လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
9 Mar 2024 11:03 am တွင် တင်ခဲ့သည်
624 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

လယ်ယာမြေဥပဒေပုဒ်မ-၄အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာကျေးရွာ၊ ကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုမှ တဆင့်မြို့နယ်ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပါသည်။

လျှောက်ထားသူသည် တောင်သူလယ်သမား အိမ်ထောင်စုဝင် ဖြစ်ရမည်ဖြစ်ကာ အသက်(၁၈) နှစ်ပြည့်ကာ နိုင်ငံသားဖြစ်သူ ၊ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ (သို့) အသင်းအဖွဲ့ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်လိုသော အသင်းအဖွဲ့ဖြစ်ရန် လိုအပ်သည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအားလဲ စိုက်ပျိုးမြေ၊ လယ်ယာမြေအဖြစ်‌ ပြောင်းလဲသတ်မှတ်ပေးရန် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလျှောက်ခြင်း ပြုနိုင်ပါသည်။

လယ်ယာမြေအား ဝယ်ယူခြင်း၊ လဲလှယ်ရယူခြင်း၊ ပေးကမ်းခြင်း၊ လက်ခံခြင်း၊ အမွေဆက်ခံခြင်း ပြုသူအား မှတ်ပုံတင်ကြေးပေးဆောင်စေ၍ ပုဒ်မ-၁၈ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်အား မြို့နယ်လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့က ထုတ်ပေးပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရှိသူသည် လယ်ယာမြေလုပ်ကိုင်ခြင်းအတွက် မြေခွန်နှင့် အခွန်အခအရပ်ရပ်အား ပေးဆောင်ရန်တာဝန်ရှိသည့်အပြင် လွှဲပြောင်းရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း ပြုသည့်အခါအတိုင်း တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ကြေးအား ထမ်းဆောင်ကာ မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

လယ်ယာမြေအား အခြားနှစ်ရှည်ပင်သီးနှံ ပြောင်းလဲစိုက်ပျိုးလိုပါက ခွင့်ပြုချက်ရရှိရန် ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ပါသည်။

ထို့အပြင် ကျေးလက်ဒေသများနှင့် မြို့ပြဒေသများတွင် တိုးပွှားလာသော လူဦးရေ၏ စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုသာန်နှင့် အခြားမြေအသုံးချရန် လယ်ယာမြေကို အသုံးပြုခွင့်ရရှိရန် လိုအပ်ပါကလဲ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့ ခွင့်ပြုချက်ရရှိရန် တင်ပြရပါမည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲရာတွင် လယ်ယာသုံးစက် ပစ္စည်းများ၊ ကုန်သိုလှောင်ရုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အသုံးပြုရန် လယ်ယာမြေအား အသုံးပြုလိုပါကလဲ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ ခွင့်ပြုချက်ရရှိရန် တင်ပြရပါမည်။

လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်ပြုချက်ရရှိပါကလဲ လုပ်ငန်းစဉ် ဆောင်ရွက်မှု အခြေအနေအား ဓာတ်ပုံမှတ်တမ်းဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ပြန်လည်တင်ပြရမည်ဖြစ်သည်။

(၆) လအတွင်း ခွင့်ပြုလုပ်ငန်းအား အကောင်အထည်မဖော်နိုင်ပါက လယ်ယာမြေဥပဒေပုဒ်မ-၁၂အရ စည်းကမ်းချက်များ ပျက်ကွက်မှုအတွက် ပုဒ်မ-၁၉၊ ပုဒ်မခွဲ(ဂ)(ဃ)အရ ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်ကာ ထပ်မံပျက်ကွက်ပါက လယ်ယာမြေအား ပြန်လည်သိမ်းယူသည်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း ဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 





လယ်ယာမြေလုပ်ပိုငခွင့် လက်မှတ်ရရှိသူသည် လယ်ယာမြေလုပ်ကိုင်ခြင်းအတွက် မြေခွန်နှင့် အခွန်အခအရပ်ရပ် အား ပေးဆောင်ရန် တာဝန်ရှိသည့်အပြင် လွှဲပြောင်းရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း ပြုသည့်အခါ အတိုင်း တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ကြေးအား ထမ်းဆောင်ကာ မှတ်ပုံတင်ရမည်ဖြစ်ပါသည်။











နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service