နေထိုင်ရန်အတွက် အသင့်ပြင်ဆင်ပြီးသော mini Condo လေးအား ပိုင်ရှင်တိုက်ရိုက် ငှါးမည်။
တိုက်အမှတ်၁၂၀၊အောင်ချမ်းသာဓမ္မာရုံရှေ့၊(၁)ရပ်ကွက်၊အရှေ့အောင်မြေသာစည်၊ကမာရွတ်မြို့နယ်တွင် တည်ရှိသော အခန်းလေးဖြစ်ပါသည်။
စံရပ်ငြိမ်ဂမုန်းပွင့်အရှေ့၊လှည်းတန်းcenter၊စိန်ဂေဟာတို့၏ အနီးတွင် ရှိသောကြောင့် လိုအပ်သောအရာမှန်သမျှ အလွယ်တကူ ရရှိနိုင်သော နေရာလေးဖြစ်ပါသည်။
စျေးများနှင့်လည်း အနီးကပ်တည်ရှိပြီး လှည်တန်းစျေး၊ဘူတာရုံစျေး၊ရတနာလမ်းစျေးများရှိပါသည်။
ဓမ္မာရုံရှေ့တွင်လည်း စျေးအသေးလေးရှိပါသေးသည်။
PISMကျောင်းနှင့် လမ်းချင်းကပ်ဖြစ်ပြီး
အနီးအနားမှာကိုယ်ပိုင်အထက်တန်းကျောင်းများလည်းရှိသောကြောင့် ကလေးများပညာရေးအတွက်လည်း စိတ်ပူစရာမရှိပါ။
တိုက်ခန်းမှာ အလွှာနိမ့် ဒုတိယထပ်အခန်းလေးဖြစ်ပြီး Lift လည်း ပါဝင်ပြီးသောကြောင့် လှေကားမတက်လိုသူများအတွက် အထူးအဆင်ပြေပါသည်။
အခန်းအကျယ်မှာ ၁၆.၅ x ၅၈ ပေဖြစ်ပြီး တစ်ခန်းလုံး ကိုရီးယားပါကေးခင်းပြီး ဖြစ်ပါသည်။
Single bedroom တစ်ခန်း၊Master bedroom တစ်ခန်း ပါဝင်ပြီး အိပ်ခန်းနှစ်ခန်းလုံးတွင် Aircon တပ်ဆင်ပြီးဖြစ်သည့်အပြင် Master bedroom တွင် ရေချိုးခန်း၊သန့်စင်ခန်းတွဲလျှက်ပါဝင်ပြီး ရေပူရေအေးစနစ်လည်း ပါဝင်ပြီးသားဖြစ်ပါသည်။
အခန်းဘေးတွင် ပြတင်းပေါက်ကျယ်များလည်း ပါဝင်သောကြောင့် သဘာဝလေ နှစ်သက်သူများအတွက် အဆင်ပြေပါသည်။
အငှါးစျေးနှုန်း - တစ်လ (၇)သိန်း ညှိနှိုင်း
ဆက်သွယ်ရန် - 09 5157442 / 09 773552017