အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ - Property Knowledge in Myanmar from iMyanmarHouse.com
3 Aug 2025 1:17 pm တွင် တင်ခဲ့သည်
487 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

 

⚖️ မေးခွန်း(၁) - တိုက်ခန်း ဝယ်ယူစဉ်က မြေရှင် လက်မှတ်ထိုးခကိုပါ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသင့်ပါသလား။

တိုက်ခန်းများ အရောင်းအဝယ်ပြုရာတွင် ရောင်းသူ၊ ဝယ်သူ အသိသက်သေ(၂)ဦးပါဝင်၍ လက်မှတ်ရေးထိုးကာ ပစ္စည်းအား လွှဲပြောင်းပေးအပ်ခြင်းပင် ဖြစ်ပါသည်။ အရောင်းအဝယ်အား အရပ်ကတိစာချုပ် ချုပ်ဆိုခြင်းပင်ဖြစ်ပြီး သတ်မှတ် စာချုပ်ခေါင်းပြည့်မှီလျှင် သဘောတူကတိပြုချက် မြောက်ပါသည်။

မြေရှင်၊ ကန်ထရိုက် အကျိုးတူ သဘောတူကတိစာချုပ်အရ ဆောက်လုပ်ထားသော တိုက်ခန်းဖြစ်ပါက အခန်းခွဲ ဝေမှုအား တိကျစွာမေးမြန်း၊ စာချုပ်စာတမ်းများ တောင်းယူကြည့်ရှုပါ။ ကန်ထရိုက်ဘက်မှ ရောင်းချသော အခန်းများမှာလဲ မြေရှင်အသိအမှတ်ပြုလက်မှတ်ရေးထိုးရန် လိုပါသည်။ အစိုးရအသိအမှတ်ပြု မြေငှားဂရန်၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင် မြေ အမည်ပေါက်မှာ မြေရှင်ဖြစ်ပြီး ၎င်းမှ မြေငှားခနှင့် သက်ဆိုင်သည့် မြေခွန်အရပ်ရပ်အား ထမ်းဆောင်နေသူ ဖြစ်ပါ သည်။ အခန်းများအား အဆင့်ဆင့်လွှဲပြောင်းရောင်းချသည့်အခါတိုင်း မြေရှင်အသိအမှတ်ပြုလက်မှတ် ရေးထိုးကြသည် မှာ အလေ့အထသဘောပင်ဖြစ်နေပြီဖြစ်ပါသည်။

မြေရှင်မှလဲ ၎င်းပိုင်ဆိုင်သည့်မြေပေါ်တွင် တိုက်ခန်းများ အပျောက်စနစ်ဖြင့် ရောင်းချခြင်းအား ခွင့်ပြုထားခြင်း ပင်ဖြစ်ပါသည်။ တိုက်ခန်းနေထိုင် ပိုင်ဆိုင်သူများ၏ အမွေဆက်ခံခွင့်နှင့် တိုက်ခန်းအား တဆင့်လွှဲပြောင်းရောင်းချခြင်း ကိုလဲ မြေရှင်မှာ ကန်ထရိုက်နှင့် အကျိုးတူစာချုပ်ချုပ်စဉ်ကတည်းက ခွင့်ပြုထားပြီးဖြစ်ပါသည်။ မြေရှင်အသိအမှတ်ပြုမှု လက်မှတ်ရေးထိုးရာတွင် ဝန်ဆောင်မှုနှုန်းထား သတ်မှတ်ပေးအပ်ခြင်းမှာတော့ တိုက်ခန်းရောင်းသူ၊ဝယ်သူ နှစ်ဦးအရောင်း အဝယ်မပြုမီ ဆွေးနွေးရမည့်အချက်တစ်ချက်ဖြစ်ပါသည်။ အသိအမှတ်ပြု လက်မှတ်ရေးထိုးခမှာ သဘောတူသတ်မှတ်ချက်အတိုင်း ညှီနှိုင်းဆောင်ရွက်နိုင်သည့် တန်ဖိုး တစ်ရပ်ဖြစ်ကာ စာချုပ်ထဲလဲ ထည့်သွင်းချုပ်ဆိုလိုက ချုပ်ဆိုနိုင်ပါသည်။

ဝယ်ယူသူအတွက် စေ့စပ်သေချာသော အရောင်းအဝယ်ဖြစ် စေရန် မြေရှင်အသိအမှတ်ပြုလက်မှတ် ရေးထိုးစေခြင်းက ပိုကောင်းပါသည်။ မြေရှင်မှာ အခန်း(၁) ခန်းအား ဝယ်ယူသူအနေဖြင့် (၂)ဦးအား အသိအမှတ်ပြုမှု လက်မှတ်ရေးထိုးစေလိုလျှင် ငြင်းဆိုမည်ဖြစ်ပါသည်။ ၎င်းပိုင်ဆိုင်သော မြေပေါ်တွင် လက်ဝယ်တိုက်ခန်းပိုင်ဆိုင်သူမှာ မည်သူဖြစ်သည်ကို ၎င်းမှ သိရှိပြီး လိမ်လည်ရောင်းချ မှုများတွင် ၎င်းအမှုတွဲထဲ အပါဝင်ခံမည်မဟုတ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

⚖️ မေးခွန်း(၂) - မိဘအမည်ပေါက်နဲ့ လယ်ယာမြေတွေကို အမွေခွဲပြီးဖြစ်လို့ ပုံစံ(၇) ဘယ်လိုလျှောက်ရမလဲ။အကိုကြီးက အဲဒီလယ် မြေကသူ့နာမည်နဲ့ ပေါက်နေလို့ အမွေနဲ့မဆိုင်ဘူးဆိုပြီး အမွေပုံပစ္စည်းထဲမှာ ထည့်မပေးပါ။ ကျန်တဲ့မောင်နှမတွေ နစ်နာမှုရှိနေတဲ့အတွက် ဘယ်လိုဆက်လုပ်ရမလဲ။

လယ်ယာမြေအား အမွေခွဲဝေမှုဆောင်ရွက်ကြလျှင် လယ်ယာမြေနည်းဥပဒေပုဒ်မ-(၂၉)ပါအတိုင်း လိုက်နာ‌ဆောင် ရွက်ရန်လိုပါသည်။ လယ်ယာမြေနည်းဥပဒေပုဒ်မ-(၂၉)တွင် အမွေဆက်ခံသူသည် အမွေဆက်ခံခွင့်ရှိကြောင်း အထောက် အထားများနှင့် လယ်ယာမြေပုံစံ(၇)မူရင်းအား ပူးတွဲကာ ကျေးရွာ/ရပ်ကွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြား ချက်ဖြင့် မြို့နယ်ဦးစီးဌာနသို့ လျှောက်ထားရပါမည်။ ပုံစံ-(၉) လျှောက်လွှာအား လျှောက်ထားသူမှ လက်မှတ်ရေးထိုးကာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်အား အမည်ပြောင်း လျှောက်ထားရမည်ဖြစ်ပါသည်။

လယ်ယာမြေအမည်ပြောင်း လျှောက်လွှာအား ဌာနမှ လုပ်ငန်းစာတွဲဖွင့်လှစ်ကာ (၁၅)ရက်အတွင်း ကန့်ကွက်ရှိမရှိ နည်းဥပဒေပုဒ်မ-၃၀(က)အရ ပုံစံ-(၂-က)ဖြင့် ကြေညာမည်ဖြစ်ပါသည်။ကြေညာစာအား ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် ကပ်ကာ ကန့်ကွက်ရှိမရှိ (၃၀)အတွင်းကြေညာမည်ဖြစ်ပါသည်။ ကန့်ကွက်မှုရှိလာလျှင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကန့်ကွက်ခြင်းဟုတ်မဟုတ် စီစစ်မည်ဖြစ်ပါသည်။ ထို့‌နောက် မြို့နယ်ဦးစီးဌာနမှ လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲခြင်းကို ခွင့်ပြုကြောင်း၊ ငြင်းပယ်ကြောင်း အဆုံးအဖြတ်ပြုကာ လျှောက်ထားသူအား ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ပါသည်။ အမွေကိစ္စအတွက် ကန့်ကွက်ခြင်းဖြစ်လျှင် အမှုတွဲအား ဌာနမှ ရပ်ဆိုင်းထားမည်ဖြစ်ပါသည် ။

အကိုဖြစ်သူမှ အမွေပုံပစ္စည်းအား ရယူထားလျှင် အမွေပုံစီမံခန့်ခွဲပေးစေလိုမှု တရားစွဲဆိုရမည်ဖြစ်ပြီး လယ်ယာ မြေအတွက် ကန့်ကွက်ချက်တင်ပြနိုင်အတွက် ပထမဦးစွာ ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် တိုင်ပင် ဆွေးနွေးသင့်ပါသည်။ မူလ အကိုဖြစ်သူနာမည်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်အသိအမှတ်ပြုလက်မှတ် လျှောက်ထားစဉ် ကလဲ ပုံစံ-(၇) မထွက်ရှိရန် ကန့်ကွက်မှုပြုသင့်ပါသည်။ အမွေမှုတရားစွဲဆိုလျှင်‌တော့ မောင်နှမအားလုံး တစ်ဦးမကျန် အမှု၌ ထည့်သွင်းကာ တရားစွဲဆိုမှု ပြုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️ မေးခွန်း(၃) - ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြားလူတဦးကို အခမဲ့ နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ။ တချို့သူတွေက ကာလရှည် ငှားရမ်းထားတာ ၁၂ နှစ်ကျော်ရင် ဖယ်ရှားလို့ မရတော့ဘူးပြောလို့ ဥပဒေအရ ရှင်းလင်းစွာသိပါရစေ။

ခွင့်ပြုချက်ဖြင့် နေထိုင်သူမှာ နှစ်ကာလကြာမြင့်စွာ နေထိုင်သူဖြစ်ပါကလဲ ပိုင်ရှင်အား ဆန့်ကျင်လက်ရှိ နေထိုင်ရာ မရောက်ပါဘူး အိမ်ပိုင်ဆိုင်ခွင့်အား ရရှိနိုင်သည့် အခွင့်အရေးလဲ မရှိပါဘူး။ ခွင့်ပြုချက်ဖြင့် ထားသူကို နှင်လိုရင် ကာလစည်းကမ်းသတ် (၆)နှစ်အအတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။ ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ -၁၂၀အရ ခွင့်ပြုချက်ပြန်လည်ရုတ်သိမ်းပြီး ဖယ်ရှားရန် သတ်မှတ်သည့်ရက်မှ (၆)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ဖြင့်ထားသူကို အချိန်မရွှေးဖယ်ရှားမှု ပြုနိုင်ပြီး ခုခံပြောဆိုပါက ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအရ သတ်မှတ်ချက် များနှင့်အညီ နို့တစ်စာပေးပို့၍ ဖယ်ရှားမှု ဆက်လက်ပြုရပါမည်။

နို့တစ်စာတွင် ခွင့်ပြုချက်ဖြင့် နေထိုင်မှုအား ရုတ်သိမ်းကြောင်း၊ ခွင့်ပြုချက် ကုန်ဆုံးသည့်နေ့ရက်၊ မည်သည့် နေ့ရက် လက်ရောက် ပေးအပ်ရမည်ဆိုသော အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တရားစွဲဆို ဖယ်ရှားမည့် အကြောင်းများ ပါဝင်ရပါမည်။ ၁၉၆၀ခုနှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၁၃(၁)အရ အခွင့်အမိန့်အရ နေထိုင်သူမှာ အိမ်ငှားဖြစ်သွားသည်နှင့် တပြိုက်နက် အခွင့်အမိန့်အရ နေထိုင်သူ မဟုတ်တော့ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် နေထိုင်သူမှာ ခွင့်ပြုချက်ဖြင့်ထားသော်လည်း နောက်ပိုင်းငှားရမ်းခပေးချေပါက အိမ်ငှားအဖြစ် ရောက်ရှိသွားမည်ဖြစ်ကာ အိမ်ငှားအား နှင်လိုမှုအတိုင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။

ခွင့်ပြု ချက်ကိုမရုတ်သိမ်းပဲ တရားစွဲဆိုခွင့် မရှိပါ။ တစ်ဦးထက် ပိုသူများကို ခွင့်ပြုချက်ဖြင့် ထားပါကလဲ အားလုံး ထံ ပြန်လည်ရုတ်သိမ်းကြောင်း နို့တစ်စာပေးပို့၍ တရားစွဲဆိုရမှာ ဖြစ်ပါတယ်။ ဖယ်ရှားထွက်ခွာခြင်းမပြုပါက ခွင့်ပြု ချက်ဖြင့် အခမဲ့ထားသူ အိမ်ရှင်ကိုယ်တိုင်မှ သီးခြားသက်သာခွင့်(၈)အရ ပစ္စည်းအား လက်ရောက်ရလိုကြောင်း တရား စွဲဆိုရမည်ဖြစ်ပါသည်။ (ဒေါ်ရှုတင်ပါ-၂နှင့် ဦးမောင်ဆင့် ၁၉၉၁၊ မတစ (ရုံးချုပ်) ၁၃၈)

ခွင့်ပြုချက်ဖြင့်နေထိုင်သူမှာ အမွေဆက်ခံခွင့် အခွင့်အရေးပါရှိသူတစ်ဦးဖြစ်ပါက နှင်လိုမှုတွင် ဆိုင်ရေး ဆိုင်ခွင့် အရ နေထိုင်သူဖြစ်သလားအချက်အား တရားရုံးမှ အရင်ဆုံး ထည့်သွင်း သုံးသပ်မည်ဖြစ်ကြောင်း ဖြေဆို‌ရေးသား ပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service