ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
အရှေ့ဒဂုံမြို့နယ် ၊၁၃၂ ရပ်ကွက်၊ အမှတ် ၁၅၄၊ (၄၀×၆၀) ပါမစ်မြေ၊ အရှုပ်အရှင်းကင်း၊ ပိုင်ရှင်ကိုယ်တိုင် အမြန်ရောင်းမည်။
ဒဂုံတက္ကသိုလ် (၃)မှတ်တိုင်ခန့် အကျော်၊ အရှေ့ဒဂုံမြို့နယ်ရှိ လူစည်ကားဆုံးဖြစ်သော (၁၃၃)ရပ်ကွက်နှင့် ဘေးကပ်လျက်ရပ်ကွက်၊ မြို့နယ်ထွေအုပ်ရုံး၊ စည်ပင်ရုံး အစရှိသော မြို့နယ်ရုံးများရှိသော (၁၂၂) ရပ်ကွက်နှင့် မျက်နှာချင်းဆိုင်ရပ်ကွက်။ လူနေသန့်ရပ်ကွက်။ ရုံးနီး ကျောင်းနီး နေရာ။ အရှေ့ဒဂုံတွင် အလားအလာအကောင်းဆုံးရပ်ကွက်။
အင်းဝလမ်းကျောကပ်၊ ဗိုလ်ဗထူးလမ်းနီး ဒဲ့ဆင်း ၊မင်းရဲကျော်စွာ လမ်းမနီး ၊ ဘုန်းကြီးကျောင်းများ လူနေအိမ်များဖြင့် စတင်စည်ကားနေပြီဖြစ်သော ရပ်ကွက်နေရာ။
အင်းဝလမ်းသည် လမ်းပြင်ဖို့ ရှိသည်ဟု ပြောပါသည်။ အင်းဝလမ်း အသစ်ပြန်ခင်းပြီးလျှင် ၊လူနေပိုစည်လာလျှင်၊ ယခုဈေးနှင့် မရတော့ ပါ။
အောင်မင်္ဂလာအဝေးပြေးဘက် မှလာသော YBS (66) ကားများ, ရန်ကင်းမှတဆင့် သိမ်ဖြူဘက် မှလာသော YBS (27) ကားများ တိုက်ရိုက်ရောက်သည်။ ဒဂုံတက္ကသိုလ်ကျောင်းထိပ် (သို့) ဘုန်းကြီးကျောင်းကွေ့မှတ်တိုင်မှ တဆင့် ပြောင်းစီးလျှင် သင်္ကန်းကျွန်း၊ တာမွေမှတဆင့် ရန်ကုန်မြို့ထဲသွားသောကားများ၊ တောင်ဥက္ကလာ ပါရမီလမ်းမှတဆင့် သမိုင်း၊ လှိုင်၊ လှည်းတန်း၊ အင်းစိန် ဘက်သို့သွားသောကားများ၊ မြောက်ဥက္ကလာဘက်သို့ သွားသောကားများ အစရှိသည်ဖြင့် အလွယ်တကူချောင်ချောင်ချိချိ စီးနိုင်သည်။
စိတ်ဝင်စားပါက ဖုန်းဆက်ပါရန်။ မြေကွက်ရှိရာ လိုက်ပြပေးပါမည်။
ဤကြော်ငြာကို နှစ်သက်သူများ => (1) ဦး