မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ် - Property Knowledge in Myanmar from iMyanmarHouse.com
3 Aug 2025 1:28 pm တွင် တင်ခဲ့သည်
462 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဘဝရဲ့ကိစ္စတော်တော်များများမှာ အဆင်ပြေဖို့ အရာရာဟာ အိမ်က အစပြုကြတယ်လို့ ဆိုကြပါတယ်။ အပြင်မှာ နိစ္စဓူဝရုန်းကန်လုပ်ရှားပြီး နောက်တစ်နေ့တာအတွက် အနားယူ အင်အားဖြည့်ရတဲ့ နေရာဟာ အိမ်ပါ။ ချစ်ရသူတွေနဲ့အတူ နှလုံးသားတွေနွေးထွေးစွာနဲ့ စိတ်ခွန်အားဖြည့်နိုင်တဲ့ နေရာဟာလည်း အိမ်ကလွဲလို့ တခြားဘယ်နေရာ ရှိပါဦးလိမ့်မလဲ။

ကိုယ့်အတွက် ဒီလိုအရေးပါတဲ့ အိမ်ကလေးကို သန့်ရှင်းသပ်ရပ်ပြီး မြင်လိုက်တာနဲ့ စိတ်ထဲရှင်းသွားအောင် ဘယ်လိုရှင်းလင်း နေရာချကြမလဲ။ အိမ်က နေရာကျယ်ဝန်းနေမှ ရှင်းလင်းအောင်ထားပြီး အလှဆင်လို့ရတာ မဟုတ်ပါဘူး။ အိမ်ကျဥ်းကျဥ်းမှာ ပစ္စည်းတွေကို ကောင်းကောင်းနေရာချ၊ စီမံခန့်ခွဲတတ်ရင်လည်း ရှင်းလင်းပြီး နေချင်စဖွယ် အိမ်လေးဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ ဒါဆိုရင်တော့ အိမ်ကျဥ်းကျဥ်းမှာ စိတ်ရှင်းရှင်းနဲ့ ကြည်လင်ချမ်းမြေ့စွာနေထိုင်နိုင်ဖို့ ပြုလုပ်ရမယ့် အချက်တွေကို ပြောပြသွားပါမယ်နော်။

(၁) မလိုအပ်တာတွေကို သိမ်းမထားပါနဲ့

အိမ်ကို အဓိကရှုပ်နေစေတာ တစ်ချိန်ချိန်မှာအသုံးဝင်မလားဆိုပြီး သိမ်းထားရင်း သံ‌ယောဇဥ်တွယ်နေတဲ့ ပလတ်စတစ်အိတ်တွေ၊ ဘူးခွံပုလင်းခွံတွေ၊ ဂျပ်ဖာ အစရှိတဲ့ ပစ္စည်းတွေပါ။ ဒီပစ္စည်းတွေက နေရာယူတာ ကြောင့် ခြင်းတောင်းကြီးနဲ့တစ်လုံးအပြည့်၊ မီးဖိုချောင်မှာလည်း ဒီပစ္စည်းတွေအပြည့်နဲ့ အိမ်က ဖြစ်သင့်တာထက် ပိုပြီးရှုပ်ပွနေတာပေါ့။ ဒါကြောင့် ဈေးသွားရင်၊ စူပါမားကတ်တွေမှာ ပစ္စည်းဝယ်ရင် တတ်နိုင်သမျှ ပလတ်စတစ်အိတ်တွေ မယူဘူးလို့ ငြင်းပါ။ ထပ်ခါထပ်ခါ ပြန်သုံးလို့ရတဲ့ ဈေးဝယ်အိတ်(Eco Bag) တွေကို သုံးပါ။

 

ဒီလိုလုပ်ခြင်းဖြင့် အိမ်မှာရှုပ်ပွနေမယ့် ပလတ်စတစ်အိတ်တွေ လျော့နည်းသွားမယ့်အပြင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း တစ်ဖက်တစ်လမ်းက အကျိုးပြုပြီးသား ဖြစ်သွားတာပေါ့။ ဘူးခွံ၊ ပုလင်းခွံ တွေကိုလည်း နောင်များအသုံးလိုနေမလားရယ်လို့ မသိမ်းထားဘဲ တစ်ခါတည်းပစ်ထုတ် လိုက်ပါတော့။ ဒီလိုဆိုရင် အမှိုက်တွေနေရာယူနေတာကြောင့် ရှုပ်ပွနေတာတွေ သက်သာသွားမှာဖြစ်လို့ ရှင်းလင်းတဲ့အိမ်ကလေး စပြီးရုပ်လုံးပေါ်လာပြီပေါ့။

(၂) ရေချိုးခန်း၊ အိမ်သာကို ‌သေချာရှင်းလင်းဆေးကြောပါ။

ဧည့်ခန်းကို အလှဆင်ထားတယ်၊ ဘုရားကျောင်းဆောင်မှာ ပန်းတွေဝေနေအောင် ထိုးထားတယ်၊ အိမ်သာထဲ ဝင်တော့ နှာခေါင်းပိတ်ဝင်ရတယ် ဆိုတဲ့ အခြေအနေမျိုး အဖြစ်မခံပါနဲ့။ ရှင်းလင်းတဲ့အိမ်ဆိုတာ လူမြင်သူမြင် နေရာတွေပဲ ကွက်ရှင်းနေရမှာ မဟုတ်ပါဘူး။ အိမ်သာ၊ ရေချိုးခန်း၊ ဘေစင်တို့လိုအိမ်လေး သာယာသန့်ရှင်းရေးအတွက် အရေးပါတဲ့ နေရာတွေကို အနံ့အသက်ကောင်းမွန်ပြီး သန့်ရှင်းပြောင်လက်နေအောင်ထားဖို့ အင်မတန် အရေးကြီးပါတယ်။ အိမ်သာရေချိုးခန်းက ‌ကြွေပြားတွေကို ရေညှိတွေ စွဲမနေအောင် ကြွေပြား ဆေးရည်ကို အသုံးပြုပြီး ပုံမှန်ဆေးကြောပေးပါ။

နေ့တိုင်းမဆေးနိုင်ရင်တောင် တစ်ပတ်မှာ နှစ်ခါ၊ သုံးခါတော့ ဆေးသင့်ပါတယ်။ မုန့်ဖုတ်ဆိုဒါ၊ ကော်‌ဖီအကြမ်းမှုန့်၊ ရှောက်ခွံ၊ သံပုရာခွံတို့လို ကိုယ့်အိမ်မှာရှိပြီးသား ပစ္စည်း လေးတွေသုံးပြီး အနံ့ဆိုးကိုတွေ စုပ်ယူနိုင်ပါတယ်။ အနံ့တွေစုပ်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းလေး တွေကိုလည်း အလွယ်တကူဝယ်လို့ရတာကြောင့် အနံ့ဆိုးကင်းပြီး သန့်ရှင်းပြောင်လက်တဲ့ အိမ်လေးဖြစ်ဖို့ မခဲယဥ်းပါဘူး။

(၃) အဝတ်တွေကို ရှုပ်ပွမနေစေပါနဲ့။

အိမ်တစ်အိမ်၊ အခန်းတစ်ခန်း ရှုပ်ပွနေရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုက ပြန့်ကြဲရှုပ်ပွနေတဲ့ အဝတ်အစား တွေကြောင့်ပါ။ အခန်းတံခါး၊ အိမ်တံခါးကို ဖွင့်ဖွင့်ချင်း ပြန့်ကြဲနေတဲ့ အဝတ်တွေက သင့်ကိုစောင့်ကြိုနေရင် အမောဆို့သွားတယ်မဟုတ်လား။ ဒါကြောင့် အဝတ်ဟောင်းတွေကို အဝတ်ခြင်းထဲရောက်အောင်ထည့်၊ ဝတ်လက်စ အဝတ်တွေကို တို့လို့တွဲလောင်းဖြစ်တာ နည်းနိုင်သမျှ နည်းအောင် သေချာခေါက်သိမ်းထားရင် မျက်စိရှုပ်သက်သာလို့ အိမ်ရှင်းရှင်းလေး ဖြစ်သွားမှာပါ။

တလက်စတည်း အဝတ်တွေဝယ်ရင် ခေတ်ရေစီးကြောင်းနောက်လိုက်ပြီး မြင်မြင်သမျှ ဝယ်နေမယ့်အစား အရည်အသွေးကောင်းပြီး အချိန်အခါမရွေးဝတ်နိုင်မယ့် အဝတ်တွေကို ရွေးဝယ်သင့်ပါတယ်။ ဒီလိုဆိုရင် အိမ်မှာ အဝတ်တွေ ရှုပ်ပွနေမှာကို ကာကွယ်ပြီးသား ဖြစ်တဲ့အပြင် ငွေကိုလည်း ချွေတာနိုင်တာမလို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲနော်။

(၄) ပလတ်စတစ်ပစ္စည်း သုံးတာလျှော့ပါ။

မီးဖိုချောင်သုံး၊ အိမ်သုံးပစ္စည်းတွေကို ဘာပစ္စည်းပဲဖြစ်ဖြစ် အရောင်စုံပလတ်စတစ်ပစ္စည်းတွေချည်းပဲ သုံးနေခြင်းက အိမ်ရဲ့အသွင်အပြင်ကို ပိုပြီးကြည့်ရဆိုးစေပါတယ်။ ပလတ်စတစ်ဘူးခွက်တွေအစား ပြန်လည်အသုံး ပြုလို့ရတဲ့ ဖန်၊ သစ်သား၊ ကြိမ်၊ ဝါး အစရှိတဲ့ သဘာဝပစ္စည်းလေးတွေကို အသုံးခြင်းပြုခြင်းက ကြည့်ရတာ သပ်သပ်ရပ်ရပ်ရှိပြီး ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း ပိုပြီးသင့်တော်တာပေါ့။

ဆပ်ပြာမှုန့်တွေကို ကော်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ မထည့်ဘဲ ဖန်ဘူးလေးနဲ့ထည့်တာ၊ သစ်သားမီးဖို ချောင်သုံး ပစ္စည်းလေးတွေ၊ ပလတ်စတစ်ယပ်တောင်တွေအစား နှီးယပ်တောင်လေးတွေသုံးတာက ပိုပြီး သဘာဝဆန်တဲ့အပြင် အိမ်ကိုလည်း အလှဆင်ပြီးသားဖြစ်သွားစေပါတယ်။

(၅) အရောင်နုလေးတွေသုံးပါ။

လူအများစုက ပစ္စည်းဝယ်ရင် အညစ်အပေခံအောင်ဆိုပြီး အရောင်မှိုင်းရင့်ရင့်တွေ ဝယ်တတ်ကြပါတယ်။ ညစ်ပေမှာမစိုးရိမ်ပါနဲ့။ ပုံမှန်လျှော်ဖွတ်သန့်ရှင်းပေးရင် အရောင်နု တဲ့ ပစ္စည်းတွေလည်း သစ်လွင်နေမှာပေါ့။ လေတိုက်တဲ့အခါ လွင့်နေမယ့် သန့်ရှင်းတဲ့ခန်းစီးစလေးတွေ၊ အရောင်နုနု အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေ၊ တစ်ပတ်နှစ်ခါလျှော်ဖွတ်ထားလို့ မွှေးပျံ့နေတဲ့ မျက်နှာသုတ်ပဝါတွေက အိမ်မှာနေတဲ့သူတွေကို စိတ်ကြည်လင် လန်းဆန်းစေမှာပါ။

“အဟောင်းတွေကို ဖယ်ထုတ်ပစ်လိုက်မှ အကောင်းတွေလာမှာ” လို့ပြောတာ ပြောတတ်ကြပါတယ်။ ကိုယ့်ရဲ့အိမ်လေး ရှင်းလင်းသပ်ရပ်နေမှ နေရထိုင်ရတာ စိတ်လက်ကြည်လင်နေပြီး လုပ်သမျှအရာရာ အဆင်ပြေနေမှာပါ။ ဒါကြောင့် အိမ်ကျဥ်းသည်ဖြစ်စေ၊ ကျယ်သည်ဖြစ်စေ နေရာတကျနဲ့ ရှင်းလင်း သပ်ရပ်နေဖို့ မလိုအပ်တာတွေကို ပစ်ထုတ်၊ သန့်ရှင်းပြောင်လက်ပြီး အနံ့အသက်ကောင်းမွန်နေအောင်ထားပြီး အဟောင်းတွေကို ကောင်းမွန်ခြင်းတွေနဲ့ အစားထိုးလိုက်ပါ။ ဒါဆိုရင် အိမ်ကျဥ်းကျဥ်းမှာ စိတ်ရှင်းရှင်းနဲ့ ကြည်လင်ချမ်းမြေ့စွာ နေထိုင်နိုင်ပြီပေါ့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service