မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
24 Nov 2024 1:09 pm တွင် တင်ခဲ့သည်
729 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဒီအပတ်အတွက်က အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

 

မေးခွန်း (၁) − ခြံစည်းရိုးကာရံခွင့် လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများ ဖော်ပြပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဆိုင်ရာ နည်းဥပဒေ- ၂(ဃ) အရ အဆောက်အအုံ စကားရပ်တွင် အဆောက်အအုံ နံရံ၊ မြေထိန်းနံရံ၊ အကာအရံ၊ ဝင်းတံခါး၊ ခြံစည်းရိုး၊ ဝင်းထရံ၊ ဇာတ်ခုံ၊ တိုင်၊ ကျား ထောက်နှင့် အဆောက်အအုံ၏ အကြမ်းထည်တို့လည်း ပါဝင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။ နည်းဥပဒေ(၃)အရ ခွင့်ပြုချက်ရရှိရန်အတွက် သတ်မှတ်ချက်များနှင့်အညီ စည်ပင်သာယာရေးကော်မတီသို့ တင်ပြရန်လိုပြီး လျှောက်လွှာတွင် လိုအပ်ချက်များရှိပါက (၃)လအတွင်း ဖြည့်စွက် တင်ပြပေးရပါမည်။ ခြံစည်းရိုးကာရံရာတွင် အောက်ပါစာရွက်စာတမ်းများဖြင့် စည်ပင်သာယာရေးကော်မတီထံသို့ တင်ပြလျှောက် ထားရန် လိုပါသည်။ (၁)။ ဌာနမှ သတ်မှတ်လျှောက်လွှာ လျှောက်ရမည်ဖြစ်သည်။

(၂)။ သက်ဆိုင်ရာ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ ဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/မြေရာဇဝင် မူရင်း ထုတ်ယူတင်ပြပေးရမည်။

(၃)။ ဂရန်မိတ္တူနှင့် နယ်နိမိတ်တိုင်းတာ သတ်မှတ်သည့်မြေပုံအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး တင်ပြပေးရန် လိုပါသည်။

(၄)။ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(၅)။ မြေရှင် (ကိုယ်စား) GP (သို့) SP မှ လက်မှတ်ရေးထိုး လျှောက်ထားပါက မြေရှင်သက်ရှိ ထင်ရှားရှိကြောင်း ကိုယ်တိုင်ခံဝန် ကတိပြုခြင်းအပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရပါမည်။

(၆)။ ဘေးမြေကွက်များမှ ကန့်ကွက်ရန် မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် လိုအပ်ပါသည်။

(၇)။ အိမ်ရှင် / အိမ်ငှား အရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပူးတွဲတင်ပြပေးရန် လိုပါသည်။

(၈)။ ဆောက်လုပ်မည့် အဆောက်အအုံပုံစံ (၃)စုံ

(၉)။ ကော်မတီမှ အခါအားလျှော်စွာ သတ်မှတ်ချက်ထုတ်၍ တောင်းဆိုလျှင်ဖြစ်စေ၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ)မှ လိုအပ်၍ တောင်းဆိုလျှင်ဖြစ်စေ၊ တင်ပြရန်ဖြစ်သည့် အခြားစာရွက်စာတမ်းများ ပူးတွဲတင်ပြ လျှောက်ထားရန် လိုကြောင်း ဖြေဆိုပေးလိုက်ပါသည်။

 

မေးခွန်း (၂) − ကန်ထရိုက်တိုက်ဆောက်ပြီးတဲ့အခါ အိမ်ရှင်ဘက်အခြမ်းက (BCC) မလိုပဲ နေလို့ရပါသလား။

ကန်ထရိုက်နှင့် မြေရှင် အဆောက်အအုံသစ် ဆောက်လုပ်ရန် အကျိုးတူစာချုပ် ချုပ်ဆိုကြပြီးပါက စည်ပင် သာယာရေးကော်မတီ ယာ / အုံ ဌာနတွင် ဆောက်လုပ်ခွင့်ပါမစ် လျှောက်ထားခြင်း ဆောင်ရွက်ရမည်ဖြစ်ပါ သည်။

အဆောက်အအုံဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိစေရန်အတွက် ဌာနမှ လျှောက်လွှာအား စီစစ်ပြီးမှ ခွင့်ပြုချက်ထုတ်ပေးမည်ဖြစ်ပါသည်။

အစိမ်းဘုတ်ရရှိမှသာ တရားဝင်အဆောက်အအုံသစ် ဆောက်လုပ်ခွင့်ရှိမည်ဖြစ်ပြီး ဆောက်လုပ်ခွင့် ပါမစ်တင်ရာ၌ - ဆောက်လုပ်ခွင့် ပါမစ်လျှောက်လွှာ၊ ကိုယ်စားလှယ်လွှဲစာ (လိုအပ်လျှင်)၊ လျှောက်ထားသူ၏ ခံဝန်ကတိ၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာမှ လက်မှတ်ရေးထိုးထားသော ခံဝန်ကတိ၊ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ သက်ဆိုင်ရာဌာနမှ (၃)နှစ်အတွင်း ထုတ်ပေးထားသော D/Mapနှင့် ဂရန် (သို့)မြေပိုင်ဆိုင်မှု အထောက်အထား ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၏ အကြံပြုချက်(လိုအပ်လျှင်)၊ အဆိုပြုအဆောက်အဦ၏ ဗိသုကာပုံစံ၊ အဆိုပြုအဆောက်အအုံ ပတ်ဝန်းကျင်၏ လက်ရှိအခြေအနေပြ ဓာတ်ပုံမှတ်တမ်း၊ မီးသတ်ဦးစီးဌာန၏ အကြုံပြုချက် (လိုအပ်လျှင်)၊ သတ်မှတ်ပတ်ဝန်းကျင် (၁၀)အိမ် ထောက်ခံချက် (လိုအပ်လျှင်)တို့ တင်ပြပြီး လျှောက်ထားမှုပြုရပါမည်။ မိမိဆောက်လုပ်မည့် အဆောက်အအုံ၏ အထပ်အမြင့် အရေအတွက်ပေါ်မူတည်ပြီး ဆောက်လုပ်ခွင့်ပါမစ် လျှောက်ထားရာတွင် ကွာခြားချက်များ ရှိပါသည်။

အဆိုပါ ဆောက်လုပ်ခွင့်ပါမစ်၌ လူနေထိုင်ရန်နှင့် လုပ်ငန်းလုပ်ရန် ဟူ၍ ခွဲခြားသတ်မှတ်ထားချက်များရှိပါသည်။‌ သတ်မှတ်ဆောက်လုပ်ရေးကာလအတွင်း ဆောက်လုပ်ခွင့်ပါမစ်နှင့်အညီ ဆောက်လုပ်ပါက အဆောက်အအုံပြီးစီးကြောင်း BCC (Building Complete Certificate) ဆက်လက်လျှောက်ထား ခြင်းပြုနိုင်ကာ ပြည့်စုံမှုရှိက BCC ချထားပေး မည်ဖြစ်ပါသည်။ အဆောက်အအုံပုံစံနှင့် ကွဲလွဲစွာ ဆောက်လုပ်ထားခြင်း ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောက်လုပ်ခြင်း မရှိပါက ဌာနမှ BCC (Building Complete Certificate) ချထားပေးမှာ မဟုတ်ပါဘူး။

BCC (Building Complete Certificate)မှာ တစ်တိုက်လုံးအတွက် ချထားပေးသော အဆောက်အဦး ပြီးစီး ကြောင်း အသိအမှတ်ပြုမှု လက်မှတ်ပင်ဖြစ်ပြီး မြေရှင်ကန်ထရိုက် သဘောတူညီချက် စာချုပ်ပါအတိုင်း ကတိပြုသူမှ လျှောက်ထားရယူပေးရန် လိုအပ်ပြီး BCC မရရှိသော အဆောက်အအုံဖြစ်ပါက နေထိုင်ဝယ်ယူရန် မသင့်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) − မြေငှားစာချုပ် ဂရန်ခွဲလျှောက်ထားခြင်းအကြောင်း ရှင်းပြပေးပါ။

လူနေထိုင်ရန်အတွက်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်ဖြစ်စေ နှစ်(၃၀၊၆၀၊၉၀) ဂရန်မြေများ ချထားသတ်မှတ်ပေးပါသည်။ မြေငှားစာချုပ်အား ဂရန်ခွဲ လျှောက်ထားရာတွင်လဲ မျက်နှာစာ အနည်းဆုံးပေ - ၂၀ ဖြင့် အကျယ်အဝန်း -၁၂၀၀ စတုရန်းပေ ပြည့်မှီရမည်ဖြစ်ပါသည်။ ခွဲစိတ်မည့်မြေနေရာမှာ အဆောက်အအုံနှင့် ကင်းလွတ် ရမည်။ ဂရန်မြေ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ B လ/န ၃(ခ)မြေ၊ B လ/န ၃၉ မြေ၊ ၃(က) ဝန်ခံချက် လက်မှတ်ရရှိပြီးမြေ၊ ၃(ခ)(အိမ်ယာမြေ)တို့အား မြေကွက်ခွဲစိတ်ခြင်း ပြုနိုင်ပါသည်။

ဂရန်ခွဲအတွက် ခွဲစိတ်မြေပုံလျှောက်ထားခြင်းပြုရာတွင် အောက်ပါစာရွက်စာတမ်းများဖြင့် လျှောက်ထားခြင်း ပြုရမည်ဖြစ်ပါသည်။

- မြေငှားဂရန်၊

- မှတ်ပုံတင် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ မူရင်းမိတ္တူ၊

- တရားရုံးမှာ မြေပိုင်ဆိုင်မှုနှင့်ပတ်သတ်ပြီး အမိန့်တစ်ရပ်ရပ်ချမှတ်ပေးထားခြင်းရှိလျှင် မူရင်းမိတ္တူ၊

- လျှောက်ထားသူ၏ မှတ်ပုံတင် မူရင်းမိတ္တူ၊

- နောက်ဆုံးပေးဆောင်ထားသော မြေခွန်ပြေစာမရှိလျှင် မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် မူရင်းမိတ္တူ၊

-မြေတိုင်းတာခြင်း မြေပုံမိတ္တူ (တစ်နှစ်အတွင်း မှန်ကန်ကြောင်း သက်သေခံမြေပုံ)တို့အပြင် လိုင်စင်ရ အင်ဂျင်နီ ယာမှ ရေးဆွဲပေးထားသည့် အသေးစိတ်တွက်ချက်မှု၊ မြေကွက်ခွဲစိတ်အတည်ပြု ပုံစံ- ၃ စုံ အား မြေကွက်ခွဲစိတ် လျှောက်ထားသူမှ လက်မှတ်ရေးထိုးပြီး တင်ပြလျှောက်ထားနိုင်ပါသည်။

တစ်ဦးထဲအမည်ပေါက်မြေအား ခွဲစိတ်ခြင်း၊ နှစ်ဦးအမည်ပေါက် မြေကွက်အား မြေကွက်ပေါင်းစည်းခြင်း တို့လဲ ဆောင်ရွက်နိုင်ပါသည်။ အဝင်အထွက် လမ်းမရှိပါက ကိုယ်ပိုင်လမ်းအသုံးပြုနိုင်ရန် မြေကွက်တွင် ချန်လှပ် ထားပေးရပါမည်။ မြေကွက်ခွဲစိတ်ခြင်းပြုလိုသူသည် မြေကွက်အား မိမိပိုင်ဆိုင်မှုအတွက် သီးခြားသတင်းစာ ကြေငြာခြင်းလဲ ဆောင်ရွက်ရမှာဖြစ်ပါသည်။

အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူပြီးပါက ရာဖြတ်တင်၊ အခွန်ဆောင်၊ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး ခွဲစိတ်မြေပုံကူးယူကာ အင်ဂျင်နီယာမှ ရေးဆွဲပေးထားသည့် အသေးစိတ်တွက်ချက်မှု ပုံစံအား ဌာနမှ အတည်ပြုလက်မှတ် ရေးထိုးပြီးပါက ခွဲစိတ်မြေငှားဂရန် ဆက်လက်လျှောက်ထားခြင်း ပြုနိုင်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service