အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Apr 2025 12:12 pm တွင် တင်ခဲ့သည်
1126 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် နေအိမ်များရှေ့၌ အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေကာ အကြောက်အလန့်ကင်းသော ဇင်ယော်ငှက်များနှင့် ဧရာမ ကြွက်ကြီးများမှာ အမှိုက်ထုပ်များကို မွှေနှောက် ရှာဖွေ ကျက်စားလျက်ရှိသောကြောင့် ရောဂါဘယမျိုးစုံ ကူးစက်ပြန့်ပွားလာမည်ကို မြို့သူမြို့သားတို့က စိုးရိမ်လျက်ရှိနေသည်။

ဘာမင်ဂမ်မြို့တွင် အမှိုက်သိမ်းအလုပ်သမားအားလုံး မတ်လ ၁၁ ရက်တွင် ဆန္ဒပြသည့်အနေဖြင့် အလုပ်မှ နှုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်း အမှိုက်များ တောင်လိုပုံလာခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြမှုများ အဆုံးသတ်စေရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ဘာမင်ဂမ်မြို့ကောင်စီက ဧပြီလလယ်ပိုင်းတွင် ကမ်းလှမ်းခဲ့သော်လည်း အမှိုက်သိမ်းလုပ်သားတို့က ငြင်းပယ်ခဲ့ရာ တောင်ပုံရာပုံ အမှိုက်အိတ်များမှာ ဘာမင်ဂမ်မြို့ လမ်းများပေါ်မှ ပျောက်ကွယ်သွားဖွယ် အလားအလာ မမြင်သေးချေ။

အိမ်တိုင်း၏ အိမ်ရှေ့တွင် အမှိုက်ထုတ်များ ပုံနေသည်မှာ တစ်လကျော်ရှိခဲ့ပြီ ဖြစ်ပြီး ဧရာမ ကြွက်ကြီးများနှင့် ရဲတင်းလှသော စင်ယော်တို့မှာ အမှိုက်အိတ်များပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်လာနေသည်။

စင်ယော်တို့သည် ဥချသည့် ကာလမျိုးတွင်ဆိုလျှင် လူတို့၏လက်ထဲမှပင် လုစားတတ်ကြသည့် ငှက်များ ဖြစ်သည်။

ကြွက်များမှာမူ ၎င်းတို့၏ ကျင်ငယ်ရည်နှင့် ဘက်တီးရီးယားတို့မှတဆင့် ရောဂါအမျိုးမျိုး ပျံ့ပွားနိုင်သည်။

ကြွက်များမှတဆင့် လူတို့ထံသို့ ကူးစက်နိုင်သော ရောဂါများအနက် အန္တရာယ်အရှိဆုံးမှာ ဝိုင်းလ်ရောဂါ (Weil’s disease) ဖြစ်သည်။

ဝိုင်းလ်ရောဂါသည် အသည်း၊ ကျောက်ကပ်၊ နှလုံး ၊ ဦးနှောက်နှင့် အဆုပ်တို့ကို တိုက်ခိုက်သည်။

(မှတ်ချက်။ ဝိုင်းလ်ရောဂါအကြောင်း ပိုမိုသိရှိလိုသူများအနေဖြင့် hellosayarwon ဝက်ဘ်ဆိုက်တွင် ဝိုင်းလ်ရောဂါဟု ရိုက်ကာ ရှာဖွေဖတ်ရှုနိုင်ပါသည်။)

(ကြွက်များ၏ ကျင်ငယ်နှင့် မစင်တို့မှတဆင့် ရောဂါဘယများစွာ ပျံ့ပွားနိုင်သည်။ ဓာတ်ပုံ-Getty Images)

ဝိုင်းလ်ရောဂါမှာ ကြွက်တို့၏ ကျင်ငယ်ရည်မှတဆင့် ကူးစက်နိုင်သည်။

ကြွက်ကျင်ငယ်ရည်များ ရှိနေသော ရေထဲတွင် ထိခိုက်ရှနာရှိသူတစ်ဦးဦး ရေကူးပါက (သို့မဟုတ်) အဆိုပါရေဖြင့် ရေချိုးမိပါက ရောဂါကူးစက်ခြင်းခံရနိုင်သည်။

ရေကြီးရေလျှံမှု၊ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ချိန်တွင်လည်း အဆိုပါရောဂါ ကူးစက်ပျံ့ပွားလေ့ရှိသည်။

ကြွက်ကြောင့်ဖြစ်ပွားသော အခြားရောဂါတစ်ခုမှာ ကြွက်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် ကြွက်ကိုက်ဖျား (rat bite fever) ဖြစ်သည်။

ထိုရောဂါများမှာ လွယ်ကူစွာ ကုသပျောက်ကင်းနိုင်သော်လည်း ဆေးကုသမှုမပေးဘဲထားလျှင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည်။

(ဘာမင်ဂမ်မြို့ရှိ အမှိုက်ပုံများတွင် စင်ယော်များ အစာရှာနေပုံ။ ဓာတ်ပုံ-Getty Images)

ကြွက်တို့ကြောင့်ဖြစ်ပွားသောရောဂါများအနက် ခြောက်ခြားစရာအကောင်းဆုံးမှာ Seoul hantavirus ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသည်ဟုဆိုရခြင်းမှာ ၎င်းရောဂါ၏ ကူးစက်ပုံနည်းလမ်းကြောင့် ဖြစ်သည်။

ကြွက်၏ ကျင်ငယ်ရည်နှင့် မစင်တို့ကို ရှူရှိုက်မိရုံမျှဖြင့် ကူးစက်နိုင်သည်။

အော်စကာဆုရှင် ရုပ်ရှင်မင်းသား Gene Hackman ၏ ဇနီးဖြစ်သူ Betsy သေဆုံးရမှုမှာ hantavirus ကြောင့် ဖြစ်သည်ဟု ဆိုသည်။

(ဆက်စပ်သတင်း)

ထပ်ဆင့် အော်စကာဆုရှင် Gene Hackman နှင့် ဇနီးဖြစ်သူ Betsy တို့ အမေရိကန်ပြည်၊ ဆန်တာဖီမြို့ရှိ ဒေါ်လာ ၄ သန်းတန် စံအိမ်အတွင်း ပုပ်ပွသေဆုံးလျက်တွေ့ရှိ

https://www.imyanmarhouse.com/news/read/1141852

စင်ယော်တို့မှတဆင့်လည်း ဘက်တီးရီးယား ကူးစက်နိုင်သည့် အန္တရာယ်ရှိရာ ဆယ်လ်မိုနယ်လာ (Salmonella) ဟုခေါ်သော အစာအဆိပ်သင့်ရောဂါနှင့် ဝမ်းရောဂါဖြစ်စေသည့် ဘက်တီးရီးယားဖြစ်သော Campylobacter တို့ ကူးစက်ပျံ့ပွားနိုင်သည်။

(မတ်လ ၁၁ ရက်မှစပြီး အမှိုက်အိတ်များ တောင်ပုံရာပုံ ဖြစ်လာခဲ့သည်။ ဓာတ်ပုံ-Joseph Walshe/SWNS)

 

 

(ဧရာမကြွက်ကြီးများမှာ ကြောင်အရွယ်အစားခန့်ရှိကြောင်း ဘာမင်ဂမ်မြို့သားတို့က ပြောသည်။ ဓာတ်ပုံ-Getty Images)

 

(ကြွက်များနှင့် ဇင်ယော်များမှတဆင့် ရောဂါမျိုးစုံ ကူးစက်ပျံ့ပွားနိုင်သည်။ ဓာတ်ပုံ- Joseph Walshe/SWNS)

လက်ရှိအားဖြင့် ဘာမင်ဂမ်မြို့ လမ်းများပေါ်တွင် အမှိုက်အိတ်များ တန်ချိန် ၂၁,၀၀၀ ခန့် ရှိနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Psycho seagulls and super rats team up to spread disease in Birmingham trash mountains

Photo Credit- Joseph Walshe/SWNS, Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service