Vantage Tower ကို ရန်ကုန်ပြည်လမ်းမပေါ်တွင် Myint & Associate Co.,Ltd မှ တည်ဆောက်ခြင်းဖြစ်ပါသည်။ ရန်ကုန်၊ပြည်လမ်းပေါ် အင်းယားကန် အနီးတည်ရှိပြီး ရန်ကုန် လေဆိပ် နှင့် ၇မိုင်ခန့် ၊ မြို့ထဲနှင့် ၅မိုင်ခန့်သာ ကွာဝေးခြင်းကြောင့် သွားလာဆက်သွယ်မှု လွယ်ကူပါသည်။ ထို့အပြင် အင်းယားကန်၊ ရွှေတိဂုံဘုရား၊ မြောက်ဘက်မှာဆို လှိုင်မြစ်စတာတွေ ရှုခင်းခံစားနိုင်တဲ့ အားသာချက်တွေ ရှိကြောင်း သိရပါသည်။
နောက်ထပ် အားသာချက်တစ်ခုကတော့ မြန်မာနိုင်ငံ၏ပထမဆုံး Uptime Institute Tier III Certified Data Centre ပါဝင်ပြီး MPT နဲ့ ရတနာပုံ Teleport တို့က Fibre Cable နဲ့ဆက်သွယ်ထားပါသည်။ ဒီ Data Centre ဟာ ရုံးခန်းလာရောက် ငှားရမ်းလုပ်ကိုင်သူတွေအတွက် လိုအပ်တဲ့ Internet ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးမှဖြစ်တဲ့အပြင် ပြင်ပကနေပြီးColocation Server ငှားရမ်းထားရှိလိုသူတွေ အတွက်လည်း Rack များငှားရမ်းခြင်း၊ လိုအပ်တဲ့ဝန်ဆောင်မှုများ ပေးခြင်းတို့ကိုဆောင်ရွက် ပေးသွားမှာဖြစ်ပါသည်။
အဆောက်အဦးမှာ (A) နှင့် (B) လို့ခွဲခြားထားပြီး အဆောက်အဦး (B) မှာ ကားရပ်နားဖို့နေရာ (၁၄၄) နေရာ ရှိမှာဖြစ်လို့ ရုံးခန်း ငှားရမ်းလိုသူတွေ အတွက် ကားပါကင်နေရာ အခက်အခဲတွေကိုလည်း
ဖြေရှင်းပေးသွားနိုင်မှာ ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားအတွက်လည်း အရံအနေနဲ့ မီးအားပေးစက်(၃)လုံးထားရှိပြီး အဆောက်အဦး တစ်ခုလုံးအတွက် (၁၅၀%) အရံမီးအား ရရှိရေး ဆောင်ရွက်ပေးထားပါသည်။
အဓိကအားဖြင့် လာရောက်ငှားရမ်း လုပ်ကိုင်လိုသူတွေအတွက် လုံခြုံစိတ်ချစွာ လုပ်ကိုင်နိုင်စေရန် 2 Tier Key Card စနစ်ကို အသုံးပြုထားပါသည်။ လုံခြုံရေးဂိတ်ဖြတ်သန်းခြင်း ဓာတ်လှေကားမှာ မိမိသွားလိုရာ အထပ်သို့ တက်ရောက်နိုင်ရန် ခလုတ်နှိပ်ခြင်း စတာတွေဟာ ဒီ Card ပါမှသာ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။ မိမိရဲ့ သတ်မှတ်ထားတဲ့ အထပ်ကနေလွဲပြီးတော့ ကျန်တဲ့အထပ်တွေကို သွားရောက်လို့ မရအောင် Card ထဲမှာ သတ်မှတ်အစီအစဉ်များ ထည့်သွင်းထားပါသည်။