ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Jan 2025 11:16 am တွင် တင်ခဲ့သည်
330 ကြိမ် ကြည့်ရှု့ပြီး

(ဖီဂျီနိုင်ငံ ဘယ်နားမှာလဲ)

ဖီဂျီသည် ကျွန်းငယ်ပေါင်း ၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော သမုဒ္ဒရာဇုန်နိုင်ငံငယ်တစ်ခုဖြစ်ပြီး သြစတေးလျ နိုင်ငံ၏ အရှေ့ဘက် အိန္ဒိယသမုဒ္ဒရာအလယ်တွင် တည်ရှိသည်။

အရှေ့စူးစူးတွင် တောင်ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ကျော်၍ သွားမည်ဆိုလျှင် တောင်အမေရိကတိုက်သို့ ရောက်ရှိမည်ဖြစ်ပြီး အရှေ့မြောက်စူးစူးတွင် မြောက်ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်သန်းလိုက်ပါက မြောက်အမေရိကတိုက်သို့ ရောက်မည် ဖြစ်သည်။

တောင်ဘက်စူးစူး အိန္ဒိယသမုဒ္ဒရာထဲတွင် နယူးဇီလန်နိုင်ငံရှိသည်။

(မင်းသားဟယ်ရီတို့ စုံတွဲ အပန်းဖြေခဲ့သောကျွန်း))

ယခုအခါ ဖီဂျီကျွန်းနိုင်ငံတွင် မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်လာရောက် အပန်းဖြေခဲ့ဖူးသော ကျွန်းတစ်ကျွန်းအရောင်းဈေးကွက်ဝင်နေပြီး ကန်ဒေါ်လာ ၇၈ သန်း ဈေးခေါ်ထားသည်။

ရောင်းချမည့် ကျွန်းအမည်မှာ Kaibu ကျွန်းဟု အမည်ရပြီး ဖီဂျီ၏ မြောက်ဘက် Lau ကျွန်းအုပ်စုတွင် တည်ရှိသည်။

Kaibu ကျွန်းသည် Vatuvara Private Islands Resort အမည်ရှိ အပန်းဖြေစခန်း တည်ရှိသည့်နေရာ ဖြစ်သည်။

မင်းသားဟယ်ရီတို့စုံတွဲသည် ၂၀၁၈ ခုနှစ်အတွင်း တော်ဝင် တာဝန်များမှ ခေတ္တအနားယူပြီး ဖီဂျီရှိ ယခုကျွန်းသို့ လာရောက်အပန်းဖြေခဲ့ကြခြင်း ဖြစ်သည်။

ကျွန်းပေါ်ရှိ Vatuvara Private Islands Resort မှာ ဧကပေါင်း ၈၀၀ ကျော် ကျယ်ဝန်းပြီး ပင်လယ်ကမ်းခြေ luxury စံအိမ် ၃ လုံးရှိကာ အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၄၀၀၀ မှ ၇၀၀၀ အထိ အမျိုးမျိုးရှိကြောင်း ကျွန်းကို အရောင်းဈေးကွက်တင်ပေးသည့် Vladi Private Islands နိုင်ငံတကာ အိမ်ခြံမြေကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြသည်။

စံအိမ်တစ်လုံးစီတွင် အိပ်ခန်း ၁ ခန်းစီပါဝင်ပြီး luxury စံအိမ်များတွင် သင်မျှော်လင့်သည့် အရာအားလုံးပါဝင်ရာ အပူပေးစနစ်ပါ infinity pool ၊ သီးသန့် ပင်လယ်ကမ်းခြေ၊ indoor နှင့် outdoor ရေပန်းများအပြင် bure ဟုခေါ်သော ဖီဂျီရိုးရာ cabin တစ်ခုလည်းပါကာ spa အဖြစ် သုံးသည်။

ကျွန်းပေါ်တွင် amenities များအနေဖြင့် ရာသီဥတုအားလုံးသုံးနိုင်သည့် လေယာဉ်ကွင်း၊ ဂေါက်ကွင်းတို့ရှိသည်။

ကျွန်းနှင့်အတူ ရောင်းချမှုတွင် ပါဝင်လာသည်မှာ twin otter လေယာဉ်တစ်စင်း၊ လူသူအလှမ်းဝေးကွာလှသော ဒေသများအတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသော လေယာဉ် တစ်စင်းလည်း ပါဝင်သည်။

အပန်းဖြေစခန်းတွင် ဆိုလာဖြင့် စွမ်းအင်ရယူထားသည်။

ကျွန်းပေါ်ရှိ စံအိမ်များ၏ မြင်ကွင်းများကို အောက်တွင် လေ့လာနိုင်ပါသည်။

(ဓာတ်ပုံ- Vladi Private Islands)

(ဓာတ်ပုံ- Vladi Private Islands)

(ဓာတ်ပုံ- Vladi Private Islands)

(ဓာတ်ပုံ- Vladi Private Islands)

(ဓာတ်ပုံ- Vladi Private Islands)

(ဓာတ်ပုံ- Vladi Private Islands)

(ဓာတ်ပုံ- Vladi Private Islands)

(ဓာတ်ပုံ- Vladi Private Islands)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Fiji private island where Prince Harry and Meghan Markle had secret getaway can now be yours for US$78 million Photo Credit-Vladi Private Islands

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ

American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service