ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ခရစ္စတင်း စတီးဝပ် (Kristen Stewart) (မွေး ၁၉၉၀) ၏ အမည်အပြည့်အစုံမှာ ခရစ္စတင်း ဂျေးမက်စ် စတီးဝပ်ဖြစ်ပြီး အမေရိကန်ရုပ်ရှင်မင်းသမီး ဖြစ်သည်။
(ဆက်စပ်သတင်း)
ဆော်ဒီမင်းသားနှင့် စကားပြောပေးရုံဖြင့် တစ်မိနစ်လျှင် ၃၃၃၃၃ ဒေါ်လာ ရခဲ့သူ Twilight သရုပ်ဆောင် ခရစ္စတင်း စတီးဝပ် ပိုင်ဆိုင်ထားသော ကားများ https://www.carsdb.com/my/news/35
ဒိုင်လန်မေယာ (မွေး ၁၉၈၇) သည် အမေရိကန် ဇာတ်ညွှန်းရေးဆရာမ၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်သည်။
XOXO (၂၀၁၆ ခုနှစ်) နှင့် Moxie (၂၀၂၁ ခုနှစ်) ရုပ်ရှင်ဇာတ်ကားများကို ဇာတ်ညွှန်းရေးသားခဲ့သည်။
Twilight ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်သည် ဒိုင်လန် မေယာနှင့် တွဲခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ခရစ္စတင်း စတီးဝပ်၏ လော့စ်အိန်ဂျလိစံအိမ်မှ မိနစ်အနည်းငယ်သာ သွားရသော မက္ကဆီကန် စားသောက်ဆိုင်တစ်ခုတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ်ရှိ ခရစ္စတင်း စတီးဝပ်နှင့် အသက် ၃၇ နှစ်အရွယ် မေယာတို့သည် Casita Del Campo အမည်ရှိ စားသောက်ဆိုင်တွင် လက်ထပ်ခဲ့ကြသည်။
ခရစ္စတင်း စတီးဝပ်၏ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်မှ မော်တော်ကားဖြင့် ၁၀ မိနစ်ခရီးသာ ဝေးကွာသည်။
ခရစ္စတင်း စတီးဝပ်က ထိုစံအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ဝယ်ယူကာ အခြေချနေထိုင်ခဲ့သည်။
TMZ သတင်းဌာန၏ ဖော်ပြချက်အရ ခရစ္စတင်း စတီးဝပ်တို့ စုံတွဲသည် ဧပြီလ ၂၀ ရက်တွင် တရားရုံး၌ လက်ထပ်လက်မှတ် ရယူခဲ့ပြီး မက္ကဆီကန် စားသောက်ဆိုင်သို့ သွားခဲ့ကြသည်ဟု ဆိုသည်။
ခရစ္စတင်း စတီးဝပ်နှင့် မေယာတို့သည် ၂၀၁၉ ခုနှစ်ကတည်းက စတွဲခဲ့ကြပြီး ၂၀၂၁ ခုနှစ်တွင် စေ့စပ်ထားခဲ့ကြကြောင်း TMZ သတင်းဌာနက ဖော်ပြသည်။
(▲ ခရစ္စတင်း စတီးဝပ်နှင့် ဒိုင်လန်မေယာတို့ အကျဉ်းရုံးလက်ထပ်ခဲ့ကြသည်။ ဓာတ်ပုံ-Spillz Dylz/ Instagram)
(▲ ခရစ္စတင်း စတီးဝပ်၏ စံအိမ်တွင် ကျမ်းသစ္စာပြုခဲ့ပြီးနောက် တရားရုံးတွင် လက်ထပ်လက်မှတ် ရယူခဲ့ကြကြောင်း TMZ သတင်းဌာနက ဖော်ပြသည်။ ဓာတ်ပုံ-Spillz Dylz/ Instagram)
(▲ TMZ သတင်းဌာန၏ ဖော်ပြချက်အရ ၎င်းတို့နှစ်ဦး ၂၀၁၉ ခုနှစ်တွင် စတွဲခဲ့ကြသည်ဟု ဆိုသည်။ နေအိမ်တွင် ပြုလုပ်ခဲ့သော ကျမ်းသစ္စာဆိုပွဲသို့ ခရစ္စတင်း စတီးဝပ်၏ မိသားစုနှင့် မိတ်ဆွေရင်းချာများ တက်ရောက်ခဲ့ကြရာ Ashley Benson နှင့် ခင်ပွန်းဖြစ်သူတို့လည်း ပါဝင်သည်ဟု ဆိုသည်။ ဓာတ်ပုံ-Spillz Dylz/ Instagram)
ယခုကဲ့သို့ လက်ထပ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ခရစ္စတင်းစတီးဝပ်တို့စုံတွဲက တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးချေ။
စားသောက်ဆိုင်ကို ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ ခရစ္စတင်း စတီးဝပ်၏ နေအိမ်နှင့် နီးသောကြောင့်ဖြစ်နိုင်သည်။
၎င်းတို့နှစ်ဦးသည် လော့စ်အိန်ဂျလိအိမ်တွင် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း အတူနေထိုင်ခဲ့ကြသည်ဟု ယူဆရသည်။
ခရစ္စတင်း စတီးဝပ်သည် ကမ္ဘာကျော် Twilight ရုပ်ရှင်ဇာတ်လမ်းတွဲတွင် ဘယ်လာဆွမ်း (Bella Swan) အဖြစ် ပါဝင်သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
အောင်မြင်ပြီး ၄ နှစ်အကြာ၊ ၂၀၁၂ ခုနှစ်အတွင်း ယခုစံအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
စံအိမ်၏ လက်ရှိတန်ကြေးမှာ ကန်ဒေါ်လာ ၃ ဒသမ ၇ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။
အကျယ်အဝန်း စတုရန်းပေ ၃၃၆၁ ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်သည်။
ထို့အပြင် အပန်းဖြေစခန်းအသွင် ရေကူးကန်လည်း ပါသည်။
ခရစ္စတင်းစတီးဝပ်သည် ယခင်က မာလီဘူးတွင် စံအိမ်တစ်လုံး ပိုင်ဆိုင်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် မာလီဘူးစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၃ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။
ခရစ္စတင်းစတီးဝပ်သည် နယူးယောက်တွင် ယခုတိုင် Penthouse ခန်းတစ်ခု ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
(▲ TMZ သတင်းဌာနမှ ရရှိထားသော ဓာတ်ပုံများအရ ခရစ္စတင်းစတီးဝပ်သည် မင်္ဂလာပွဲတွင် အညိုရောင် စကတ် ဝတ်ဆင်ထားပြီး မေယာမှာ ဆင်စွယ်ရောင်စကတ်ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ ဓာတ်ပုံ-Spillz Dylz/ Instagram)
(▲ မင်္ဂလာပွဲကျင်းပခဲ့ရာ စားသောက်ဆိုင်မှာ ခရစ္စတင်း စတီးဝပ်၏အိမ်မှ မော်တော်ကားဖြင့် ၁၀ မိနစ်ခရီးသာ ဝေးသည်။ Google Maps)
(▲ ခရစ္စတင်းစတီးဝပ်က မိမိအနေဖြင့် ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းရန် စီစဉ်ထားကြောင်း ၂၀၂၂ ခုနှစ်အတွင်း ပြောကြားခဲ့သော်လည်း မေယာက ဦးစွာ လက်ထပ်ခွင့်တောင်းခဲ့သည်။ ဓာတ်ပုံ-Sara Jaye/ Getty Images)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kristen Stewart Marries Dylan Meyer at a Mexican Restaurant Just Minutes From Their $3.7 Million L.A. Home Photo Credit- Spillz Dylz/ Instagram, Google Maps, Sara Jaye/ Getty Images