အမွေအကြောင်း သောင်းပြောင်းထွေလာ

အမွေအကြောင်း သောင်းပြောင်းထွေလာ - Property Knowledge in Myanmar from iMyanmarHouse.com
17 Dec 2023 2:42 pm တွင် တင်ခဲ့သည်
2000 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

 

[Unicode]

မိဘများက သေဆုံးသူသားသမီး၏ အမွေကို အမွေဆက်ခံခွင့် ရှိပါသလားဆိုသည့် မေးခွန်းဆန်းဆန်းလေးအပါအဝင် အမွေနဲ့ပတ်သတ်ပြီးသိမှတ်ထားသင့်တဲ့ ဉပဒေအမေးအဖြေမေးခွန်းသုံးခုကို ဒီတစ်ပတ်ညမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မေးခွန်း (၁) - မိဘများက သေဆုံးသူသားသမီး၏ အမွေကို အမွေဆက်ခံခွင့် ရှိပါသလား။

ကွယ်လွန်သားသမီးတွင် ခင်ပွန်း/ဇနီး၊ သားသမီး၊ မြေး၊ မြစ် စသည်တို့မရှိလျှင် အမွေဆက်ခံခွင့်မှာ ၎င်း၏ ညီအကိုမောင်နှမနှင့် မိဘများထံသို့ ရောက်ရှိသွားပြီဖြစ်ပါတယ်။

လင်မယားနှစ်ဦးအနက် တစ်ဦးသေဆုံးလျှင် လင်မယားနှစ်ဦးပိုင်ပစ္စည်းမှာ ကျန်တစ်ဦးထံတွင် အကျိုးခံစားခွင့် ရှိနေမည်ဖြစ်ပါသည်။ မိဘများ အမွေဆက်ခံအကျိုးခံစားခွင့်ရရန်မှာ ကွယ်လွန်သူသားသမီး၌ ခင်ပွန်း/ဇနီး၊ သားသမီး၊ မြေး၊ မြစ်အပြင် ကိတ္တိမသားသမီးနှင့် လင်ပါမယားပါ သားသမီးများလဲ မရှိရန် လိုအပ်ပါသေးသည်။

ထို့အပြင် ကွယ်လွန်သူ၌ အမွေဆက်ခံခွင့် ကျန်ရစ်သူမှာ မိဘနှင့် မောင်နှမများဖြစ်ပါက မိဘများ ထက်အရင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မောင်နှမများကို ဦးစားပေး၍ ရွှေးချယ်ရမည်ဖြစ်ပါသည်။

မောင်နှမများတွင်လဲ ကွယ်လွန်သူ၏ ညီ၊ညီမများက ကွယ်လွန်သူ၏ အကို၊အမ များကို အမွေမှ ထုတ်ပယ်နိုင်ပါသေးသည်။

လင်မယားနှစ်ဦး တပြိုင်နက်ထဲ သေဆုံးလျှင်ဖြစ်စေ၊ တစ်ဦးသေဆုံးပြီးနောက် များမကြာမီ တစ်ဦး သေဆုံးလျှင်ဖြစ်စေ လင်ယောက်ကျ်ား၏ မိဘများနှင့် မိန်းမ၏ မိဘများ အထက်ဖော်ပြပါ အမွေဆက်ခံသူ များမရှိပါက အမွေဆက်ခံခွင့်ရရှိမည်ဖြစ်ပါသည်။

ကွယ်လွန်သူသားသမီး၌ အထက်ဖော်ပြပါအတိုင်း အမွေဆက်ခံခြင်းအပြင် မိဘများမှာပါ အမွေ ဆက်ခံရန်မရှိမှသာ ကျန်ဆွေမျိုးသားချင်းများက အမွေဆက်ခံခွင့် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။

အမွေဆက်ခံသူများ ကျန်ရှိနေခြင်း မရှိသည့် နောက်ဆုံးမှသာ ကွန်လွန်သူ၏ အမွေပစ္စည်းအား နိုင်ငံတော်ဘာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂ )- လင်မယားနှစ်ဦးရဲ့ လက်ထက်ပွားပစ္စည်းဖြစ်တဲ့ မြေကွက်ကိုတစ်ဦးတည်းသဘောနဲ့ ရောင်းချခဲ့ခြင်းက တရား၀င်ပါသလား။

နှစ်ဦးလက်ထပ်ပြီးချိန်မှ စ၍ ပွှားများလာသောပစ္စည်းများကို လက်ထက်ပွားပစ္စည်းဟုခေါ်ဆိုရမည်။

-လက်ထပ်ပစ္စည်းတွင် လင်(သို့)မယားတစ်ဦးထဲ ရှာဖွေအားထုတ်မှုကြောင့် ရရှိလာသောပစ္စည်း၊

-တစ်ဦးဦးထံမှ အမွေဆက်ခံမှုကြောင့် ရရှိလာသော အမွေရလက်ထက်ပွားပစ္စည်းဟူ၍ နှစ်မျိုးရှိနိုင်ပါသည်။

လက်ထပ်ပွားပစ္စည်းနှင့် နှစ်ပါးစုံပစ္စည်းမှာလဲ မတူညီပါ။ နှစ်ပါးစုံပစ္စည်းမှာ နှစ်ဦးစလုံးရှာဖွေအား ထုတ်သဖြင့် ရရှိလာသောပစ္စည်းဖြစ်သည်။

ပါရင်းပစ္စည်းတစ်ခုခုကို ထုခွဲရောင်းချ၍ အခြားပစ္စည်းအဖြစ်တည်ရှိသွားချိန် ပစ္စည်းမှာ နှစ်ဦးပိုင် ပစ္စည်းအဖြစ် ရောထွေးသွားတတ်သည်။ထိုအခါလက်ထပ်ပွှားပစ္စည်းအဖြစ်သာ မှတ်ယူနိုင်ပါက လင်မယား နှစ်ဦးမှာ အဆိုပါပစ္စည်းအား အညီအမျှ ပိုင်ဆိုင်နေမည်သာဖြစ်သည်။

လင်မယားနှစ်ဦး လက်ထပ်ပေါင်းသင်းနေစဉ် ၎င်းတို့၏ ပစ္စည်းပိုင်ဆိုင်မှုမှာ အတူတူရှိနေပြီး ကွာရှင်းမှုမရှိဘဲ ပစ္စည်းပိုင်ဆိုင်မှုအား ခွဲဝေထားခြင်းမပြုနိုင်ပါ။ လင်မယားနှစ်ဦးပိုင်ပစ္စည်းအား ဝယ်ယူရာ တွင် နှစ်ဦးစလုံးမှ ကျေနပ်သဘောတူသည့်ကို တွေ့ရှိမှသာ ဝယ်ယူသင့်ပါတယ်။ ရောင်းချသူနေရာ၌ နှစ်ဦးလုံးလက်မှတ်ရေးထိုးရန် မလိုသောလည်း၊ ရောင်းချခြင်းကို နှစ်ဦးသဘောတူညီရန်တော့လိုပါသည်။ သို့မဟုတ်ပါက အရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီးမှ သဘောမတူသူတစ်ဦးဦးမှ ကန့်ကွက်လျှင် ဝယ်ယူသူမှ ဖြေရှင်း ဆောင်ရွက်နေရမည်ဖြစ်သည်။ လင်မယားနှစ်ဦးပိုင်ပစ္စည်းအား တစ်ဦးမသိရှိဘဲ တစ်ဦးက ရောင်းချလျှင် နှစ်ဦးကွာရှင်းပြီးလျှင်လဲ ရောင်းချသူ လင်(သို့)လင်မယား၏ ပိုင်ဆိုင်သည့် ဝေစုသာ အတည် ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - တစ်ဖက်ခြံမှ မိမိမြေကို တိုးချဲ့ ဖဲ့ယူထားမှု မိမိမြေကွက် တစ်ဖက်သို့ပါဝင်နေပါက မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါရစေ။

မြေပုံမြေရာဇဝင်ကို C-Map ဟုခေါ်ပြီး အတိုင်းအတာ ပါသော မြေပုံကို D-Map ဟု ခေါ်ပါသည်။ နယ်နိမိတ်တိုင်းတာခြင်းမှာ မြေပေါ်ရှိနယ်နိမိတ်များ ထင်ရှားစွာမရှိသည့်အခါ တိုင်းတာခြင်းပင်ဖြစ်သည်။ ခြံစည်းရိုးသေချာစွာမရှိပါက နယ်နိမိတ်များ ထင်ရှားစွာ ပိုင်းခြားသတ်မှတ်ခြင်းလဲရှိမည် မဟုတ်ပါ။

ခြံနယ်နိမိတ်ထင်ရှားစွာမရှိသည့်အခါ တစ်ဖက်ခြံမှ မိမိမြေအား ကျူးကျော်ထားပြီး မိမိပိုင်မြေမှာ တဖက်ခြံစည်းရိုးထဲပါဝင်နေပါက မြေတိုင်းဆောင်ရွက်ရာတွင် သာမန်မြေတိုင်းတာမှုအနေဖြင့် ကြေးတိုင် နှင့် မြေစာရင်းဌာနတွင် ပုဂ္ဂလိက နယ်နိမိတ် မြေတိုင်းတာခြင်း ဆောင်ရွက်ပေးရန် လျှောက်ထားခြင်း၊ လိုင်စင်ရမြေတိုင်းစာရေးအား ခေါ်ယူကာ မြေတိုင်းတာခြင်း တို့ ဆောင်ရွက်နိုင်ပါသည်။ လိုင်စင်ရမြေတိုင်း စာရေးခန့်အပ်ထားလျှင် ၎င်းမှ ပုဂ္ဂလိက၊အဖွဲ့အစည်းများ၊ အခြားအစိုးရ ဌာနခွဲများအတွက် မြေတိုင်းတာ ခြင်းကို ဆောင်ရွက်ပေးပါသည်။

မြေယာစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ်-၇တွင် မြေဧရိယာအတိုင်း အတာ လျှောက်ထားလိုသူသည် ပိုင်ဆိုင်မှု အထောက်အထားမူရင်းများ စာရွက်စာတမ်းမူရင်း အထောက် အထားများ တင်ပြပြီး လျှောက်ထားနိုင်ပါသည်။ (ဦးလှမြင့်ဖူးနှင့် ဌာနမှူး မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပါ-၂ (၂၀၁၅ခုနှစ်၊တရားမအထွေထွေ လျှောက်ထားမှုအမှတ်-၈၂)

ကြေးတိုင်နှင့် မြေစာရင်းဌာနတွင် ပုဂ္ဂလိက နယ်နိမိတ် မြေတိုင်းတာခြင်း လျှောက်ထားပါက မြေစာရင်းဌာနခွဲအရာရှိများသည် အထူးမြေတိုင်းတာခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်ပေးပြီး လျှောက် ထားသည့်အခါ တိုင်းတာလိုသည့် အကြောင်းအရာကို ရှင်းလင်းစွာ ဖော်ပြပေးရမည်။ တဖက်သတ် မြေကွက် ခွဲစိတ်တိုင်းတာခြင်း လျှောက်ထားလိုပါက မိမိပိုင်ဆိုင်သည့် အစိတ်အပိုင်းအတွက် အထောက်အထားများကို ဌာနသို့ တင်ပြရပါမည်။

ထို့ပြင် တရားရုံးတွင် လက်ရှိပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာခြင်း၊ ကျူးကျော်သော အစိတ် အပိုင်းအား ဖယ်ရှားပေးစေလိုမှု၊ မြေကွက်လက်ရောက်ပေးစေမှုဖြင့် တရားမမှုစွဲဆိုနိုင်ပြီး အဆိုပါ မြေကွက်အား အမှန်တကယ် မိမိပိုင်ဆိုင်မှုဖြစ်ရန်တော့လိုပါသည်။ ထိုအခါ တရားရုံးမှ မြေတိုင်း ကော်မရှင်ထားရှိကာ မြေနယ်နိမိတ် တိုင်းတာခြင်းကို ဆောင်ရွက်စေပြီး အမှုတွင် စစ်ဆေးပေါ်ပေါက်ချက် အရ အမိန့်တရပ်အား ချမှတ်ပေးပါသည်။ မြေတိုင်းတာရန် လျှောက်ထားသည့်အချိန်မှာ သတ်မှတ်ကာလ စည်းကမ်းသတ်အတွင်း ကျရောက်ရန်တော့ လိုအပ်ပါကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

 

အေမြအေၾကာင္း ေသာင္းေျပာင္းေထြလာ

 

မိဘမ်ားက ေသဆုံးသူသားသမီး၏ အေမြကို အေမြဆက္ခံခြင့္ ႐ွိပါသလားဆိုသည့္ ေမးခြန္းဆန္းဆန္းေလးအပါအဝင္ အေမြနဲ႔ပတ္သတ္ၿပီးသိမွတ္ထားသင့္တဲ့ ဉပေဒအေမးအေျဖေမးခြန္းသုံးခုကို ဒီတစ္ပတ္ညမွာ တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

ေမးခြန္း (၁) - မိဘမ်ားက ေသဆုံးသူသားသမီး၏ အေမြကို အေမြဆက္ခံခြင့္ ႐ွိပါသလား။

ကြယ္လြန္သားသမီးတြင္ ခင္ပြန္း/ဇနီး၊ သားသမီး၊ ေျမး၊ ျမစ္ စသည္တို႔မ႐ွိလွ်င္ အေမြဆက္ခံခြင့္မွာ ၎၏ ညီအကိုေမာင္ႏွမႏွင့္ မိဘမ်ားထံသို႔ ေရာက္႐ွိသြားၿပီျဖစ္ပါတယ္။

လင္မယားႏွစ္ဦးအနက္ တစ္ဦးေသဆုံးလွ်င္ လင္မယားႏွစ္ဦးပိုင္ပစၥည္းမွာ က်န္တစ္ဦးထံတြင္ အက်ိဳးခံစားခြင့္ ႐ွိေနမည္ျဖစ္ပါသည္။ မိဘမ်ား အေမြဆက္ခံအက်ိဳးခံစားခြင့္ရရန္မွာ ကြယ္လြန္သူသားသမီး၌ ခင္ပြန္း/ဇနီး၊ သားသမီး၊ ေျမး၊ ျမစ္အျပင္ ကိတၱိမသားသမီးႏွင့္ လင္ပါမယားပါ သားသမီးမ်ားလဲ မ႐ွိရန္ လိုအပ္ပါေသးသည္။

ထို႔အျပင္ ကြယ္လြန္သူ၌ အေမြဆက္ခံခြင့္ က်န္ရစ္သူမွာ မိဘႏွင့္ ေမာင္ႏွမမ်ားျဖစ္ပါက မိဘမ်ား ထက္အရင္ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ေမာင္ႏွမမ်ားကို ဦးစားေပး၍ ေ႐ႊးခ်ယ္ရမည္ျဖစ္ပါသည္။

ေမာင္ႏွမမ်ားတြင္လဲ ကြယ္လြန္သူ၏ ညီ၊ညီမမ်ားက ကြယ္လြန္သူ၏ အကို၊အမ မ်ားကို အေမြမွ ထုတ္ပယ္ႏိုင္ပါေသးသည္။

လင္မယားႏွစ္ဦး တၿပိဳင္နက္ထဲ ေသဆုံးလွ်င္ျဖစ္ေစ၊ တစ္ဦးေသဆုံးၿပီးေနာက္ မ်ားမၾကာမီ တစ္ဦး ေသဆုံးလွ်င္ျဖစ္ေစ လင္ေယာက္က်္ား၏ မိဘမ်ားႏွင့္ မိန္းမ၏ မိဘမ်ား အထက္ေဖာ္ျပပါ အေမြဆက္ခံသူ မ်ားမ႐ွိပါက အေမြဆက္ခံခြင့္ရ႐ွိမည္ျဖစ္ပါသည္။

ကြယ္လြန္သူသားသမီး၌ အထက္ေဖာ္ျပပါအတိုင္း အေမြဆက္ခံျခင္းအျပင္ မိဘမ်ားမွာပါ အေမြ ဆက္ခံရန္မ႐ွိမွသာ က်န္ေဆြမ်ိဳးသားခ်င္းမ်ားက အေမြဆက္ခံခြင့္ အခြင့္အေရးရ႐ွိမည္ျဖစ္ပါသည္။

အေမြဆက္ခံသူမ်ား က်န္႐ွိေနျခင္း မ႐ွိသည့္ ေနာက္ဆုံးမွသာ ကြန္လြန္သူ၏ အေမြပစၥည္းအား ႏိုင္ငံေတာ္ဘာအျဖစ္ သိမ္းဆည္းမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

 

ေမးခြန္း (၂)- လင္မယားႏွစ္ဦးရဲ႕ လက္ထက္ပြားပစၥည္းျဖစ္တဲ့ ေျမကြက္ကိုတစ္ဦးတည္းသေဘာနဲ႔ ေရာင္းခ်ခဲ့ျခင္းက တရား၀င္ပါသလား။

ႏွစ္ဦးလက္ထပ္ၿပီးခ်ိန္မွ စ၍ ပႊားမ်ားလာေသာပစၥည္းမ်ားကို လက္ထက္ပြားပစၥည္းဟုေခၚဆိုရမည္။

-လက္ထပ္ပစၥည္းတြင္ လင္(သို႔)မယားတစ္ဦးထဲ ႐ွာေဖြအားထုတ္မႈေၾကာင့္ ရ႐ွိလာေသာပစၥည္း၊

-တစ္ဦးဦးထံမွ အေမြဆက္ခံမႈေၾကာင့္ ရ႐ွိလာေသာ အေမြရလက္ထက္ပြားပစၥည္းဟူ၍ ႏွစ္မ်ိဳး႐ွိႏိုင္ပါသည္။

လက္ထပ္ပြားပစၥည္းႏွင့္ ႏွစ္ပါးစုံပစၥည္းမွာလဲ မတူညီပါ။ ႏွစ္ပါးစုံပစၥည္းမွာ ႏွစ္ဦးစလုံး႐ွာေဖြအား ထုတ္သျဖင့္ ရ႐ွိလာေသာပစၥည္းျဖစ္သည္။

ပါရင္းပစၥည္းတစ္ခုခုကို ထုခြဲေရာင္းခ်၍ အျခားပစၥည္းအျဖစ္တည္႐ွိသြားခ်ိန္ ပစၥည္းမွာ ႏွစ္ဦးပိုင္ ပစၥည္းအျဖစ္ ေရာေထြးသြားတတ္သည္။ထိုအခါလက္ထပ္ပႊားပစၥည္းအျဖစ္သာ မွတ္ယူႏိုင္ပါက လင္မယား ႏွစ္ဦးမွာ အဆိုပါပစၥည္းအား အညီအမွ် ပိုင္ဆိုင္ေနမည္သာျဖစ္သည္။

လင္မယားႏွစ္ဦး လက္ထပ္ေပါင္းသင္းေနစဥ္ ၎တို႔၏ ပစၥည္းပိုင္ဆိုင္မႈမွာ အတူတူ႐ွိေနၿပီး ကြာ႐ွင္းမႈမ႐ွိဘဲ ပစၥည္းပိုင္ဆိုင္မႈအား ခြဲေဝထားျခင္းမျပဳႏိုင္ပါ။ လင္မယားႏွစ္ဦးပိုင္ပစၥည္းအား ဝယ္ယူရာ တြင္ ႏွစ္ဦးစလုံးမွ ေက်နပ္သေဘာတူသည့္ကို ေတြ႕႐ွိမွသာ ဝယ္ယူသင့္ပါတယ္။ ေရာင္းခ်သူေနရာ၌ ႏွစ္ဦးလုံးလက္မွတ္ေရးထိုးရန္ မလိုေသာလည္း၊ ေရာင္းခ်ျခင္းကို ႏွစ္ဦးသေဘာတူညီရန္ေတာ့လိုပါသည္။ သို႔မဟုတ္ပါက အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးမွ သေဘာမတူသူတစ္ဦးဦးမွ ကန္႔ကြက္လွ်င္ ဝယ္ယူသူမွ ေျဖ႐ွင္း ေဆာင္႐ြက္ေနရမည္ျဖစ္သည္။ လင္မယားႏွစ္ဦးပိုင္ပစၥည္းအား တစ္ဦးမသိ႐ွိဘဲ တစ္ဦးက ေရာင္းခ်လွ်င္ ႏွစ္ဦးကြာ႐ွင္းၿပီးလွ်င္လဲ ေရာင္းခ်သူ လင္(သို႔)လင္မယား၏ ပိုင္ဆိုင္သည့္ ေဝစုသာ အတည္ ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - တစ္ဖက္ျခံမွ မိမိေျမကို တိုးခ်ဲ႕ ဖဲ့ယူထားမႈ မိမိေျမကြက္ တစ္ဖက္သို႔ပါဝင္ေနပါက မူရင္းေျမပုံအတိုင္း ျပန္ရေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ သိပါရေစ။

ေျမပုံေျမရာဇဝင္ကို C-Map ဟုေခၚၿပီး အတိုင္းအတာ ပါေသာ ေျမပုံကို D-Map ဟု ေခၚပါသည္။ နယ္နိမိတ္တိုင္းတာျခင္းမွာ ေျမေပၚ႐ွိနယ္နိမိတ္မ်ား ထင္႐ွားစြာမ႐ွိသည့္အခါ တိုင္းတာျခင္းပင္ျဖစ္သည္။ ျခံစည္း႐ိုးေသခ်ာစြာမ႐ွိပါက နယ္နိမိတ္မ်ား ထင္႐ွားစြာ ပိုင္းျခားသတ္မွတ္ျခင္းလဲ႐ွိမည္ မဟုတ္ပါ။

ျခံနယ္နိမိတ္ထင္႐ွားစြာမ႐ွိသည့္အခါ တစ္ဖက္ျခံမွ မိမိေျမအား က်ဴးေက်ာ္ထားၿပီး မိမိပိုင္ေျမမွာ တဖက္ျခံစည္း႐ိုးထဲပါဝင္ေနပါက ေျမတိုင္းေဆာင္႐ြက္ရာတြင္ သာမန္ေျမတိုင္းတာမႈအေနျဖင့္ ေၾကးတိုင္ ႏွင့္ ေျမစာရင္းဌာနတြင္ ပုဂၢလိက နယ္နိမိတ္ ေျမတိုင္းတာျခင္း ေဆာင္႐ြက္ေပးရန္ ေလွ်ာက္ထားျခင္း၊ လိုင္စင္ရေျမတိုင္းစာေရးအား ေခၚယူကာ ေျမတိုင္းတာျခင္း တို႔ ေဆာင္႐ြက္ႏိုင္ပါသည္။ လိုင္စင္ရေျမတိုင္း စာေရးခန္႔အပ္ထားလွ်င္ ၎မွ ပုဂၢလိက၊အဖြဲ႕အစည္းမ်ား၊ အျခားအစိုးရ ဌာနခြဲမ်ားအတြက္ ေျမတိုင္းတာ ျခင္းကို ေဆာင္႐ြက္ေပးပါသည္။

ေျမယာစီမံခန္႔ခြဲမႈႏွင့္ ေျမတိုင္းတာျခင္း ဆိုင္ရာ လုပ္ထုံးလုပ္နည္းအပိုဒ္-၇တြင္ ေျမဧရိယာအတိုင္း အတာ ေလွ်ာက္ထားလိုသူသည္ ပိုင္ဆိုင္မႈ အေထာက္အထားမူရင္းမ်ား စာ႐ြက္စာတမ္းမူရင္း အေထာက္ အထားမ်ား တင္ျပၿပီး ေလွ်ာက္ထားႏိုင္ပါသည္။ (ဦးလွျမင့္ဖူးႏွင့္ ဌာနမႉး ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာန ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပါ-၂ (၂၀၁၅ခုႏွစ္၊တရားမအေထြေထြ ေလွ်ာက္ထားမႈအမွတ္-၈၂)

ေၾကးတိုင္ႏွင့္ ေျမစာရင္းဌာနတြင္ ပုဂၢလိက နယ္နိမိတ္ ေျမတိုင္းတာျခင္း ေလွ်ာက္ထားပါက ေျမစာရင္းဌာနခြဲအရာ႐ွိမ်ားသည္ အထူးေျမတိုင္းတာျခင္း လုပ္ငန္းမ်ားကိုသာ ေဆာင္႐ြက္ေပးၿပီး ေလွ်ာက္ ထားသည့္အခါ တိုင္းတာလိုသည့္ အေၾကာင္းအရာကို ႐ွင္းလင္းစြာ ေဖာ္ျပေပးရမည္။ တဖက္သတ္ ေျမကြက္ ခြဲစိတ္တိုင္းတာျခင္း ေလွ်ာက္ထားလိုပါက မိမိပိုင္ဆိုင္သည့္ အစိတ္အပိုင္းအတြက္ အေထာက္အထားမ်ားကို ဌာနသို႔ တင္ျပရပါမည္။

ထို႔ျပင္ တရား႐ုံးတြင္ လက္႐ွိပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာျခင္း၊ က်ဴးေက်ာ္ေသာ အစိတ္ အပိုင္းအား ဖယ္႐ွားေပးေစလိုမႈ၊ ေျမကြက္လက္ေရာက္ေပးေစမႈျဖင့္ တရားမမႈစြဲဆိုႏိုင္ၿပီး အဆိုပါ ေျမကြက္အား အမွန္တကယ္ မိမိပိုင္ဆိုင္မႈျဖစ္ရန္ေတာ့လိုပါသည္။ ထိုအခါ တရား႐ုံးမွ ေျမတိုင္း ေကာ္မ႐ွင္ထား႐ွိကာ ေျမနယ္နိမိတ္ တိုင္းတာျခင္းကို ေဆာင္႐ြက္ေစၿပီး အမႈတြင္ စစ္ေဆးေပၚေပါက္ခ်က္ အရ အမိန္႔တရပ္အား ခ်မွတ္ေပးပါသည္။ ေျမတိုင္းတာရန္ ေလွ်ာက္ထားသည့္အခ်ိန္မွာ သတ္မွတ္ကာလ စည္းကမ္းသတ္အတြင္း က်ေရာက္ရန္ေတာ့ လိုအပ္ပါေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service