Shwe Gone Emotion Tower ၏ ဖွဲ့စည်းတည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
5751 ကြိမ် ကြည့်ရှု့ ပြီး

Shwe Gone Emotion Tower ၏ ဖွဲ့စည်းတည်ဆောက်မှုပုံစံ ဗီဒီယို မိတ်ဆက် (အိမ်၊ ခြံ၊ မြေ မိတ်ဆက်)

Shwe Gone Emotion Tower သည် ရန်ကုန်မြို့၏စီးပွားရေး အချက်အချာ ကျသော မြို့လယ်တွင် တည်ရှိပြီး Shangri-La Hotel , Sakura Tower, City Hall စသည့် စီးပွားရေးဇုံတွင် တည်ရှိပါသည်။ဆူးလေစေတီတော် နှင့် လွတ်လပ်ရေးပန်းခြံတို့သည် 1-km အတွင်းတွင် တည်ရှိပါသည်။

Ground Floor မှ 3rd Floor အထိ Shopping Centre ပါဝင်ပြီး 4th Floor & 5th Floor မှာ Cinema Hall များပါဝင်မည်ဖြစ်ကြောင်း၊ 6th Floor မှ 17th Floor အထိသည် Office Area အဖြစ်သတ်မှတ်ထားကြောင်း၊ 18th Floor မှ 32th Floor အထိမှာ Condo အခန်းများအဖြစ် ပါဝင်မည် ဖြစ်ကြောင်း သိရပါသည်။

Shwe Gone Emotion Tower ၏ မြေညီထပ်တွင် အမြင့်ပေ(၂၀) ခန့်ရှိသော ဧည့်ခန်းမကြီးနှင့် ကြီးမားကျယ်ပြန့်သော လုပ်ငန်းခွင် အကျယ်အဝန်း ပါဝင်ပါသည်။နိုင်ငံတကာ အဆင့်မှီ နည်းပညာများ၊ ခေတ်မှီဆန်းသစ်သော စနစ်များနှင့် ပံ့ပိုးပေးထားသည့် 5A office ကို မြန်မာပြည်နှင့် မိတ်ဆက်ပေးသည့် အဆောက်အအုံ ဖြစ်ပါသည်။

အခန်းတိုင်းတွင် သီးသန့် central air-conditioning ပါဝင်သောကြောင့် အပူချိန်နှင့် စိုထိုင်းခြင်းတို့ကို အသေအချာ ထိန်းချုပ်နိုင်စေသည့် အပြင် ပုံမှန် ထပ်ပို၍ ချွေတာပေးပါသည်။8.5ft/s High Speed ဓာတ်လှေကားကို အသုံးပြုထားပြီး လုပ်ငန်းခွင်အတွက် အချိန်ကိုချွေတာပေးပါသည်။

Basement (4)ထပ်မှာ ကားအစီးရေ(၁၆၄)စီး အတွက် ကားပါကင်ထားရှိပြီး Fully Automated System အသုံးပြုထားခြင်းကြောင့် ကားရပ်နားရန်နေရာအတွက် အချိန်ကုန်သက်သာစေပြီး ခလုတ်တစ်ချက် နှိပ်ရုံဖြင့် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာမည်
ဖြစ်ကြောင်း သိရပါသည်။Shwe Gone Emotion Tower သည် အမြင့်ပေ 360 ပေရှိပြီး 2015ခုနှစ် နောက်ပိုင်းတွင် အကောင်းဆုံး Project ဖြစ်လာနိုင် ပါသည်။

အခြား အိမ်ခြံမြေမိတ်ဆက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)