အကျိုးတူရသည်
Fully Furnished Minicondo အရောင်း
PRICE - 1,660 အနည်းငယ်ညှိနှိုင်း
အခန်းအချက်အလက်
Price : 1,660 သိန်း
နေရာ - ကမာကြည် Hotel အနီး၊ ရှုခင်းသာလမ်းမကြီးပေါ်၊ သာကေတမြို့နယ်။
အကျယ်အဝန်း - 19 x 54 (1,026 Sqft)
အမြင့် - 9 ပေခွဲ
7th Floor (အပေါ်ဆုံးထပ်မဟုတ်ပါ)
ဓါတ်လှေကား (မီးပျက်ရင် မီးစက်မောင်းပေးပါတယ်)
လုံခြုံရေး အစောင့်
ကိုယ်ပိုင် မီတာ၊ ရေမော်တာ
1 Master Bedroom
1 Single Bedroom
Sofa
Water Heater with Rain Shower
ရေခဲသေတ္တာ ၁ လုံး
Mitsubishi Aircon ၁ လုံး
Customized Family Dining Table + 4 Chairs
ကားတစ်စီးစာ ရပ်ရန် နေရာ
Monthly Maintenance Charges - 38,000 ဝန်းကျင်
အရေးပေါ်ငွေလိုလို့ အမြန်ရောင်းချင်တဲ့အတွက် Bank ချိတ်တော့ အဆင်မပြေပါ။
အားသာချက်များ
မင်္ဂလာရှိတဲ့ အရှေ့အရပ်လှည့် ဖြစ်တဲ့အပြင် ဘေးတိုက်မရှိတာကြောင့် လေဝင်လေထွက်၊ အလင်းရောင်၊ View အထူးကောင်းမွန်ပါတယ်။
အိပ်ခန်း (၂) ခန်းပါပြီး အခန်းတိုင်းမှာလည်း ပြတင်းပေါက်ရှိတဲ့အပြင် အမြင့် ၉ပေခွဲရှိတာကြောင့် နေရတာ အတော်လေး သက်တောင့်သက်သာရှိပါတယ်။
ဧည့်ခန်းကျယ်တဲ့အတွက် မိသားစုများသူတွေအနေနဲ့ Double Bed Room တစ်ခန်း ထပ်ဖွဲ့နိုင်ပါတယ်။
လျှောက်လမ်းကျယ်တဲ့အတွက် Dining Room ထပ်ဖွဲ့နိုင်ပါတယ်။
နေရာ အချက်အချာကျတာကြောင့် ကိုယ်ပိုင် ရုံးခန်းဖွင့်ချင်တဲ့သူအတွက်လည်း အဆင်ပြေနိုင်ပါတယ်။
နံနက်ခင်းနဲ့ ညနေခင်း နေအေးချိန် တံတားပေါ်နဲ့ ကမ်းနားလမ်းမှာ အများနည်းတူ ဿာသာယာယာ လမ်းလျှောက် အပန်းဖြေနိုင်မှာဖြစ်ပါတယ်။
အနီးတစ်ဝိုက်မှာ 8/9ကားမှတ်တိုင်၊ သာကေတအဝိုင်း ကားမှတ်တိုင်၊ (၁၀) စျေး၊ ဆေးရုံဆေးခန်း၊ မီးသတ်၊ KBZ Yoma AYA Banks၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ City Mart၊ Capital၊ ပန်းခြံ၊ ဆီဆိုင်၊ Guesthouse၊ Hotels & Bars နှင့် အခြားသော အခြေခံ အဆောက်အအုံတွေရှိပါတယ်။
လူ၊ ပတ်ဝန်းကျင် အလွန်သန့်ပါတယ်။ အော်ဟစ်ဆူညံခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ အရှုပ်အရှင်း မရှိပါ။
Compressive strength test အောင်ပြီးသားဖြစ်တဲ့အတွက် မီးအာမခံ၊ ငလျင်အာမခံ ထားပြီးသားဖြစ်ပါတယ်။
တိုက်သက်တမ်း ၅ နှစ်ဝန်းကျင်သာရှိသေးပြီး တိုက်သား ပြောစရာမလိုအောင်ကောင်းပါတယ်။
ကိုယ်တိုင် ဘဏ်ချိတ်ဝယ်ထားတာဖြစ်တဲ့အတွက် စာရွက်စာတမ်း ပိုင်ဆိုင်မှု ခိုင်မာမှု စိတ်ပူစရာ လုံးဝ မလိုပါ။
ပြန်ရောင်းလည်း သေချာပေါက် အမြတ်အစွန်းရပါတယ်။
အားနည်းချက်များ
မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ စတဲ့မြို့နယ်များနဲ့ အလွန်ဝေးပါတယ်။
Lift ကျဥ်းတဲ့အတွက် လူ 5 ယောက်လောက်ပဲ သက်တောင့်သက်သာ စီးလို့ရပါတယ်။
ကြွေပြားအပြည့်ခင်းထားတဲ့အတွက် အသက်အရွယ်ကြီးရင့်သူများ ခြေထောက်မအေးအောင် သတိထားဖို့/ဖိနပ်စီးဖို့/ပါကေးထပ်ခင်းဖို့ လိုနိုင်ပါတယ်။
အမှိုက်စွန့်ပစ်တဲ့စနစ်ကို တိုက်အတွင်း မတပ်ဆင်ထားတဲ့အတွက် စည်ပင်အမှိုက်ပုံးမှာ ဆင်းပစ်ဖို့လိုပါတယ်။ 3 minutes ခန့်လမ်းလျှောက်ရပါတယ်။
ရေတင်တဲ့စနစ်က Auto မလုပ်ထားပါ။ ကိုယ်ပိုင် Motorနဲ့ ရေတင်ရပါတယ်။
မီးဖိုခုံ အနည်းငယ် ကျဥ်းပါတယ်။ မီးဖိုခန်းကျယ်မှ အဆင်ပြေမယ်ဆိုရင်တော့ Interior Decoration ထပ်လုပ်ဖို့ လိုနိုင်ပါတယ်။
09 954481581
09 956557518
Nyein Chan Eain Real Estate
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး