[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အောင်မင်္ဂလာအဝေးပြေးအနီးရှိ သဇင်ဗီလာမြေကွက်များ အရောင်းပြပွဲကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ Thazin Villa တည်ရှိရာ မြောက်ဥက္ကလာမြို့နယ်၊ သဇင်လမ်းနှင့် ဆဒ္ဒန်လမ်းထောင့် ၊ ဌရပ်ကွက်တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
အရောင်းပြပွဲအတွင်း ပထမဆုံးဝယ်ယူသူ (၁၀) ဦးအတွက် ပရိုမိုးရှင်း ခံစားခွင့်များရရှိခဲ့ပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့်အပြင် 100% Bank Transfer ဖြင့် ငွေပေးချေဝယ်ယူနိုင်ခွင့် တို့ကြောင့် ရောင်းအားကောင်းခဲ့ကြောင်းသိရသည်။
Thazin Villa သည် မြောက်ဥက္ကလာမြို့နယ်၊ သဇင်လမ်းနှင့် ဆဒ္ဒန်လမ်းထောင့် ၊ ဌရပ်ကွက်တွင်တည်ရှိပြီး ၅.၅ ဧကရှိသော ဂရန်မြေပေါ်တွင် ဖော်ဆောင်နေခြင်းဖြစ်သည်။ ပေ (၄၀ x ၆၀) အကျယ်ရှိသောမြေကွက်များဖြစ်ပြီး စုစုပေါင်း အကွက် (၈၀) ပါရှိမည်ဖြစ်သည်။
စီမံကိန်းအတွင်း ပေ ၃၀ အကျယ်ရှိသော ကွန်ကရစ်လမ်းခင်းပေးခြင်း ၊ မြေညှိပေးခြင်း ၊ ခြံရှေ့အရောက်မီးသွယ်တန်းပေးခြင်းနှင့် Transformer ထိုင်ပေးခြင်းတို့ကို မြေပိုင်ရှင်ဘက်မှ ပြုလုပ်ပေးမည်ဖြစ်သည်။ အနီးအနားတွင် အောင်မင်္ဂလာအဝေးပြေး ၊ Terminal M Shopping Centre ၊ သီရိရတနာလက်ကားဈေးတို့ရှိပြီး ဝေဘာဂီဆေးရုံ ၊ ဝေဘာကီဈေး၊ မင်္ဂလာဒုံလေဆိပ်၊ နွယ်သာကီဈေး၊ ဈဈေး၊ မြောက်ဥက္ကလာဆေးရုံ၊ ဒဂုံတက္ကသိုလ် စသည့်နေရာများသို့လည်း အချိန်တိုအတွင်း သွားရောက်နိုင်မည်ဖြစ်သည်။
“ ဒီ Thazin Villa ဟာ သွားလာရလွယ်ကူလို့ ဝယ်ယူသူတွေကြိုက်ကြတဲ့အပြင် အရောင်းပြပွဲအတွင်းမှာလည်း ပထမဆုံးဝယ်ယူ (၁၀) ဦးကို အထူးပရိုမိုးရှင်းအစီအစဉ် ၊ အရစ်ကျစနစ်ဝယ်ယူခွင့်တို့အပြင် 100% Bank Transfer တို့နဲ့ ငွေလက်ခံပေးခဲ့တာကြောင့် ရောင်းအားကောင်းခဲ့ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
အထူးပ႐ိုမိုး႐ွင္းမ်ားျဖင့္ေရာင္းခ်ေပးခဲ့သည့္ ေအာင္မဂၤလာအေဝးေျပးအနီး႐ွိ သဇင္ဗီလာ ေျမကြက္မ်ားအေရာင္းျပပြဲကို ဝယ္ယူသူစည္စည္ကားကားနဲ႔ က်င္းပျပဳလုပ္ခဲ့
ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ ႀကီးမႉး၍ ေအာင္မဂၤလာအေဝးေျပးအနီး႐ွိ သဇင္ဗီလာေျမကြက္မ်ား အေရာင္းျပပြဲကို ၂၀၂၃ ခုႏွစ္၊ဇန္နဝါရီလ ၂၁ ရက္ႏွင့္ ၂၂ ရက္ (စေန၊ တနဂၤေႏြ) ေန႔မ်ားတြင္ မနက္ ၉ နာရီမွ ညေန ၅ နာရီအထိ Thazin Villa တည္႐ွိရာ ေျမာက္ဥကၠလာၿမိဳ႕နယ္၊ သဇင္လမ္းႏွင့္ ဆဒၵန္လမ္းေထာင့္ ၊ ဌရပ္ကြက္တြင္ ေအာင္ျမင္စြာက်င္းပျပဳလုပ္ခဲ့သည္။
အေရာင္းျပပြဲအတြင္း ပထမဆုံးဝယ္ယူသူ (၁၀) ဦးအတြက္ ပ႐ိုမိုး႐ွင္း ခံစားခြင့္မ်ားရ႐ွိခဲ့ၿပီး အရစ္က်စနစ္ျဖင့္ ဝယ္ယူႏိုင္သည့္အျပင္ 100% Bank Transfer ျဖင့္ ေငြေပးေခ်ဝယ္ယူႏိုင္ခြင့္ တို႔ေၾကာင့္ ေရာင္းအားေကာင္းခဲ့ေၾကာင္းသိရသည္။
Thazin Villa သည္ ေျမာက္ဥကၠလာၿမိဳ႕နယ္၊ သဇင္လမ္းႏွင့္ ဆဒၵန္လမ္းေထာင့္ ၊ ဌရပ္ကြက္တြင္တည္႐ွိၿပီး ၅.၅ ဧက႐ွိေသာ ဂရန္ေျမေပၚတြင္ ေဖာ္ေဆာင္ေနျခင္းျဖစ္သည္။ ေပ (၄၀ x ၆၀) အက်ယ္႐ွိေသာေျမကြက္မ်ားျဖစ္ၿပီး စုစုေပါင္း အကြက္ (၈၀) ပါ႐ွိမည္ျဖစ္သည္။
စီမံကိန္းအတြင္း ေပ ၃၀ အက်ယ္႐ွိေသာ ကြန္ကရစ္လမ္းခင္းေပးျခင္း ၊ ေျမညႇိေပးျခင္း ၊ ျခံေ႐ွ႕အေရာက္မီးသြယ္တန္းေပးျခင္းႏွင့္ Transformer ထိုင္ေပးျခင္းတို႔ကို ေျမပိုင္႐ွင္ဘက္မွ ျပဳလုပ္ေပးမည္ျဖစ္သည္။ အနီးအနားတြင္ ေအာင္မဂၤလာအေဝးေျပး ၊ Terminal M Shopping Centre ၊ သီရိရတနာလက္ကားေဈးတို႔႐ွိၿပီး ေဝဘာဂီေဆး႐ုံ ၊ ေဝဘာကီေဈး၊ မဂၤလာဒုံေလဆိပ္၊ ႏြယ္သာကီေဈး၊ ဈေဈး၊ ေျမာက္ဥကၠလာေဆး႐ုံ၊ ဒဂုံတကၠသိုလ္ စသည့္ေနရာမ်ားသို႔လည္း အခ်ိန္တိုအတြင္း သြားေရာက္ႏိုင္မည္ျဖစ္သည္။
“ ဒီ Thazin Villa ဟာ သြားလာရလြယ္ကူလို႔ ဝယ္ယူသူေတြႀကိဳက္ၾကတဲ့အျပင္ အေရာင္းျပပြဲအတြင္းမွာလည္း ပထမဆုံးဝယ္ယူ (၁၀) ဦးကို အထူးပ႐ိုမိုး႐ွင္းအစီအစဥ္ ၊ အရစ္က်စနစ္ဝယ္ယူခြင့္တို႔အျပင္ 100% Bank Transfer တို႔နဲ႔ ေငြလက္ခံေပးခဲ့တာေၾကာင့္ ေရာင္းအားေကာင္းခဲ့ပါတယ္ ” ဟု ျပပြဲစီစဥ္က်င္းပသည့္ iMyanmarHouse.com ၏ မန္ေနဂ်င္းဒါ႐ိုက္တာျဖစ္သူ ဦးေနမင္းသူက ေျပာၾကားသြားသည္။
iMyanmarHouse.com
အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း
ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္
ျမန္မာႏိုင္ငံသားတိုင္းအိမ္ပိုင္ဆိုင္ႏိုင္ေစရမည္