“Kan Thar Yar Centre” ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
8256 ကြိမ် ကြည့်ရှု့ ပြီး

“Kan Thar Yar Centre” ၏ ဖွဲ့စည်း တည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်)

Kan Thar Yar Centre ကို ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊ သိမ်ဖြူယာဉ်မောင်းကွင်း ဟောင်း နေရာရှိ ဧရိယာ(3.53)ဧက ကျယ်ဝန်းသောမြေပေါ်တွင် စတင်တည်ဆောက်လျက်ရှိပါသည်။ ရန်ကုန်မြို့၏ အထင်ကရ နေရာများဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကန်တော်ကြီး စသည် သာယာလှပသော ပတ်ဝန်းကျင်တို့နှင့် နီးကပ်လျက်ရှိသော Mixed Commercial Complex တစ်ခုဖြစ်ပါသည်။

၎င်း Project မှာ ရန်ကုန်မြို့ရှိ အခြားProject များနှင့် ကွာခြားချက်မှာ Hotel, Office Tower, Residence & Service Apartment တို့အပြင် Shopping Mall Area ပါ ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ Residence Area မှာ (317000)Sqft ဖြစ်ပြီး အခန်းပေါင်း (134)ခန်းနှင့် အထပ်ပေါင်း (25) ထပ် ပါဝင်ပါသည်။

Office Area မှာ (392000)Sqft ဖြစ်ပြီး အခန်းပေါင်း (168)ခန်းနှင့် အထပ်ပေါင်း(23) ထပ်ပါဝင်ကာ၊ Service Apartment Area မှာ (367000)Sqft ဖြစ်ပြီး အခန်းပေါင်း (171)ခန်း နှင့် (23)ထပ်၊Hotel Area မှာ(458000)sqft အနေဖြင့် (237)ခန်း ပါဝင်ဖွဲ့စည်းထားပါသည်။
ကားပါကင်အနေဖြင့် Residence တွင် တစ်ခန်းလျှင် တစ်ခုနှုန်းဖြင့် ထည့်သွင်းပေးထားပြီး၊Office Tower,Service Apartment နှင့် Shopping Mall တို့တွင် ကားအစီးရေ (700)ခန့် ရပ်နားနိုင်မည်ဖြစ်သည်။

Residence တွင်အခန်း အမျိုးအစားပေါင်း (3)မျိုး ခွဲခြားထားပြီး တစ်ပေပတ်လည် ပျမ်းမျှဈေးနှုန်းမှာ (3)သိန်း(3)သောင်း ဖြစ်ပြီး၊Office အတွက် တစ်ပေပတ်လည်ဈေးနှုန်းမှာ (3)သိန်း(6)သောင်း ဖြစ်သည်။ အခန်းများကို ကြိုတင်ရောင်းချလိုက်ရှိပြီး ၊Residence အနေဖြင့် (70)%၊ Office အနေဖြင့် (30)% ရောင်းချပြီးဖြစ်ပါသည်။

အခြား အိမ်ခြံမြေမိတ်ဆက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)