Shwe Zawana Condominium ကို အထပ်ပေါင်း ၁၃ ထပ်ဖြင့် ဖွဲ့စည်းတည်ဆောက်မှာဖြစ်ပြီး အမျိုးအစားအနေဖြင့် Type A ၊Type B ၊ Type E နှင့် Pent House ဟူ၍လေးမျိုးရှိကြောင်း သိရသည်။သံကူကွန်ကရစ်
အဆောက်အအုံ အမျိုးအစားဖြစ်ပြီး အပြင်ဘက်နံရံများကို အချောကိုင်၍
ဆေးအလှသုတ်ပေးခြင်း၊ အတွင်းဘက်နံရံများကိုအုတ်ဖြင့် ဆောက်လုပ်
ပေးပြီးဆေးအလှ သုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
အိမ်အ၀င်တံခါးမကို ကျွန်းတံခါးတပ်ဆင်ပေးခြင်း၊ အိပ်ခန်းများကို ကျွန်းပါကေးခင်းပေးမည်ဖြစ်ကြောင်းသိရသည်။Facillities အနေဖြင့် ရေကူးကန်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ကားပါကင် (တစ်ခန်းလျှင် တစ်စီးနှုန်း) များပါဝင်မည်ဖြစ်ပြီး လုံခြုံရေးအနေဖြင့်လည်း ၂၄ နာရီ လုံခြုံရေးဝန်ဆောင်မှု့၊၂၄နာရီ ဓါတ်လှေကားနှင့် လုံခြုံရေးကဒ်စနစ်၊၂၄နာရီ မီးပေးစနစ်၊CCTV လုံခြုံရေးစနစ်များ ပါဝင်မည်ဖြစ်သည်။
Video လုံခြုံရေးစနစ်၊ အလိုအလျောက် ဖုန်းလိုင်းခွဲစနစ်၊ အလို
အလျောက်မီးငြိမ်းသတ်စနစ်၊ရေသန့်စနစ်၊ အလိုအလျောက်ရေမောင်းစနစ်၊ အမှိုက်စွန့်စနစ်များ တပ်ဆင်ပေးမည်ဖြစ်သည်။အထွေထွေပြုပြင် ထိန်းသိမ်းခြင်းများအတွက် ကျပ်သိန်း ၂၀၀ မတည်ပေးမည်ဖြစ်ကြောင်းလည်း သိရပါသည်။
Nation Light Co,Ltd.
No.59(A),4th St,3rd Ward,Wai Zar Yan Tar Rd,South Okkalapa Tsp,Yangon.
01-566162,09-36209693.