လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jul 2025 10:21 am တွင် တင်ခဲ့သည်
460 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေတို့ကို ဆိုလိုပြီး ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့်မြေ၊ မြေနုကျွန်း စိုက်ပျိုးမြေများမှာလဲ ထိုလယ်ယာမြေအုပ်စုထဲ ပါဝင်ပါသည်။

လယ်ယာမြေအား မူလစိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်သူ၊ လယ်ယာမြေ တည်ရှိရာ အရပ်ဒေသတွင် အခြေ တကျနေထိုင်သူ၊ (၁၈)နှစ် ပြည့်ပြီးသူ၊ နိုင်ငံသား၊ လယ်ယာမြေအား အမှန်တကယ်လုပ်ကိုင်လိုသော ကုမ္ပဏီအဖွဲ့ အစည်း၊ အစိုးရဌာနတစ်ခုခုမှ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် ပုံစံ(၁) ဖြင့် လျှောက်ထားလာပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ -(၇) ထုတ်ပေးနိုင်ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်အား ငြင်းပယ်ခြင်း ခံရသူအား ဌာနမှ ပုံစံ - ၈ ဖြင့် အကြောင်းကြားစာ ထုတ်ပေးပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားသူအား ကန့်ကွက်လိုလျှင်လဲ ပုံစံ-၂ ဖြင့် ကန့်ကွက်ခြင်းပြုနိုင်ပါသည်။

ပုံစံ-(၇) အမည်ပေါက်ရရှိသူသည် သတ်မှတ်မြေခွန်အား ထမ်းဆောင်ရမည်။ လယ်ယာမြေအား တဆင့်ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ ဆောင်ရွက်သည့်အခါ အမည် ပေါက်ပြောင်းရန်အတွက် ပုံစံ - ၉ ဖြင့် လျှောက်ထားရပါမည်။

တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကိုလဲ ထမ်းဆောင်နိုင်ရပါမည်။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေအား ပေါင်နှံမှုပြုလိုလျှင် အစိုးရ အသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံမှုပြုနိုင်ပါသည်။

အမွေဆက်ခံမှုဖြင့် အမည်ပြောင်း လျှောက်ထားလိုလျှင်လဲ ဌာနမှသတ်မှတ်သည့် ပုံစံ - ၉ ဖြင့်ပင် လျှောက်ထားရမည်ဖြစ်ပါသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းအား လယ်ယာမြေအဖြစ် ပြောင်းလဲခွင့်ပြုရန် လျှောက်ထားသည့်အခါ ခွင့်ပြုပါက ဌာနမှ ပုံစံ - ၅ ဖြင့် မှတ်တမ်းတင်ပြီး ပုံစံ - ၇ ထုတ်ပေးနိုင်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ပတ်သတ်၍ဖြစ်စေ၊ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အမွေဆက်ခံခွင့်အရ ဖြစ်စေ၊လယ်နီးနားစပ် ကန်သင်းတင် အငြင်းပွားမှုများ ပေါ်ပေါက်၍ဖြစ်စေ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုတွင် မူလမူခင်းဖွင့်လှစ်ကာ တိုင်ကြားနိုင်ပါသည်။ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေအား ချန်လှပ်ထားခွင့်မရှိ‌သောကြောင့် အငြင်းပွှားမှု ဖြစ်ပေါ်စဉ်တွင်လဲ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မှ ညွှန်ကြားသည့်သူမှ ယာယီဆက်လက် စိုက်ပျိုးနေရမည်ဖြစ်ပါသည်။

သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ - ၆(က)နှင့်အညီ မူလတိုင်ကြားချက်အား စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး (၁၅) ရက်အတွင်း ဆုံးဖြတ်မှုတစ်ရပ် ချမှတ်ပေးမည်ဖြစ်ပါ သည်။ ပုဒ်မ - ၂၂ အရ ချမှတ်သော အမိန့်တစ်ရပ်ကို မကျေနပ်သူမှာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ရက်ပေါင်း - (၃၀) အတွင်း အယူခံဝင်ရောက်နိုင်သလို ဌာနမှ ကွင်းဆင်းစစ်ဆေးခြင်းလဲ ဆောင်ရွက်ပါသည်။ ထိုမှတဆင့် ခရိုင်လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီး / ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထိ အယူခံဝင်ရောက်နိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြ ရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service