ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
2 Aug 2025 3:20 pm တွင် တင်ခဲ့သည်
482 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား ပေါင်နှံခြင်းများ ဆောင်ရွက်ရာတွင် ပေါင်နှံခြင်းအတွက် သတ်မှတ်ထားသော အပေါင်လုပ်ငန်းလိုင်စင်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းလိုင်စင်များနှင့် ဘဏ်အဖွဲ့အစည်းများတွင်သာ အာမခံစာချုပ်စာတမ်းများထား၍ ငွေချေးငှားခြင်း၊ ပေါင်နှံခြင်းများ ဆောင်ရွက်နိုင်ပါသည်။

လုပ်ငန်းလိုင်စင်မရှိဘဲ အရပ်ထဲ၌ ပေါင်နှံခြင်း၊ ငွေချေးခြင်း ဆောင်ရွက်နေကြသည်များလဲရှိပြီး ပေါင်နှံခြင်း စာချုပ်မချုပ်ဆိုနိုင်ကြသည့်အတွက် ဟန်ဆောင်အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေ ရပါသည်။ ပဋိညာဉ်တစ်ရပ်မှာ ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၂၃ နှင့် ညီညွှတ်ရန် လိုပါသည်။ ဟန်ဆောင်စာချုပ်မှာ အတည်ပြုနိုင်ခြင်းမရှိသဖြင့် ပဋိညာဉ်တစ်ရပ် မမြောက်ပါ။

ပေါင်နှံခြင်း၊ အရောင်းအဝယ် စာချုပ်ချုပ်ဆိုခြင်း ဟန်ဆောင်စာချုပ်အရ ငွေထုတ်ချေးသူမှာ ဥပဒေအကာအကွယ်ယူကာ တရားစွဲဆိုရန် ခက်ပါသည်။ ထို့ပြင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုထားသော်လည်း အိမ်ခြံမြေအား လက်ရောက်ရယူရန် မလွယ်ကူပါ။ တရားစွဲဆိုသည့်အခါတွင်လဲ ဟန်ဆောင်စာချုပ်ချုပ်ကြကြောင်း ပေါ်ပေါက် လျှင် အမှုမှာ ရှုံးနိမ့်မည်ဖြစ်ပါသည်။

ချေးငွေရယူလိုသူမှ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးသည်ဆိုသော်လည်း ပေါင်နှံသူမှ ၎င်းအားအခက် တွေ့စေသည့် ဟန်ဆောင်စာချုပ်အား မချုပ်ဆိုသင့်ပါ။ မေတ္တာဖြင့် အကူအညီပြုသည့် သဘောသက်ရောက်စေသည့် စာချုပ်မျိုးသာ အမှန်အတိုင်း ချုပ်ဆိုသင့်ပြီး မိတ်ဆွေသဘောအရ အကူအညီမှုပြုလျှင် တရားရုံးမှ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါသည်။

သက်သေခံအက်ဥပဒေပုဒ်မ - ၉၂ ၌ စာချုပ်တစ်စောင်ချုပ်ဆိုပြီးပါက စာချုပ်ပါ စကားရပ်နှင့် ဆန့်ကျင် ကွဲလွဲစွာစာချုပ်ချုပ်ဆိုသူများက သက်သေခံတင်ပြခွင့်မရှိဆိုသော်လည်း ခြွင်းချက်အရ ဟန်ဆောင်စာချုပ်ဖြစ်နေလျှင် စာချုပ်ချုပ်ဆိုသူများနှင့် အသိသက်သေများက အမှန်တိုင်း သက်သေခံတင်ပြခွင့်ရှိပါသည်။ (မောင်ကျင်နှင့် မရွှေလပါ အများ၊ 9 L.B.R.114(P.C)နှင့် အဆိုပါစီရင်ထုံးစာအုပ် စာမျက်နှာ-၁၃၈မှ ၁၄၂) အမှုတွင် ကြည့်ရှုနိုင် ပါသည်။(ဦးသိန်းဟန်နှင့် ဦးဘသိုက်ပါ-၂ အမှု၊ ဦးခွေးနှင့် ဦးအေးပါ-၂)အမှုတွင်လဲ ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း ပေါ်ပေါက်ပါက အမှုမှာ ခိုင်မာမှုမရှိ၍ တရားရုံးမှ ပလပ်ကြောင်း ညွှန်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။

ချေးငွေရယူသူအနေဖြင့်လဲ အရောင်းအဝယ်စာချုပ်အား ချုပ်ဆိုမှုပြုခဲ့ခြင်းအတွက် မူလရည်ရွယ်ချက်ကို တရားရုံးတွင် သက်သေထင်ရှားမပြနိုင်လျှင် တရားရုံးမှ အရောင်းအဝယ်စာချုပ်အား အမှန်တကယ် လက်မှတ်ရေး ထိုးခဲ့ခြင်းကိုသာ အဆုံးအဖြတ်ပြုမည်ဖြစ်ပါသည်။

စာချုပ်တစ်စောင်အား ငွေချေးသူမှ မိမိ၏ လွတ်လပ်သော သဘောဆန္ဒနှင့်အညီ လက်မှတ်ရေးထိုးမှုပြုခြင်းမှာလဲ မိမိတွင် တာဝန်တစ်ရပ်ရှိစေပါသည်။ အမှုတွင် ငွေချေးခြင်း အကြောင်းအရာအား သက်သေထင်ရှားမပြနိုင်လျှင် ချေးငွေယူသူ အမှုရှုံးနိမ့်မည်ဖြစ်ပါသည်။

ထို့ကြောင့် ဟန်ဆောင်စာချုပ်ချုပ် ဆိုခြင်းမှာ ငွေပေးသူရော၊ ငွေချေးသူရော မည်သူ့အတွက်မျှ မကောင်း ပါ။ ဟန်ဆောင်စာချုပ်နှင့်စပ်လျဉ်း၍ ဦးထွန်းချစ်နှင့် ဦးစိုးနိုင်(၎င်း၏ အခွင့်ရကိုယ်စားလှယ် ဒေါ်ဆယ် ရာထွန်း) အမှုတို့တွင်လဲ ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။

ပဋိညာဉ်တစ်ရပ်ဆောင်ရွက်ပြီးပါက ပဋိညာဉ် ချုပ်ဆိုသူ များမှ ကတိအတိုင်းဆောင်ရွက်ကြရပြီး ပျက်ကွက်သူထံမှ နစ်နာသူမှ ပဋိညာဉ်ဥပဒေပုဒ်မ - ၇၃ အရ လျော်ကြေးရ ထိုက်ခွင့်လဲရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service