ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း - Property News in Myanmar from iMyanmarHouse.com
27 Jan 2025 12:57 pm တွင် တင်ခဲ့သည်
526 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူး ကမ်းခြေမြို့တွင် ကိုယ်ပိုင်တိရ စ္ဆာန်ဥယျာဉ်ပါသည့် နေအိမ်ခြံဝန်းတစ်ခု ကန်ဒေါ်လာ သန်း ၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါ တိရ စ္ဆာန်ဥယျာဉ်မှာ မျိုးဗီဇဖောက်လွဲဖောက်ပြန်ဖြစ်သည့် ရှားပါးဝေဒနာ ခံစားရကာ သေဆုံးသွား ခဲ့သော ၁၃ လအရွယ် သမီးငယ်ကို ရည်စူးသည့်အနေဖြင့် မိဘနှစ်ပါးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဘင် ဟာမန်းနှင့် စတေဆီတို့၏ ရင်သွေး သမီးလေး အက်စ်ပန်သည် အချိန်တိုလေးသာ ရှင်သန်ခွင့်ရခဲ့သည့် ကာလအတွင်း အချိန်အများစုကို ဆေးရုံတွင်သာ ကုန်ဆုံးခဲ့ရသည်။

အက်စ်ပန်သည် ကုထုံးတွင် အသုံးပြုသည့် ခွေးများ၊ မြင်းငယ်လေးများနှင့် တွေ့ရပါက တုံ့ပြန်မှု ကောင်းမွန် သည်ကို တွေ့ရသည်။

အက်စ်ပန်သည် ၂၀၁၈ ခုနှစ်တွင် ဆုံးပါးသွားခဲ့ပြီး ဘင်ဟာမန်းတို့ ဇနီးမောင်နှံမှာ သားသမီး ၂ ဦး ထပ်မံ ထွန်းကားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ဘင်ဟာမန်းတို့ ဇနီးမောင်နှံသည် ကျယ်ဝန်းသော ခြံဝန်းတစ်ခုကို မျက်စိကျခဲ့ကြသည်။

၂၀၁၈ ခုနှစ်အတွင်း မီးသင့်ခံခဲ့ရသော မာလီဘူးမှ မွေးမြူရေးခြံတစ်ခုဖြစ်ပြီး ဘင်ဟာမန်းက ကန်ဒေါ်လာ ၆ ဒသမ ၆၅ သန်းပေးကာ ဝယ်ယူခဲ့သည်။

ထို့နောက် အက်စ်ပန်လေးအတွက် ရည်စူးကာ အကျိုးအမြတ်အတွက် မရည်ရွယ်သည့် တိရ စ္ဆာန် ဥယျာဉ်လေး တစ်ခု တည်ထောင်ဖန်တီးခဲ့သည်။

အထူးသဖြင့် တိရ စ္ဆာန်လေးများကို ကြည့်ရှုထိတွေ့ခွင့်ရရန် လိုအပ်နေသူများအတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ဘင်ဟာမန်း၏ တိရ စ္ဆာန်ဥယျာဉ်ငယ်လေးတွင် မြင်းကျား၊ သိုး၊ ဆိတ်၊ ဝက်များ၊ နွားပုများ၊ မြည်းများ၊ ကြက်များ၊ မြင်းများ၊ မြင်းကျားနှင့် မြင်းမျိုးစပ်ထားသော zorse တစ်ကောင်၊ မြင်းကျားနှင့် မြည်း မျိုးစပ်ထားသော zedonk တစ်ကောင်တို့ ရှိသည်။

ယခုအခါ ဘင်ဟာမန်းတို့ ဇနီးမောင်နှံက ၎င်းတို့၏ ချစ်စရာကောင်းသော ခြံဝန်းကို ရောင်းချကာ အခြားနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်။

( ၁၃ လအရွယ်ဖြင့် ကွယ်လွန်သွားသော သမီးငယ်ကို ရည်စူးကာ ဖန်တီးထားသော တိရ စ္ဆာန်ဥယျာဉ်လေး ပါဝင်ပြီး ကန်ဒေါ်လာ သန်း ၂၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Realtor)

(ဘင် ဟာမန်းနှင့် စတေဆီတို့၏ ရင်သွေး သမီးလေး အက်စ်ပန်သည် အချိန်တိုလေးသာ ရှင်သန်ခွင့်ရခဲ့သည့် ကာလအတွင်း အချိန်အများစုကို ဆေးရုံတွင်သာ ကုန်ဆုံးခဲ့ရသည်။ အက်စ်ပန်သည် ကုထုံးတွင် အသုံးပြုသည့် ခွေးများ၊ မြင်းငယ်လေးများနှင့် တွေ့ရပါက တုံ့ပြန်မှု ကောင်းမွန်သည်ကို တွေ့ရသည်။ ဓာတ်ပုံ-Realtor)

(ဘင်ဟာမန်း၏ တိရ စ္ဆာန်ဥယျာဉ်ငယ်လေးတွင် မြင်းကျား၊ သိုး၊ ဆိတ်၊ ဝက်များ၊ နွားပုများ၊ မြည်းများ၊ ကြက်များ၊ မြင်းများ၊ မြင်းကျားနှင့် မြင်းမျိုးစပ်ထားသော zorse တစ်ကောင်၊ မြင်းကျားနှင့် မြည်း မျိုးစပ်ထားသော zedonk တစ်ကောင်တို့ ရှိသည်။ ဓာတ်ပုံ-Yelp)

(အကျိုးအမြတ်အတွက် မရည်ရွယ်သည့် တိရ စ္ဆာန်ဥယျာဉ်လေးကို ဘင်ဟာမန်း၏ ဆုံးပါးသွားသော သမီးငယ်လေးအား ရည်စူးကာ အက်စ်ပန်ဟုအမည်ပေးထားသည်။ ဓာတ်ပုံ-Yelp)

(ဘင်ဟာမန်းတို့ ဇနီးမောင်နှံသည် မာလီဘူးရှိ ယခုခြံကို ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၆ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၁၃ လအချိန်ယူကာ တိရ စ္ဆာန်ဥယျာဉ်ကို ဖန်တီးခဲ့သည်။ ဓာတ်ပုံ-Yelp)

ခြံဝန်းကြီး၏ အမည်မှာ Aspen Hope Ranch ဟု အမည်ရပြီး မာလီဘူးတွင် လူအများချစ်ကြသည့် ခြံလေးတစ်ခုဖြစ်လာကာ မသန်စွမ်းမှု အမျိုးမျိုး ရင်ဆိုင်ရသော ကလေးငယ်များ၏ မိသားစုများအတွက် အထူးပွဲလမ်းများကျင်းပရာ နေရာတစ်ခု ဖြစ်လာသည်။

(ပင်မစံအိမ်မှတဆင့် မွေးမြူရေးခြံဝန်းအတွင်းနှင့် သမုဒ္ဒရာ၏ ရှုမျှော်ခင်းတို့ကို တွေ့မြင်ရသည်။ ဓာတ်ပုံ-Realtor)

(သဘာဝကျောက်တုံးများ၊ ဝက်သစ်ချသားအဖြူရောင်တို့ဖြင့် ခေတ်မီမွမ်းမံဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Realtor)

(အခန်းဖွင့် ခင်းကျင်းထားသော မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

(ကလေးများအတွက် အိပ်စင်။ ဓာတ်ပုံ-Realtor)

(ဆားရေ ရေကူးကန်။ ဓာတ်ပုံ-Realtor)

(လှပသော မြင်းဇောင်းတစ်ခု။ ဓာတ်ပုံ-Realtor)

(မြင်းကုန်းနှီးများ၊ ကကြိုးတန်ဆာများနှင့် အခြားပစ္စည်းများ ထားသိုရာအခန်း။ ဓာတ်ပုံ-Realtor)

(လှပသော မြေယာအလှပြင်ဆင်များမှု။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Heartbreaking Tale Behind $20 Million Malibu Ranch With Its Own Petting Zoo

Photo Credit- Realtor, Yelp

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
Magical World
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service