ရွှေပြည်သာမြို့နယ်ရှိရောင်းရန်လုံးချင်းအိမ်များ

ရွှေပြည်သာမြို့နယ်

ရွှေပြည်သာမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်မြောက်ပိုင်းဖက်တွင်တည်ရှိပြီးမြောက်ဘက်တွင် ထန်းတပင်မြို့နယ် ၊ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ် ၊ အနောက်ဘက်တွင် ရန်ကုန်မြစ်နှင့် တောင်ဘက်တွင် အင်းစိန်မြို့နယ်တို့ဖြင့်ဝန်းရံတည်ရှိသည် ။ ရွှေပြည်သာမြို့နယ်သည် ၁၉၈၆ ခုနှစ်ကရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည် ။ အကျယ် ၃၉.၄ ကီလိုမီတာရှိသောရွှေပြည်သာမြို့နယ်သည် ရပ်ကွက် ၁၅ ခု ၊ ကျေးရွာအုပ်စု ၁၅ စုဖြင့်ဖွဲ့စည်းထားပြီးမူလတန်းကျောင်း ၄၃ ကျောင်း ၊ အလယ်တန်းကျောင်း ၃ ကျောင်းနှင့် အထက်တန်းကျောင်း ၄ ကျောင်းတည် ရှိသည် ။ မြို့နယ်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် ရွှေပြည်သာစက်မှုဇုန်သည်လည်းအပါအဝင် ဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသောရွှေပြည်သာမြို့နယ်သည် ရန်ကုန်မြို့လယ်နှင့် အလှမ်းဝေးသောမြို့နယ် တစ်ခုဖြစ်သလိုမြေကွက်လွတ်များစွာကျန်ရှိနေသေးသည့်မြို့နယ်တစ်ခုဖြစ်သည် ။