Shwe Za Bu River View Complex (Office & Luxury Condominium)- Shwe Zabu Deik Construction ၏ ဖွဲ့စည်းတည်ဆောက်မှု့ ပုံစံဗီဒီယိုမိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
8591 ကြိမ် ကြည့်ရှု့ ပြီး

Shwe Za Bu River View Complex (Office & Luxury Condominium)- Shwe Zabu Deik Construction ၏ ဖွဲ့စည်းတည်ဆောက်မှု့ ပုံစံဗီဒီယိုမိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်)

လူနေမှုအဆင့်အတန်း မြင့်မားစွာ နေထိုင်နိုင်စေရန် သတ်မှတ်ထားသော Condominium စံချိန်စံညွန်းများနှင့် ဖွဲ့စည်းတည်ဆောက်ထားသော Shwe Zabu River View Complex မှာအလုံကမ်းနား လမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ ရန်ကုန်မြို့တွင်းသို့ အချိန်အနည်းငယ် အတွင်း ရောက်ရှိနိုင်ပြီး နေထိုင်သူများအတွက် အဓိက လိုအပ်သောနေရာ များဖြစ်သည့် ကျောင်း၊ ဆေးရုံ၊ ပန်းခြံ၊ ဈေး၊ စသည့်နေရာများနှင့် အနီးဆုံးတွင် အဆင့်အတန်းမှီစွာ ဆောက်လုပ်ထားပါသည်။ မကြာမှီ ဖွံ့ဖြိုးလာတော့မည့် ရန်ကုန်မြစ်နှင့် မြစ်နှင့်တစ်ဘက်ကမ်း အလှအပနှင့် သန့်ရှင်းလတ်ဆက်သောလေကို ရှူရှိုက်ရင်း မြို့တော်ရန်ကုန်၏ ကျက်သရေဆောင် ကမ္ဘာ့ အံ့ဖွယ် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမျှော်နိုင်ပါသည်။

Shwe Zabu River View Complex တွင် နေထိုင်သူများအတွက် လုံလောက်သော Car Packing ပါရှိမှုနှင့် အဆောက်အဦးအတွင်း အဆင်ပြေလွယ်ကူစွာ ကားဝင်ထွက် သွားလာနိုင်စေရန် အဆင်ပြေဖြစ်အောင် စီစဉ်ဆောင်ရွက်ထားပါသည်။ Shwe Zabu River View Complex တွင် နေထိုင်သူများ အတွက် နိုင်ငံတကာ အဆင်မှီစွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ Architectural ပိုင်းဆိုင်ရာ စံချိန်စံညွန်းများနှင့် Structural ပိုင်းဆိုင်ရာ စံချိန်စံညွန်းများကို အသေးစိတ် စီစစ်လေ့လာ တွက်ချက်မှုများဖြင့် ငလျင်ဒဏ် အဆောက်အဦးအဖြင့် ဖွဲ့စည်းတည်ဆောက် ထားပါသည်။

Condominium တွင် ပါဝင်မည့် FACILITY များ

ELECTRICAL SYSTEM

- 3 MVA, Fuji Transformer Japan (Dry Type) တပ်ဆင်ထားပေးခြင်း။
(10 Years Maintenance Free)
- လျှပ်စစ်အန္တရာယ်မှ ကင်းဝေးစေရန် (Cable Syetem) အသုံးမပြုပဲ မြန်မာနိုင်ငံတွင် မည်သည့် ကွန်ဒိုအဆာက်အဦးမှ တပ်ဆင်အသုံးပြုခြင်း မရှိသေးသော (Aluminium Busduct System)(Nissin Japan)ဖြင့် လျှပ်စစ်မီးလိုင်းများကို တပ်ဆင်ထားခြင်းကြောင့် Stabilizer တပ်ဆင်အသုံးပြုရန် မလိုအပ်ခြင်း၊ ဝါယာရှော့ဖြစ်ခြင်းမှ ကင်းရှင်းခြင်း၊ မီးကြိုးများကြွက်ကိုက်သည့် မန္တရာယ်မှကင်းဝေးခြင်း။
- ၂၄နာရီ လျှပ်စစ်မီး အပြည့်အဝရရှိနိုင်စေရန် 880 KVA (KOHLER POWER SYSTEM,U.S.A) Generator (၂လုံး)တပ်ဆင်ထားခြင်း။
- Automatic Dual Meter System တပ်ဆင်ပေးထားခြင်းကြောင့် (EPC & Generator) မီတာယူနစ်များကို အလိုအလျှောက် ခွဲခြားဖတ်ပေးခြင်း။

WATER SYSTEM

- ရေကို Centralize System ဖြင့်ဖြန့်ဝေပေးခြင်း။
- ရေဖြန့်ဝေခြင်းအတွက် တပ်ဆင်အသုံးပြုထားသော Multi Layer Pipe များသည် အင်ဒိုချိုင်းနား ကျွန်းဆွယ် နိုင်ငံများအနက်မှ မြန်မာနိုင်ငံတွင် Shwe Zabu River View Complex တွင်သာ ပထမဆုံးတပ်ဆင်ထားခြင်း၊Multi Layer Pipe များအတွက် ၁၀နှစ်အာမခံ ပေးထားခြင်း။
- ရေသုံးစွဲမှု ပြည့်စုံလုံလောက်စေရန် စည်ပင်သာယာရေ အပြင် အရံအသုံးပြုနိုင်ရန်အတွက် အဝီစိတွင်း ၁၀လက်မ(၄တွင်း)ပါရှိခြင်း။

LIFT

- (၁၃-ယောက်)စီး (SCHINDLER LIFT) (၈စီး) တပ်ဆင်ပေးထားခြင်း။
- ဓါတ်လှေကား လုံခြုံရေးအတွက် Double Card Access Security System တပ်ဆင်ပေးထားခြင်း။

SECURITY SYSTEM

- လုံခြုံရေးစနစ်များအတွက် Video Phone, CCTV များတပ်ဆင်ပေးထားခြင်း။
- ဓါတ်လှေကား ဝင်ပေါက်တွင် Security Door များတပ်ဆင်ပေးထားခြင်းကြောင့် အပြင်လူများ မဝင်ရောက်နိုင်ခြင်း။
- Basement Car Packing အတွက် Card System ဖြင့် (Auto Gate Barrier) များတပ်ဆင်ပေးထားခြင်းကြောင့် ပြင်ပကားများ ဝင်ရောက်မရပ်နားနိုင်ခြင်း။

AUTOMATIC FIRE PROTECTION SYSTEM

- မီးဘေးအန္တရာယ် ကာကွယ်ရန်အတွက် (ဂါလံ- ၃၀၀၀၀ ဆံ့) မီးသတ်ရေကန်ထားရှိပေးခြင်း။
- မီးငြိမ်းသတ်စနစ်များ၊ Fire Alarm System များတပ်ဆင်ပေးထားခြင်း။

PUBLIC AREA

- Relax Area တွင် မိသားစုများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန် Green Area များပါရှိခြင်း။
- သာရေးနာရေးခန်းမ အတွက်လူ (၅၀)ဆံ့ ခန်းမကျယ်ပါရှိခြင်း။
- ၂၄နာရီ လူသုံးကုန်ပစ္စည်းများ အလွယ်တကူ ဝယ်ယူနိုင်ရန် Mini Mart ပါရှိခြင်း။
- ကလေးများအတွက် Playground (Professional) ပါရှိခြင်း။
- မိသားစု(၁၉ယောက်) ကြည့်ရှုခံစားနိုင်မည့် Karaoke & Home Theatre ပါရှိခြင်း။
- Ambassador Lounge/ Spa/ Gym Room(Professional0 ပါရှိခြင်း။
- မြစ် View ကိုတွေ့မြင် ခံစားနိုင်မည့် Swimming Pool ပါရှိခြင်း။

TYPE

- ကွန်ဒိုနေမိသားစုများ သက်တောင့်သက်သာစွာ နေထိုင်နိုင်ရန်အတွက် ကျယ်ဝန်းသော အခန်းဖွဲ့စည်း ပုံများဖြင့် (၂၁၀၀- စတုရန်းပေ၊၂၂၀၀- စတုရန်းပေ၊ ၂၃၀၀ စတုရန်းပေ)စသည့် အကျယ်အဝန်းများဖြင့် တည်ဆောက်ထားခြင်း။
- လေကောင်းလေသန့်နှင့် အလင်းရောင်ကောင်းစွာ ရရှိနိုင်စေရန် မှန်များတပ်ဆင် ပေးထားခြင်းကြောင့် အသံလုံခြင်း၊ အအေးဓာတ်ကို ထိန်းထားပေးခြင်း။
- အခန်းအတွင်းပိုင်း ပြင်ဆင်မှုများအနေဖြင့် ဧည့်ခန်းနှင့်အိပ်ခန်းများတွင် ကျွန်းပါကေး ခင်းပေးခြင်း၊ ရေချိုးခန်းများ အားလုံးကို ကြွေပြားအပြည့် ကပ်/ခင်း ပေးထားခြင်း။
- ဘိုထိုင်၊ဘေစင်များကို(INAX) အမှတ်တံဆိပ်များ တပ်ဆင်ပေးထားခြင်း။
- မီးဖိုခန်းများကို အဆင့်မြင့် Kitchen Counter & Cabinet များတပ်ဆင်ပေးထားခြင်း၊ မီးဖိုခန်း နံရံနှင့် ကြမ်းခင်းတွင် ကြွေပြားအပြည့် ကပ်၊ခင်းပေးထားခြင်း။
- Air Con: (5MP) City Multi Type (4 Indoor Unit)(HITACHI)တပ်ဆင်ပေးထားခြင်း။
- Centralize Antenna System တပ်ဆင်ပေးထားခြင်းကြောင့် သီးခြား Antenna System များ၊စလောင်းများ တပ်ဆင်ရန်မလိုအပ်ခြင်း။
- လိုင်းဖုန်း(၁-လုံး)ပါရှိခြင်း။
- အိမ်အဝင် Main Door ကိုခန့်ညားလှပသော (YKK AP- Japan အမှတ်တံဆိပ်) Security Door များကို တပ်ဆင်ပေးထားခြင်း။
- ကွန်ဒို အခန်း(၁-ခန်း) စီ အတွက် ကားပါကင် (၁-စီး)ထားရှိပေးခြင်း။

အခြား အိမ်ခြံမြေမိတ်ဆက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)