် B တို့ထက် တစ်ဆင့် ထပ်မြင့်သွားပါမယ်။ ပထမဆုံး ဖွင့်တဲ့ဈေးနှုန်းကတော့ အနိမ့်ဆုံး ဈေးဖြစ်မယ်ဆိုတာ ကျွန်တော် ကတိပေးပါတယ်’’ဟု ဦးသိမ်းဝေ ကပြောသည်။
အဆိုပါဇုန် (C) (Galaxy Tower) တာဝါတွင် အဆောက် အအုံပေါင်း ခြောက်ခု ပါဝင်ပြီး အခန်းပေါင်း ၉၅၀ ပါဝင်သည်။ အဆောက်အအုံ တစ်ခုချင်းစီသည် အထပ် ၂၀ ကျော်အမြင့်ရှိမည်ဖြစ်ကာ တစ် ဦးတည်းအခန်းမှ အခန်းလေးခန်းပါ မိသားစုအခန်းများပါဝင်မည်ဖြစ်သည်။
FMI ကုမ္ပဏီသည် အိမ်ရာ တည်ဆောက်ရေး ကဏ္ဍတွင် ဦးဆောင်ကုမ္ပဏီဖြစ်လိုသည့်အတွက် ရန်ကုန်တွင်သာမက တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင်ပါဆောက်လုပ်ရန်စီစဉ်ထားသည်။
ကြယ်စင်မြို့တော်ကို သန်လျင်မြို့၌ လူနေတိုက်ခန်းပေါင်း ၉,၀၀၀ ကျော်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ရာပြီးစီးချိန်တွင် လူဦးရေ သုံးသောင်းအထိနေထိုင်နိုင်သည့် နေရာတစ်ခုဖြစ်လာမည်ဖြစ်သည်။
သီလဝါ အထူးစီးပွားဇုန်၌ အလုပ်လုပ်ကိုင်နေသူများထံမှ ဝယ်လိုအားများ ရရှိနိုင်ရန် မျှော်မှန်းထားသည်ဟုလည်း ကုမ္ပဏီကဆိုသည်။အခန်းပေါင်း ၁,၀၀၀ ကျော် ပါဝင်သောဇုန် B ၏ ပထမဆုံး အဆောက်အအုံ စတင် တည် ဆောက်ချိန်၌ ၎င်းတွင်ပါဝင်သောအဆောက်အအုံ အားလုံး၏ အခန်းများမှာ ၉၀ ရာခိုင်နှုန်း ရောင်းချပြီးဖြစ်သည်။
Star City တွင်ရောင်းချနေ သောအခန်းများမှာ အထပ်နှင့် နေရာအနေအထားအရ အနည်းဆုံးကျပ်သိန်း ၁,၂၀၀ မှ အများဆုံးကျပ်သိန်းပေါင်း ၄,၄၀၀ ထိရှိကြောင်း ကုမ္ပဏီ၏ အရောင်းပြခန်းမှ သိရသည်။
Star City တိုက်ခန်းများကို ဝယ်လိုအားများနေခြင်းကြောင့် ဇုန် B တည်ဆောက်မှုအားပြင်သစ် နိုင်ငံမှကုမ္ပဏီတစ်ခုကို ကန်ဒေါ် လာ ၁၀၀ မီလီယံဖြင့် ငှားရမ်း တည်ဆောက်နေရကြောင်း အဆို ပါကုမ္ပဏီကပြောသည်။
Credit: 7 Day Daily