အသေးစိတ်ရှာဖွေရန်

ဗဟန်းမြို့နယ်ရှိရောင်းရန်မြေကွက် ၊ ခြံကွက်များ

ဗဟန်းမြို့နယ်

ဗဟန်းမြို့နယ်သည် အကျယ် ၈.၈၄ ကီလိုမီတာကျယ်ဝန်းပြီး စုစုပေါင်းရပ်ကွက် ၂၂ ခုဖြင့်ဖွဲ့စည်းထားသော မြို့နယ်ဖြစ်သည် ။ ရန်ကင်း ၊ မရမ်းကုန်း ၊ စမ်းချောင်း နှင့် ကမာရွတ်မြို့နယ်တို့ ပတ်လည်ဝန်းရံထားသော မြို့နယ်လည်းဖြစ်ပေသည် ။ မြန်မာတို့ အထွတ်အမြတ်ထားရာ လေးဆူဓာတ်ပုံစေတီတော် ရွှေတိဂုံဘုရားနဲ့အနီးကပ် ဆုံးရှိသည့်မြို့နယ်ဟုလည်းဆိုနိုင်သည် ။ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းကျောင်း စုစုပေါင်း ၂၁ ကျောင်းရှိသည့်မြို့နယ်ဖြစ်သည် ။ ကိုလိုနီခေတ်ဦးကာလက ဗဟန်းမြို့နယ်သည် သစ်ပင်များ ၊ တောင်ကုန်းများဖြင့် ဖုံးလွှမ်းပြီးအလွန်စိမ်းလန်းသောနယ်မြေ တစ်ခု ဖြစ်ခဲ့ဖူးသည် ။ ယနေ့ခေတ်မှာတော့ မြို့ပြတိုက်တာ အဆောက်အဦးများ ၊ တိုက်ခန်းများ ၊ လုံးချင်းအိမ်များ ၊ ကွန်ဒိုများ ၊ ရုံးခန်းဆိုင်ခန်းနှင့် ဂုံးကျော်တံတားများဖြင့်ပြည့်နက်နေပြီး လူနေထူထပ်စည်ကားသောမြို့ပြ တစ်ခုအဖြစ် ပြောင်းလဲရောက်ရှိခဲ့ပြီဖြစ်သည် ။ ဗဟန်းမြို့နယ်တွင်းရှိ ရွှေတောင်ကြားရပ်ကွက် ရန်ကုန်မြို့၏ လူချမ်းသာများနေထိုင်သော ရပ်ကွက်ဟုပင်သတ်မှတ်ခံထားရပြီး သိန်းသောင်းချီမက တန်ဖိုးမြင့်ဈေးကြီးလွန်းသော လုံးချင်းအိမ်ကောင်းကြီးများစွာတည်ရှိသောရပ်ကွက်ဖြစ်သည် ။ မြို့နယ်၏ နောက်ထပ်အနီးဆုံး ဥယျာဉ်ကြီးမှာ ကန်တော်ကြီးဥယျာဉ်ပင်ဖြစ်ပြီး နေရာကောင်းပြီး နေထိုင်ရန်အလွန်ကောင်းသော မြို့နယ်ဖြစ်သည် ။ ထို့ပြင်ကျန်မာရေးအတွက် အမျိုးသမီးစင်တာ ၊ SSC ဆေးရုံကြီးဟာလည်းမြို့နယ်၏ လူသိများထင်ရှားသော ကျန်မာရေးစင်တာကြီးများဖြစ်သည် ။ ထင်ရှားသော အဆောက်အဦးများနှင့်အထင်ကရများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ ခြောက်ထပ်ကြီးဘုရားနှင့်ငါးထပ်ကြီးဘုရား ၊ ကင်းဘဲလမ်းရှိ တိုင်းရင်းဆေးရုံ ၊ ဓမ္မဇောတိ တရားစခန်း ၊ ဒေါ်ခင်ကြည်ဆေးရုံ(ယခုဗဟန်းအမျိုးသမီးဆေးရုံ) တို့တည်ရှိသည့်မြို့နယ်တစ်ခု ဖြစ်သည် ။

Featured AdWanted Listing

Premium Agencies

Burmese House
Burmese House

No13,Myat lay Yone Street, Hlaing Township

Soe Kabar Real Estate Co.,Ltd
Soe Kabar Real Estate Co.,Ltd

Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon

Perfect World Real Estate Services (Company)
Perfect World Real Estate Services (Company)

No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.

အိမ်လှလှလေးတစ်လုံး ပိုင်ဆိုင်နိုင်ဖို့
အိုင်မြန်မာဟောက်(စ်)ဒေါ့ကွန်း မှာ
အိမ်ရာချေးငွေ လျှောက်ကြစို့

shwe-sakkyar
innocity

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store