28 Nov 2023 11:59 pm
28 Nov 2023 7:57 pm
29 Nov 2023 12:02 am
28 Nov 2023 7:49 pm
28 Nov 2023 7:49 pm
28 Nov 2023 4:59 pm
28 Nov 2023 4:41 pm
28 Nov 2023 3:02 pm
28 Nov 2023 2:54 pm
23 Nov 2023 9:58 am
19 Nov 2023 12:51 pm
18 Nov 2023 8:58 pm
18 Nov 2023 8:00 pm
18 Nov 2023 3:42 pm
18 Nov 2023 3:39 pm
18 Nov 2023 3:24 pm
18 Nov 2023 3:17 pm
16 Nov 2023 3:40 pm
16 Nov 2023 1:52 pm
16 Nov 2023 11:11 am
ရန်ကုန်တိုင်းဒေသကြီး ၊ လမ်းမတော်မြို့နယ်သည် ရန်ကုန်မြို့၏ အဓိက သတ်မှတ်ခံထားရသည့် Downtown area တွင်တစ်ခုအပါအဝင်ဖြစ်သည် ။ Downtown area ရဲ့ အနောက်ဘက်ပိုင်းတွင်ပါဝင်သည့် လမ်းမတော်မြို့နယ်သည် အကျယ်ဝန်းအားဖြင့် ၁.၄၁ ကီလိုမီတာရှိပြီး ဝါးတန်းလမ်းမကြီးသည် မြို့နယ်၏ လူသိများအထင်ကရ လမ်းမကြီးတစ်ခုအဖြစ် ဆိုနိုင်သည် ။ လမ်းမတော်မြို့နယ်သည် အနောက်ဘက်ပိုင်းတွင် အလုံမြို့နယ် ၊ အရှေ့ဘက်တွင် လသာမြို့နယ် ၊ တောင်ဘက်ပိုင်းတွင် ရန်ကုန်မြစ် ၊ မြောက်ဘက်ပိုင်းတွင် ရန်ကုန်မြို့၏ အထင်ကရ ဒဂုံမြို့နယ် အစရှိသည့်မြို့နယ်များ ပတ်လည်ဝန်းရံထားသည့် မြို့နယ်တစ်ခုဖြစ်သည် ။ လမ်းမတော်မြို့နယ်ကို ပိုမိုအသက်ဝင်စေရန် မင်းရဲကျော်စွာလမ်းမပေါ်ရှိ အ.ထ.က(၁)(ယခင်လူသိများ စိန်ဂျွန်းအထက်တန်းကျောင်း)နှင့် လမ်းမတော်လမ်းမပေါ်ရှိ အ.မ.က(၆) ကျောင်းတို့သည် မြို့နယ်တွင်းလူသိများ စာသင်ကျောင်းများအဖြစ် တည်ရှိလျက်ရှိသည် ။ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသည် ရန်ကုန်ရှိ အမျိုးသမီးများကျန်မာရေးအတွက် အားထားရသည့် ဆေးရုံကြီးတစ်ခုဖြစ်သည် ။ လမ်းမတော်မြို့နယ်သည် မြန်မာနိုင်ငံတွင်း မျိုးဆက်သစ် ဆရာဝန်များကို အဓိကမွေးထုတ်ပေးလျက်ရှိသည့် ဆေးတက္ကသိုလ်များထဲတွင် လမ်းမတော်၏ ဆေး(၁) တက္ကသိုလ်သည်လမ်း အဓိက အခန်းကဏ္ဍတွင်ပါဝင်သည် ။ လူမျိုးပေါင်းစုံ ၊ ဘာသာစုံ နေထိုင်သည့် မြို့နယ်အဖြစ် မင်းရဲကျော်စွာလမ်းမပေါ်တွင် မြန်မာနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းအသင်း တည်ရှိနေတာကိုလည်း တွေ့ရှိရမည်ဖြစ်သည် ။ အချုပ်အားဖြင့်ဆိုရသော် လမ်းမတော်မြို့နယ်သည် ရန်ကုန်မြို့၏ စည်ကားရှုပ်ထွေးသောမြို့နယ်တွင်ပါဝင်မှုမရှိပေမယ့် ရန်ကုန်မြို၏အဓိကမြို့တွင်းဧရိယာနဲ့ အညီ နေထိုင်ရန်ကောင်းသောမြို့နယ်တစ်ခုဖြစ်ပြီး အင်္ဂလိပ်ခေတ်လက်ကျန် အမွေအနှစ်အဆောက်အဦးအချို့နှင့် သက်ဝင်လျက်ရှိသည့် မြို့နယ်ကောင်းတစ်ခုဖြစ်ပေသည် ။
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
No13,Myat lay Yone Street, Hlaing Township
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon