ကန်ထရိုက်တာ လိုင်စင်ကြေးများ တိုးမြှင့်ခြင်းက တိုက်ခန်းဈေးအပေါ် ဂယက်ရိုက်ခတ်မှုမရှိနိုင်

ကန်ထရိုက်တာ လိုင်စင်ကြေးများ တိုးမြှင့်ခြင်းက တိုက်ခန်းဈေးအပေါ် ဂယက်ရိုက်ခတ်မှုမရှိနိုင် - Property News in Myanmar from iMyanmarHouse.com
26 Nov 2014 11:58 am တွင် တင်ခဲ့သည်
1066 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တာ လိုင်စင်ကြေးမှတ်ပုံတင်နှုန်းထားများကို လာမည့် ၂၀၁၅ တွင် တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုးမြှင့်လိုက်သည့် ကန်ထ ရိုက်တာလိုင်စင်ကြေးမှတ်ပုံတင် နှုန်းထားသစ်မှာ အကြီးတန်းအင် ဂျင်နီယာအတွက် ယခုကျပ်ငါးသိန်းပေးဆောင်ရာမှ နှစ်ဆကျပ်၁၀သိန်း အထိ တိုးမြှင့်လိုက်ပြီး အငယ် တန်းအင်ဂျင်နီယာအတွက် သုံး သိန်းပေးဆောင်ရာမှ ငါးသိန်းသို့ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သိရသည်။

လိုင်စင်ရ ကန်ထရိုက်တာ များအတွက် နှစ်စဉ်ကြေးကိုမူ အကြီးတန်းအင်ဂျင်နီယာများအ တွက် ယခင် ကျပ်နှစ်သိန်းတစ်သောင်းကျော်သာပေးဆောင်ရာ မှ ငါးသိန်းအထိ ပေးသွင်းရမည်ဖြစ်ပြီး အငယ်တန်းအင်ဂျင်နီယာအ တွက် ယခင် တစ်သိန်းနှစ်သောင်း ပေးဆောင်ရာမှ ယခု သုံးသိန်း ကျော်ပေးဆောင်ရတော့မည် ဖြစ် သည်။

၂၀၁၃ အတွင်း လိုင်စင်ကြေးတိုးမြှင့်ကောက်ခံမှုတစ်ကြိမ်ရှိခဲ့ပြီး ယခုအကြိမ်ကဲ့သို့ ပမာဏမများကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ယခုထပ်မံပြီး လိုင်စင်ကြေး များ တိုးမြှင့်ကောက်ခံရခြင်းမှာ ခေတ်စနစ်နှင့်အညီ လိုက်လျော ညီထွေမှုရှိစေရန်ဖြစ်သည်ဟု ဌာနက ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်း ရှင်အများစုမှာ လိုင်စင်ရ ကန်ထ ရိုက်တာများအား အမည်ငှားရမ်းအသုံးပြုတည်ဆောက်နေရသော ကြောင့် ၎င်းတို့အား ယခင်ငှားရမ်းခထက် ပိုမိုပေးဆောင်ရတော့မည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ်နေ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။

‘‘လိုင်စင်ရကန်ထရိုက်တာ တွေကို ကျွန်တော်တို့က ဆောက် လုပ်ခွင့်ရဖို့ အမည်ငှားသုံးနေရ တာ သူတို့ရဲ့ လိုင်စင်ကြေးတွေ တိုးတော့ ဈေးပိုပေးရတော့မှာ ပေါ့။ အခန်းဈေးက တက်မယ်လို့ လျှောက်ပြောနေတာပါ။ တကယ်တမ်းကျတော့ အများကြီးမတက် နိုင်ဘူး’’ဟု အဆိုပါလုပ်ငန်းရှင်က ပြောသည်။

လက်ရှိတွင် ကန်ထရိုက် လောက၌ အခန်းပေး၊ အခန်းယူ ရောင်းချမှုကိစ္စများ၌ မြေရှင် ဘက်က တောင်းဆိုမှုများပြားလာ သဖြင့် အခက်အခဲအချို့ဖြစ်ပေါ် နေပြီး မြေ၀ယ်ဆောက်ရန်မှာ လည်း မြို့တွင်းတွင် ရှားပါးလာပြီဖြစ်ကာ လိုင်စင်ကြေးတိုးမြှင့်ကောက်ခံခြင်းက ၀န်ထုပ်ဝန်ပိုးတစ်ခု ထပ်မံတိုးလာပြီဟု မြန်မာနဂါးမင်း ဆောက်လုပ်ရေးမှ လုပ်ငန်းရှင် ကိုသီဟက ပြောသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service