ချမ်းအေးသာဇံမြို့နယ်ရှိရောင်းရန်လုံးချင်းအိမ်များ

ချမ်းအေးသာဇံမြို့နယ်

ချမ်းအေးသာဇံမြို့နယ်သည် မန္တလေးမြို့၏ အချက်အချာကျဆုံးမြို့နယ်တစ်ခုဟုဆိုရမည် ။ မန္တလေးမြို့၏ မြို့လယ်တွင်တည်ရှိသော မြို့နယ်ဖြစ်သလိုစီးပွားရေးအချက်အချာကျသောနယ်မြေတစ်ခုလည်းဖြစ်သည် ။ မြို့နယ်၏ မြောက်ဘက်တွင် အောင်မြေသာဇံမြို့နယ် ၊ မန္တလေးနန်းတော် ၊ အရှေ့ဘက်တွင်ပုသိမ်ကြီးမြို့နယ် ၊ တောင်ဘက်တွင် မဟာအောင်မြေမြို့နယ် ၊ အနောက်ဘက်တွင် ဧရာဝတီမြစ်တို့ ဝန်းရံလျက်ရှိသည် ။ မန္တလေးမြို့၏ အဓိကဈေးချိုတော် ၊ ရတနာပုံဈေး နှင့် အခြားရှော့ပင်စင်တာကြီးများရှိသည့် မြို့နယ်လည်း ဖြစ်သည် ။ အခြားအထင်ကရနေရာများဖြစ်သည့် ဗထူးအားကစားကွင်း ၊ ထီးလင်းဘုန်းကြီးကျောင်း ၊ မန္တလေးဘူတာကြီး ၊ မြို့တော်ဥယျာဉ် ၊ မန္တလေးရဲသိပ္ပံ နှင့် မန္တလေးဆေးတက္ကသိုလ်တို့တည်ရှိသော မြို့နယ် လည်းဖြစ်သည် ။ အိမ်ခြံမြေဈေးနှုန်းအလွန်ကြီးမြင့်သောနယ်မြေဖြစ်သလိုဈေးဆိုင်များ ၊ ဆိုင်ခန်းများ ၊ ရုံးခန်းများငှားရမ်းခကြီးမြင့်သော မြို့နယ်တစ်ခုဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော် ချမ်းအေးသာဇံမြို့နယ်သည် မန္တလေးမြို့၏ အတိုးတက်ဆုံးမြို့နယ်တစ်ခုဖြစ်ပြီးလူနေထူထပ်ပြီးဈေးရောင်း ၊ ဈေးဝယ်များဖြင့်် စည်ကားသောနေရာကောင်းတစ်ခုဖြစ်ပေသည် ။