အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jul 2025 11:51 am တွင် တင်ခဲ့သည်
386 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဒီအပတ်အတွက်က အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

မေးခွန်း(၁) - နယ်မြို့လေးမှာ အိမ်ဆောက်ပြီး နေထိုင်ဖို့ မြေကွက်ဝယ်မယ်ဆိုရင် ဘာတွေသတိထားသင့်ပါသလဲ။

နယ်မြို့များရှိ အိမ်ခြံမြေများအားလဲ မြေယာစီမံခန့်ခွဲမှုများ ဥပဒေနှင့်အညီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြေယာဌာနမှ စီမံခန့်ခွဲလျက်ရှိပါသည်။ ယခင်ဘဏ္ဏာတော်မင်းကြီး၏ လုပ်ပိုင်ခွင့်ကို ညွှန်ကြားရေး မှုးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း၊ တိုင်းမင်းကြီး၏ လုပ်ပိုင်ခွင့်များကို ဒုတိယညွှန် ကြားရေးမှုးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား လည်းကောင်း၊ ကော်လိတ္တော် အရာရှိ/ခရိုင်ဝန်၏ လုပ်ပိုင်ခွင့်များကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအား လည်း ကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ့်၊ ပလောင်နှင့် ကိုးကန့်ဒေသများတွင် ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ယင်းဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးမှူး(ညွှန်ကြားရေး မှူး)အားလည်းကောင်း လုပ်ပိုင်ခွင့်အပ်နှင်းထားပါသည်။

အထက်ဖော်ပြပါ ဌာနမှပင် နယ်မြို့များ၏ မြေငှားလိုင်စင်များ ထုတ်ပေးခြင်း၊ မြေငှားဂရန်များ နှစ်တို နှစ်ရှည်-၁၀နှစ်၊ ၃၀နှစ် မြေငှားဂရန်များနှင့် စက်မှုစီးပွှားမြေငှားဂရန်များ ထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးပါ သည်။ ရန်ကုန်မြို့နယ်အတွင်း စည်ပင်သာယာရေးပိုင် မြေအမျိုးအစားတစ်ရပ်ရပ်ကို ဝယ်ယူသကဲ့သို့ပင် နယ်မြို့ ရှိ မြေကွက်များအား ဝယ်ယူလျှင်လဲ မြေယာမှတ်တမ်းများ၊ မြေရာဇဝင်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး နှင့် မြေစာရင်းဌာနရုံးတို့တွင် စုံစမ်းရပါမည်။

မိမိဝယ်ယူလိုသော မြေကွက်မှာ စိုက်ပျိုးမြေ လယ်ယာမြေအမျိုးအစားနှင့် လွတ်ကင်းမှုရှိမရှိ အရင်စုံစမ်းပါ။ လမ်းမြေနှင့် စပ်ဆက်လျက်ရှိသော မြေကွက်ဖြစ်လျှင် ဘေးလမ်းမြေ၊ ရှေ့မျက်နှာလမ်းမြေနှင့် လွတ် ကင်းမှုရှိမရှိ မြေစာရင်းပုံစံဖြင့် တိုက်ဆိုင်စစ်ဆေးလျှင် သိရှိနိုင်ပါသည်။ နယ်မြို့များရှိ ဂရန်မြေအား ဝယ်ယူလျှင် မြေငှားဂရန်သက်တမ်း ကျန်မကျန်စစ်ဆေးဖို့လဲမမေ့ပါနှင့် ဂရန်မြေဖြစ်လျှင် အရောင်းမြေပုံလဲ မြေကွက် ရောင်းချသူအား မြေစာရင်းရုံးတွင် ထုတ်ယူစေပါ။

မြေငှားဂရန်မှာ အမည်ပေါက်ကိုယ်တိုင်နှင့် အမွေဆက်ခံသူများကသာ သက်တမ်းတိုး လျှောက်ထား ဆောင်ရွက်ခွင့်ရှိပါသည်။ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားများနှင့် လွတ်ကင်းမှုရှိ မရှိမှာလဲ သက်ဆိုင်ရာ မြေယာမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးမှသာ သိရှိနိုင်မည်ဖြစ်ပါသည်။ ရွာမြေအား ဝယ်ယူခြင်းဖြစ်ပါကလဲ ရွာမြေအဝိုင်းအဝန်းမှတ်တမ်းမှာ မြေစာရင်းရုံးတွင်ရှိပြီး စစ်ဆေးနိုင်ပါသည်။ ရွာမြေမှာ လယ်ယာမြေ များနှင့် တစပ်တည်းရှိသောကြောင့် ရွာမြေနှင့် နီးစပ်ရုံဖြင့် ရွာမြေဟု သတ်မှတ်မရပါ။

အမည်ပေါက်ကိုယ်တိုင်မှ ရောင်းချခြင်းမဟုတ်ပါက အမွေဆက်ခံသူများအားလုံး၏ သဘောတူညီမှုရှိမ ရှိလဲ မေးမြန်းစုံစမ်းရန် လိုပါသေးသည်။ နယ်မြို့မြေများ အရောင်းအဝယ်ပြုရာတွင်လဲ အရှုပ်အရှင်းကင်းမကင်း စုံစမ်းကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုနိုင်လျှင် ပိုမိုအဆင်ပြေ စေပါသည်။ နယ်မြို့ရှိမြေကွက်များအားလဲ အောက်ပါဥပဒေ၊ အမိန့်၊ ဆင့်ဆိုချက်များဖြင့် စီမံခန့်ခွဲအုပ်ချုပ်လျက်ရှိပါသည်။

- ၁၈၇၆ ခုနှစ်၊ မြေနှင့် အခွန်အက်ဥပဒေ၊ နည်းဥပဒေ၊အမိန့် ဆင့်ဆိုချက်များ၊

- ၁၈၈၉ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ဆင့်ဆိုချက်များ၊

- ၁၈၉၄ခုနှစ်၊ မြေသိမ်းအက်ဥပဒေနှင့် နည်းဥပဒေများ၊

- ၁၈၉၈ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ဆင့်ဆိုချက် များ၊

- ၁၈၉၅ခုနှစ်၊ အစိုးရမြေယာချထားရေး အက်ဥပဒေ၊

- ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်း များဖြင့် ကျင့်သုံးလိုက်နာဆောင်ရွက်လျက်ရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း(၂) - အိမ်ထောင်ကွဲကြပြီးတဲ့နောက် လင်နဲ့မယား လက်ထပ်ပွါးပစ္စည်းများအားခွဲယူကြသည့်အခါ အသက်မပြည့် သည့်သားသမီးတို့က ရပိုင်ခွင့်တောင်းဆို၍ရပါသလား။

တရားရုံးများတွင် ကွာလိုမှုဖြင့် တရားမမှုဖွင့်လှစ် တရားဆိုသည့်အခါ ကွာလိုမှုနှင့်အတူ ပစ္စည်းခွဲဝေလို မှုပါ ထည့်သွင်းတရားစွဲဆိုမှုပြုရပါသည်။

လက်ထပ်ပွှားပစ္စည်းတွင်လဲ လင်မယားနှစ်ဦးအနက် တစ်ဦး၏ ရှာဖွေမှုဖြင့် ရရှိလာသော သာမာန် လက်ထပ်ပွှားပစ္စည်းနှင့် အမွေရလက်ထပ်ပွှားပစ္စည်းဟူ၍ ခွဲခြားနိုင်ပါသေးသည်။ နှစ်ဦးကြိုးစားမှုဖြင့် ဖြစ်ထွန်းလာသော ပစ္စည်းဖြစ်ပါက နှစ်ပါးစုံပစ္စည်းဟု ခေါ်ဆိုနိုင်ပါသည်။

လင်မယားနှစ်ဦး ကွာရှင်းကြလျှင် ပစ္စည်းခွဲဝေခြင်းနှင့်အတူ အသက်မပြည့်သေးသူ သားသမီးများ အုပ် ထိန်းခွင့် ရရှိရေးမှာလဲ ပေါ်ပေါက်လာသော ပြသနာတစ်ရပ်ဖြစ်ပါသည်။ အမိအဖ နှစ်ဦးအနက် မည်သူ၏ အုပ်ထိန်းမှုအောက်တွင် ရှိနေလျှင် သားသမီးများ ပိုမိုသင့်တော်သည်ဟု တရားရုံးမှ ကလေးများအခွင့်အရေး အတွက် အဆုံးအဖြတ်ပြုခြင်းဖြစ်ပါသည်။ ကလေးမှာ ငယ်ရွယ်နုငယ်သေးလျှင် မိခင်နှင့် အတူနေထိုင်မှ သင့် တော်မည်ဖြစ်ပါသည်။ သားသမီးများမှ ဖခင်မှ အုပ်ထိန်းခွင့်ရရှိ၍ လိုက်နေသည့်အခါ မိခင်ထံမှ ပုံမှန်အားဖြင့် အမွေဆက်ခံခွင့်ရရှိမည်မဟုတ်သော်လည်း အတူမနေသည့် မိခင်အပေါ်တွင် သားသမီးသဖွယ် ပြောဆိုဆက် ဆံမှု ရှိနေလျှင်ပင် အတူမနေမိဘထံမှ အမွေဆက်ခံခွင့်လဲ မဆုံးရှုံးပါ။

ကွာရှင်းပြီးနောက် မိခင်ဖြစ်သူနှင့် ကလေးမှာ အတူနေလျှင်လဲ မိခင်မှ ကလေးစရိတ်နှင့်အတူ ပညာရေး စရိတ်တောင်းခံခြင်း၊ ကလေးစရိတ်အတွက် တရားစွဲဆိုခြင်းပြုနိုင်ပါသည်။ ထို့ကြောင့် အမိအဖကွာရှင်းသည့် အခါ အသက်မပြည့်သေး သော ကလေးများမှာလဲ ဥပဒေအရ အခွင့်အရေးရရှိပါသည်။

ဖခင်သည် ကလေးအတွက် အထောက်အပံ့ လိုအပ်သည့်အခါ ဖခင်၏ အလုပ်အကိုင်၊ ပိုင်ဆိုင်မှုပေါ်မူတည်၍ ကလေးစရိတ်အား ပေးရပါသည်။ ၁၉၇၀ခုနှစ်၊ ဦးဟန်တင်နှင့် ဒေါ်ခင်မိမိ စီရင်ထုံးတွင် ကလေးမှာ (၂၀)ရှိနှင့်သော်လည်း ပညာသင်စရိတ်တောင်းခံပြီး တရားရုံးမှ ဖခင်မှ ထောက်ပံ့ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်ကို တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် သားသမီးများမှာ အသက်မပြည့်သော်လည်း အမွေဆက်ခံခွင့်အရ အတူနေမိဘထံတွင် လည်းကောင်း ၊ သားသမီးဝတ္တရားအတိုင်း တရားဝင်ကျေပွန်သော သား/သမီးဖြစ်ပါက အတူမနေသော မိဘထံမှလည်းကောင်း အမွေဆက်ခံခွင့်ရှိကြောင်းနှင့် ကလေးစရိတ် တောင်းခံနိုင်သည့် အခွင့်အရေးလဲရှိ ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

မေးခွန်း(၃) - ကန်ထရိုက်နဲ့ဆောက်ထားတဲ့ အဆောက်အဦးမှာ မြေရှင်အနေနဲ့ ကိုယ့်မြေကို(အဆောက်အဦးမပါ) ပြန်ရောင်းလို့ရနိုင်ပါသလား။

အပျောက်စနစ်ဖြင့် ရောင်းချထားသော အခန်းများမှာ မြေပိုင်ဆိုင်မှုမပါ နေထိုင်ပိုင်ဆိုင်ခွင့်အတွက် ရောင်းချသည်ဆိုသော်လည်း တိုက်ခန်းဝယ်ယူနေထိုင်သူများမှာ လွတ်လပ်စွာနေထိုင်ခွင့်နှင့် အမွေဆက်ခံခွင့် ပေးအပ်နိုင်သော အခွင့်အရေးများရှိပါသည်။

မြေတွင် လက်ရှိ ကန်ထရိုက်တိုက် အဆောက်အဦးရှိနှင့် နေသည့်အခါ မြေကွက်သီးသန့်အား ရောင်းချ ခြင်း မပြုနိုင်ပါ။ မူလတိုက်ခန်း ဝယ်ယူနေထိုင်သူများ၏ အခွင့်အရေးအား ပိတ်ပင်ကာ မြေကွက်အား အခြားသူ တစ်ဦး တစ်ယောက်ထံ လွှဲပြောင်းရောင်းချခွင့်မရှိပါ။ အဆောက်အအုံအတွက် စည်ပင်သာယာရေး ကော်မတီမှ အဆောက်အအုံ ပြီးစီးကြောင်း အသိအမှတ်ပြု (BCC) ချပေးစဉ်ကလဲ (__)ထပ်တိုက် အဆောက်အအုံဟုပါ ထည့်သွင်းဖော်ပြကာ အသိအမှတ်ပြုစာ ထုတ်ပေးထားခြင်းဖြစ်ပါသည်။ အဆောက်အအုံရှိနှင့် နေသော မြေကွက်အား မြေကွက်သီးသန့် ဝယ်ယူရန် အဆင်မပြေပါ။ အဆိုပါ မြေကွက်ပေါ်ရှိ အခန်းတစ်ခန်းပါ ပူးတွဲဝယ်ယူမှ အဆင်ပြေမည်ဖြစ်ပါသည်။

ကန်ထရိုက်အဆောက်အဦးရှိနှင့်နေသော မြေကွက်များအား ဂရန်အမည်ပြောင်း လျှောက်ထားသည့် အခါတွင်လဲ ရာဖြတ်တန်ဖိုးစီစစ်ရေးအဖွဲ့မှ မြေကွက်ပေါ်ရှိ အတူနေအခန်းများပါ ဂရန်အမည်ပြောင်း လျှောက် ထားခြင်းကို သိမသိ လက်မှတ်ရေးထိုး စေခိုင်းခြင်းများရှိပါသည်။

အဆောက်အအုံအား ကွင်းဆင်းစစ်ဆေးသည့်အခါတွင်လဲ ဌာနမှ ကြည့်ရှုပါသည်။ မြေကွက်အား ဝယ်ယူသူမှာ မြေကွက်အမည်ပြောင်း ဆောင်ရွက်သည့်အခါ မြေကွက်ရာဖြတ်နှုန်းနှင့်အတူ မိမိပိုင်ဆိုင်သည့် အခန်းအတွက်လဲ ရာဖြတ်တန်ဖိုးတွက်သင့်၍ အခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service