ဤကြော်ငြာမှာ ရောင်းထွက်သွားပြီဟု ကြော်ငြာတင်သူမှ မှတ်သားထားပါသည်။
#ကြည့်မြင်တိုင် #မီနီကွန်ဒိုအရောင်း (အသစ်စက်စက်)
အရောင်းဈေးနှုန်း = ၈၅၀/- သိန်း (ညှိနှိုင်း)
မင်္ဂလာပါ …
မြန်မြန်ဦးထားမှ စိတ်ကြိုက်အလွှာ မြန်မြန်ရရှိမှာဖြစ်လို့ မြန်မြန်လေးပဲ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ။ တိုက်ခန်းဈေးသာသာနဲ့ မီနီကွန်ဒိုအလွှာစုံအရောင်းခန်းတွေကတော့ လူကြီးမင်းကို စောင့်ကြိုနေပါပြီနော် …
အခန်းအကျယ်အဝန်းတူတဲ့ တိုက်ခန်းဈေးနှုန်း နဲ့ ယခု မီနီကွန်ဒိုဈေးနှုန်း ကွာဟမှုသိပ်မရှိတဲ့အနေအထားမှာ အိမ်ပေါ်ကို လမ်းလျှောက်တက်မလား ဓါတ်လှေကားနဲ့ငြိမ့်ငြိမ့်လေးတက်မလားဆိုတာကို လူကြီးမင်းစဉ်းစားဆုံးဖြတ်ပြီးလို့ စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ဖုန်းလေးသာဆက်လိုက်ပါနော်။ တစ်လွှာချင်း တစ်ခန်းချင်း အေးအေးဆေးဆေးကြည့်နိုင်ဖို့က ကျွန်တော့်တာဝန်ထားပါခင်ဗျ …စိတ်ကြိုက်အလွှာရွေးယူဖို့ကတော့ လူကြီးမင်းတာဝန်ပေါ့နော် …
အကျယ် ( 16' x 65' ) Halltype အကြမ်းထည်၊ ရှေ့ဝရံတာတစ်ဝက် နှင့် နောက်ဝရံတာအပြည့်ပါရှိသည်။ ဓါတ်လှေကား(၁)စင်း။ လမ်းကျယ်လမ်းသန့်ပြီး ကားပါကင်အတွက်လည်း စိတ်ပူစရာမလိုပါဘူးခင်ဗျ။ ပါတ်ဝန်းကျင်ဆူညံမှုမရှိပဲ အေးအေးဆေးဆေးနေထိုင်လိုသူမိသားစုများအတွက် ဝယ်ယူနေထိုင်ဖို့ သင့်တော်တဲ့နေရာကောင်းလေးပါပဲနော်။
• BCC လျှောက်ထားဆဲ
• BCC စာရွက်ကျပါက Bank ဖြင့်လည်း ချိတ်ဆက်ဝယ်ယူနိုင်သည်။
• ငွေကျန်ချန်လိုသူများလည်း ညှိနှိုင်းဝယ်ယူနိုင်သည်။
@ သာဓုလမ်း၊ လမ်းသန့်လမ်းကျယ်
@ နတ်စင်လမ်းအနီး၊ ကြည့်မြင်တိုင်ကမ်းနားလမ်းအနီး
@ အရိုးဆေးရုံအနီး၊ ဂရင်းဟံသာဆေးရုံအနီး
#မှတ်ချက်။ ။ အိပ်ခန်းဖွဲ့ခြင်း၊ ကြွေပြားခင်းခြင်း၊ ပါကေးခင်းခြင်း စသဖြင့် လူကြီးမင်းလိုချင်သည့် အခန်းအတွင်းပိုင်းပြင်ဆင်မှုအနေအထားကိုလည်း ပိုင်ရှင်နှင့်တိုက်ရိုက်တွေ့ဆုံညှိနှိုင်းတောင်းဆိုနိုင်သည်။ #ဤမှတ်ချက်အတွက် ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။
လူကြီးမင်းဘက်က အဆင်ပြေမည့် အချိန်နေ့ရက်မရွေး လိုက်လံကြည့်ရှုနိုင်သည်။ ကြိုချိန်းပေးပါနော်။ Thanks…
-----------------------------
Ko Zay (Real Estate Service)
info.realestateyangon@gmail.com
Hotline.Viber.Whatsapp (+95) 969 3190934
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး