29 Nov 2023 10:41 am
28 Oct 2023 11:33 am
27 Oct 2023 4:17 pm
22 Oct 2023 12:37 pm
21 Oct 2023 11:40 am
28 Sep 2023 1:29 pm
27 Sep 2023 6:49 pm
27 Sep 2023 4:30 pm
24 Sep 2023 6:23 pm
လသာ | ရန်ကုန်တိုင်းဒေသကြီး
လုံးချင်းအိမ်
1250 စတုရန်းပေ
23,000 သိန်း (ကျပ်)
ပိုင်ရှင်တိုက်ရိုက် ဘဏ်အရစ်ကျ20 Sep 2023 4:41 pm
13 Sep 2023 6:08 pm
13 Sep 2023 2:18 pm
26 Jul 2023 2:44 pm
12 Jul 2023 3:15 pm
30 Jun 2023 12:28 pm
20 Jun 2023 2:00 pm
22 Feb 2023 1:37 pm
18 Feb 2023 10:39 pm
6 Aug 2022 1:52 pm
လသာမြို့နယ်သည်ရန်ကုန်မြို့၏အဓိက သတ်မှတ်ခံထားရသည့် မြို့နယ် ၆ မြို့နယ်ထဲတွင် တစ်ခုအပါဝင် ဖြစ်သည် ။ မြို့နယ်အကျယ်အဝန်း ဝ.၇၇ ကီလိုမီတာကျယ်ဝန်းပြီးလူနေထူထပ်သည့်အပြင် ရန်ကုန်မြို့၏ စည်ကားသောမြို့နယ်တစ်ခုအဖြစ်လူသိများသောမြို့နယ်ဖြစ်သည် ။ ဘာသာစုံ ၊ လူမျိုးစုံ ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်သည့်မြို့နယ်ဖြစ်ပြီး အထင်ကရနှင့်အမှတ်ရစရာ များစွာရှိသည့် မြို့နယ်တစ်ခုပင်ဖြစ်သည် ။ ရန်ကုန်မြို့၏ အထင်ကရလမ်းမကြီးများပေါ်တွင် တည်ဆောက်ထားသည့်မြို့နယ်တစ်ခုဖြစ်ပြီး အင်္ဂလိပ်ခေတ်လက်ကျန်အဆောက်အဦးအချို့နှင့် ဘာသာပေါင်းစုံဘုရားကျောင်းများဖြင့်စည်းကားလျက် ရှိသည် ။စာသင်ကျောင်းများဖြစ်သည့် ယခင်စင်ထရယ်ကျောင်း အ.ထ.က(၁) လသာ နှင့် ယခင်စိန့်ဂျွန်းကွန်ဗက်ကျောင်း အ.ထ.က(၂)လသာ တို့သည်လသာမြို့နယ်၏ မျိုးဆက်သစ်လူငယ်လေးများကို ပြုစုပျိုးထောင်ပေးသည့် စာသင်ကျောင်းများဖြစ်သည် ။ ဘာသာခြားလူမျိုးပေါင်းစုံနေထိုင်သည့်မြို့နယ်ဖြစ်သည့် အတွက် ဗုဒ္ဓဘုန်းတော်ကြီးကျောင်း ၊ တရုတ်ဗုဒ္ဓကျောင်းများ ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီအဆောက်အဦးများ ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ၊ ဟိန္ဒူဘုရားကျောင်းများနှင့် ဂျူးဘာသာရဟူဒီဘုရားရှိခိုးကျောင်း အစရှိသည့် ဘာသာရေးကျောင်းများစွာ တည်ရှိလျက်ရှိသည် ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင်လည်း အရေးပေါ်ကျန်မာရေးနှင့်အထွေထွေကျန်မာရေးများအတွက် အားထားရသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတည်ရှိသည့် မြို့နယ်လည်းဖြစ်ပေသည် ။ ယခင်အစိုးရရုံးများလည်း တည်ရှိသည့်မြို့နယ်ဖြစ်ရာ မြန်မာကုန်တိုက်စတိုး ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၄ ၊ မြန်မာ့ရေနံသဘာဝဓာတ်ငွေ့ရုံးချုပ် နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းငွေစာရင်းရုံးအစရှိသည့် အစိုးဌာနရုံးများ လည်း စုံလင်စွာတည်ရှိသည့် မြို့နယ်ဖြစ်သည် ။ ညနေနှင့်ညပိုင်းတွင် ၁၉ လမ်းတစ်ဝိုက်သည်လည်း တရုတ်တန်းအဖြစ် တရုတ်ရိုးရာအစားအစာများကိုလည်းစုံလင်စွာရောင်းချပြီး အလွန်စည်းကားသည့်မြို့နယ် ဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော် လသာမြို့နယ်သည် လူမျိုးစုံ ၊ ဘာသာစုံများစုဝေးနေထိုင်ကြပြီး တိုက်ခန်းအများစုသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ဝန်းကျင်ရှေးကျပြီး ခိုင်ခံ့ကောင်းမွန်သည့် တိုက်ခန်းများ ၊ အသစ်ထပ်မံဆောက်လုပ်ပြီးဖြစ်တဲ့ အဆောက်အဦိးများဖြင့် လူနေထူထပ်သောမြို့နယ်တစ်ခုဖြစ်သည် ။
No13,Myat lay Yone Street, Hlaing Township
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.