အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Apr 2025 10:56 am တွင် တင်ခဲ့သည်
1767 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒက်ရှ်ပြည်နယ်တွင် အသက် ၂၅ နှစ်အရွယ် အမျိုးသားသည် မင်္ဂလာဆောင်မတိုင်မီ ၁၀ ရက်အလို၌ အသက် ၃၈ နှစ်အရွယ်ရှိ ယောက္ခမလောင်းအား ခိုးပြေးသွားသည့်ဖြစ်ရပ်မှာ နာမည်ကြီး ဂယက်ထနေသည်။

မနိုဟာပူရ် ကာယက်စ်သာ (Manoharpur Kayastha) ကျေးရွာနေ ရှီကာသီ အမည်ရှိ မိန်းကလေးသည် ရီယာ့ နာဂလ (Riya Nagla) ကျေးရွာနေ ရာဟူး (Rahu) ဟူသည့် အမျိုးသားနှင့် ဧပြီလ ၁၆ ရက်တွင် လက်ထပ်ရန် စီစဉ်ထားသည်။

ရာဟူးသည် ဥတ္တရခန် ပြည်နယ် ရုဒရာပူရ် (Rudrapur) မြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် Supervisor အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

ဧပြီလ ၆ ရက်တွင် ရာဟူးနှင့် ရှီကာသီ၏ မိခင် အနီတာတို့နှစ်ဦး ပျောက်ကွယ်သွားခဲ့ကြသည်။

၎င်းတို့နှစ်ဦး ခိုးရာလိုက်ပြေးသွားခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားပြီးနောက် သတို့သမီးလောင်းမှာ မယုံနိုင်အောင်ဖြစ်ခဲ့ပြီး တုန်လှုပ်ခြောက်ခြားကာ အိပ်ရာထဲ လဲသွားခဲ့သည်။

ရာဟူးနှင့် အနီတာတို့၏ နှစ်ဘက်မိသားစုများမှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲြ့ပီး လိုက်လံရှာဖွေခဲ့ကြသည်။

အနီတာသည် သမက်လောင်းဖြစ်သူ ရာဟူးကို လွန်ခဲ့သော ၆ လခန့်က မိုဘိုင်းဖုန်းတစ်လုံး လက်ဆောင်ပေးခဲ့ပြီးနောက်ပိုင်း ၎င်းတို့ကြား ဇာတ်လမ်းစခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

သတို့သားလောင်းမှာ သတို့သမီးလောင်း၏ အိမ်သို့ မကြာခဏ ဝင်ထွက်နေခဲ့ပြီး ယောက္ခမလောင်းနှင့် အမြဲအချိန်ကြာရှည် အတူထိုင်ကာ စကားပြောလေ့ရှိခဲ့ကြောင်း၊ သမီး၏ မင်္ဂလာပွဲကိစ္စ ဆွေးနွေးသည်ဟု ထင်ကာ သံသယမရှိခဲ့ကြောင်း အိမ်နီးချင်းများက ပြောသည်။

အနီတာသည် ရာဟူးနှင့် ခိုးရာလိုက်ပြေးရာတွင် သမီးဖြစ်သူ၏ လက်ဝတ်ရတနာများအပြင် မင်္ဂလာပွဲအတွက် စုဆောင်းထားသော ရူပီး ၃၅၀,၀၀၀ ကိုလည်း ယူဆောင်သွားခဲ့သည်။

ရဲအရာရှိ အီဂလာ့စ် မဟေ့ ကူးမားရ်က ပြောသည်မှာ နှစ်ဦးလုံးမှာ အရွယ်ရောက်ပြီးသူများဖြစ်သောကြောင့် ရဲတပ်ဖွဲ့အနေဖြင့် FIR ဖွင့်ပေး၍ မရကြောင်း ပြောသည်။

(မှတ်ချက်။ အိန္ဒိယ၏ ဥပဒေတွင် အရွယ်ရောက်ပြီးသူများကို အတူနေထိုင်ခွင့်ပေးထားရာ ဖိအားပေး ခြိမ်းခြောက်မှု ရှိကြောင်း သက်သေမပြနိုင်ပါက ရဲတပ်ဖွဲ့အနေဖြင့် အရေးမယူနိုင်ချေ။ FIR မှာ ရဲအရေးပိုင်သည့် ပြစ်မှုများဖြစ်သော ပြန်ပေးဆွဲမှု၊ ခိုးမှု၊ လူသတ်မှု အစရှိသော အမှုများကို ပထမသတင်းပေးတိုင်ကြားချက် အနေဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး လူပျောက်တိုင်ကြားခြင်းကဲ့သို့ အမှုမျိုးမှာ မသမာမှု၊ ခြိမ်းခြောက်မှုများ မရှိလျှင် ရဲအရေးမပိုင်သော အမှုဖြစ်သည်။ အကယ်၍ ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်ခြင်း အစရှိသည်တို့ ရှိကြောင်း သံသယရှိလျှင်မူ ပုဒ်မ ၃၆၃ ဖြင့် FIR ဖွင့်နိုင်သည်။ )

“ဒါပေမယ့် မိန်းကလေးဘက်က မိသားစုက …သူဟာ လက်ဝတ်ရတနာတွေနဲ့ ငွေသားတွေကို ယူသွားတယ်လို့ စာရေးသား တိုင်တန်းထားမှု ရှိပါတယ်။” ဟု ရဲအရာရှိ မဟေ့ ကူးမားရ်က ပြောသည်။

“ဒါကြောင့် လူပျောက်တိုင်တန်းမှု မှတ်ပုံတင်ပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မကြာခင်မှာ ရဲတပ်ဖွဲ့အနေနဲ့ ဒီအမျိုးသမီးရှိတဲ့နေရာကို ရှာဖွေနိုင်လိမ့်မှာ ဖြစ်ပါတယ်”

(မှတ်ချက်။ ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေကို လေးစားလိုက်နာသောအားဖြင့် ဥပဒေဘောင်တွင်းမှ ဖြစ်စေရန် လူပျောက်ရှာဖွေမှု ခေါင်းစဉ်အောက်မှတဆင့် ကိုင်တွယ်ရခြင်း ဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ ပျောက်ဆုံးသွားသော ပစ္စည်းများ ပြန်လည်ရရှိရန် ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ အချစ်ရေးနှင့် ပတ်သက်၍မူ ရဲတပ်ဖွဲ့အနေဖြင့် အရေးယူလိမ့်မည် မဟုတ်ချေ။ အကယ်၍ ခိုးမှုဖြစ်ကြောင်း ပေါ်ပေါက်လျှင်မူ ပုဒ်မ ၃၈၁ ဖြင့် FIR ဖွင့်မည် ဖြစ်သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Indian man elopes with would-be mother-in-law days before wedding

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service