ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
ရန်ကုန်မြို့ရဲ့ စိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်ပြီး ကားအသွားအလာ အဆင်ပြေတဲ့ အင်းစိန် အရှေ့ကြို့ကုန်းလမ်းမကျယ်ကြီး ဘေးမှာ ဆောက်လို့ပြီးတော့မယ့် ကားပါကင် နဲ့ ခေါင်မိုးထပ် အနားယူစရာနေရာလေးပါတဲ့ အဆင့်မြှင့် တိုက်ခန်းလေးတွေ ရောင်းမယ်ရှင်…
ပေ ၅၀x၇၀ ဂရံ မြေပေါ်မှာ တစ်ဖက်သုံးပေခွာပြီး ၄၄x၆၀ ပေ ဆောက်ထားသောကြောင့် လေမတိုက်လို့ အသက်ရှု မဝမှာ စိတ်မပူရတော့ဘူးပေါ့။
မြေညီတစ်ထပ်လုံး ကားပါကင် သတ်မှတ်ပေးထားလို့ ကားပါကင် မရလို့ ဖြစ်တတ်တဲ့ လူမှုရေး ပြဿနာတွေလဲ ကင်းဝေးမှာပါ။
အခန်း အကျယ် — ၂၂ပေ x ၆၀ပေ (1320sqft)
မပြင်ဆင်ရသေးတဲ့ အခန်းကို သိန်း ၁၃၀၀ နဲ့ ရောင်းပေးမှာဖြစ်ပြီး ပြင်ဆင်ပြီး အသင့်နေ အနေအထား ကို သိန်း ၁၅၀၀ နဲ့ ၁၆၀၀ ကြားမှာ ရောင်းပေးမှာပါ။
1. pile foundation ကို Myanmar V-Pile group နဲ့ ရိုက်ထားပါတယ်
2. နိုင်ငံတကာ အဆင့်မှီ Hyundai ဓာတ်လှေခါးရှစ်ယောက်စီး တပ်ဆင်ပေးထားပါတယ်
3. ကိုယ်ပိုင် transformer နဲ့ generator တပ်ပေးထားတာကြောင့် မီးပျက်မှာနဲ့ မီးအား အတက်အကျ အတွက် စိတ်ပူဖို့ မလိုတော့ဘူးပေါ့
4. မိသားစုတွေ အနေနဲ့ မိမိရင်သွေးငယ်တွေ လမ်းပေါ်ထွက် ကစားမှာ စိတ် မပူရအောင် တိုက်ရဲ့ ခေါင်မိုးထပ်မှာ ပန်းခြံနဲ့ တွဲရက် ကလေးတွေ ကစားဖို့ စီစဉ်ပေးထားမှာပါ ၊
5. ရန်ကုန်မြို့ တိုက်ခန်းတွေမှာ အမြဲလိုလို ပြဿနာဖြစ်တတ်တဲ့ ရေရရှိမှုအတွက် အဝီစိတွင်း လဲ ပါရှိမှာ ဖြစ်ပါတယ် ၊
ပြည်လမ်း၊အင်းစိန်လမ်းနဲ့ မင်းဓမ္မလမ်းတို့နဲ့ ချိတ်ဆက်နေတဲ့ မဟာသုခိတာ( အရှေ့ကြိုကုန်း)လမ်းမပေါ်မှာပါ။
9မိုင် Ocean / သမိုင်း Citymark / 8မိုင် Citymark / ဝိတိုရိယဆေးရုံ/ပါရမီဆေးရုံ/အင်းယားကန်ဘောင်နဲ့ ရန်ကုန်လေဆိပ်တို့ အား မိနစ်ပိုင်းအတွင်း သွားလာနိုင်ပါတယ်။
ကျောက်တော်ကြီးဘုရားနဲ့ စော်ဘွားကြီးကုန်းလမ်းဆုံကို လမ်းလျှောက်သွားရင် ဆယ်မိနစ်လောက်သာကြာမှာပါ။
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး