“Grand Mya Kan Thar” Condominium Project ၏ ဖွဲစည်း တည်ဆောက်မှုပုံစံ ဗီဒီယို (အိမ်၊ ခြံ၊ မြေ မိတ်ဆက်) - Property Guide from iMyanmarHouse.com
9535 ကြိမ် ကြည့်ရှု့ ပြီး

“Grand Mya Kan Thar” Condominium Project ၏ ဖွဲစည်း တည်ဆောက်မှုပုံစံ ဗီဒီယို (အိမ်၊ ခြံ၊ မြေ မိတ်ဆက်)

Grand Mya Kan Thar Condominium ကို တကောင်ဘွားကုမ္ပဏီမှ
မြကန်သာအိမ်ရာ၊ လှိုင်မြို့နယ်တွင် တည်ဆောက်နေပါသည်။Grand Mya Kan Thar Condominium Project ကို(၂၈)နိုဝင်ဘာ(၂၀၁၄)ခုနှစ်မှ စတင်ခဲ့ပြီး (၃)နှစ်စီမံကိန်း ဖြစ်ကြောင်း သိရပါသည်။ ထို Condo တွင် Ground Floor အပါအဝင် အထပ်စုစုပေါင်း (၁၈)ထပ်ပါဝင်ပြီး ကားပါကင်(၄)လွှာတွင် ကားအစီးရေ(၃၃၀)ခန့် နေရာကျယ်ဝန်းမည် ဖြစ်သည်။

(၅)လွှာမှ (၁၆)လွှာအထိ လူနေခန်းများဖြစ်ပြီး (၁၇)လွှာ နှင့် (၁၈)လွှာတို့တွင် Pent House များထည့်သွင်းတည်ဆောက်ထားကြောင်း သိရပါသည်။(၅)လွှာ နှင့် (၆)လွှာတွင် Relax Area များအပြင် လူနေအိမ် (၅)ခန်းနှုန်း၊ (၇)လွှာ မှ (၁၆)လွှာအထိ တစ်လွှာတွင်(၇)ခန်းနှုန်း တာဝါနှစ်ခုဖြစ်၍ (၁၄)ခန်း၊ Pent House (၁၂)ခန်း စုစုပေါင်း(၁၇၂)ခန်း ပါဝင်မည် ဖြစ်ကြောင်း သိရပါသည်။အခန်းဖွဲ့စည်းမှုပုံစံ (၇)မျိုးရှိပြီး အခန်းအကျယ်အဝန်းမှာ အနည်းဆုံး (1348 sqft) မှ အများဆုံး(2169 sqft) ထိကျယ်ဝန်းပါသည်။

အခန်းတိုင်းတွင် (3)bedrooms, maid`s room, living room, shine area, kitchen room အပြင် အကျယ်အဝန်းပေါ်မူတည်၍ စတိုခန်းလေးများ ပါဝင် ဖွဲ့စည်းထားပါသည်။Safety ပိုင်း နှင့် ပတ်သက်၍ ၂၄နာရီ လုံခြုံရေးဝန်ထမ်းများ၊ CCTV များ၊ Fire Alarmများ၊ အလွှာတိုင်းတွင် Security System များ ထည့်သွင်းထားပြီး နေထိုင်သူများ အနေဖြင့် မိမိတို့နေထိုင်ရာ အလွှာသို့သာ ဝင်ထွက်သွားလာနိုင်ရန် စီစဉ်ထားပါသည်။

အခြား အိမ်ခြံမြေမိတ်ဆက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)