922 ကြိမ် ကြည့်ရှု့ ပြီး
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ 7 Mile ကွန်ဒို အရောင်းပြပွဲ အထူးပရိုမိုးရှင်း အရောင်းပြပွဲကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၇ နှင့် ၈ ရက်(စနေ၊ တနင်္ဂနွေ)နေ့များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အမှတ် ၂၉ ၊ ပြည်လမ်း ၊ (၇) မိုင် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ရှိ  7 Mile ကွန်ဒို  တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
ပြပွဲ နှစ်ရက်အတွင်း ပထမဦးဆုံး ဝယ်ယူသူ (၅) ဦးအတွက် 25% Discount နှင့် အထူး Cash Back၊ အတိုးမဲ့ အရစ်ကျစနစ် နှင့် 100% Bank Transfer ဖြင့်ဝယ်ယူခွင့်များ စသည်တို့ဖြင့် ရောင်းချခဲ့သည်။
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
အမှတ် ၂၉ ၊ ပြည်လမ်း ၊ (၇) မိုင် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့တွင်တည်ရှိသော 7 Mile ကွန်ဒို  သည် ဘိုးဘွားပိုင်မြေပေါ်မှာ တည်ဆောက်ထားသည့်အပြင် ဝယ်ယူသူများအတွက် မြေအချိူးကျပိုင်ဆိုင်ခွင့်လည်းပါရှိပါသည်။ အခန်းအမျိုးအစားများ အနေဖြင့် မိမိအခန်းတွင်းမှ CIty View နှင့် Inya View တို့ကို ကြည့်ရှုခံစားနိုင်မည့် 2 bedroom/ 3 bedroom တို့ကို ရွေးချယ်နိုင်မည် ဖြစ်သည်။
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
7 Mile ကွန်ဒို  တွင် အားကစားခန်းမ ၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ ကားပါကင် ၊ ဓါတ်လှေကား ၊ Visitor Lounge ၊ BBQ Area စသည့် Luxury Facilities များ ပါဝင်နေသည့်အပြင် ကွန်ဒိုနေသူများ အဆင်ပြေစေရန် ၂၄ နာရီလုံခြုံရေး ၊ CCTV ၊ Fire Guard System ၊ Car Card System ၊ Smart Lock System ၊ Rubbish Tube (အမှိုက်ပစ်စနစ်) စသည့် နည်းပညာမြင့် လုံခြုံရေးနည်းစနစ်များ ထည့်သွင်းဆောက်လုပ်ထားသည့် အတွက် နေထိုင်သူများရဲ့ လုံခြုံရေးကို အပြည့်အဝစိတ်ချနိုင်မည် ဖြစ်သည်။ ဒါ့အပြင် ကားပါကင် လုံလုံလောက်အသုံးပြုနိုင်ရန် Basement မှ (၄)လွှာအထိ ကားပါကင်ပါရှိသည့် အပြင် ငွေကြေးရေးကိစ္စများကို အလွယ်တကူဆောင်ရွက်နိုင်ရန် KBZ ဘဏ်ခွဲလည်း ပါရှိသည်။ ကွန်ဒိုတည်ရှိရာ နေရာမှ အင်းယားကန် ၊ ရွှေတိဂုံဘုရား ၊ ရန်ကုန်တက္ကသိုလ် ၊ လှိုင်တက္ကသိုလ် ၊ TTC လေ့ကျင့်ရေးကျောင်း ၊ Marketplace ၊ ကန်သာယာဆေးရုံ ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကိုလည်း အလွယ်တကူသွားလာနိုင်သောကြောင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူလှပါသည်။
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
“ကွန်ဒိုတစ်ခုဝယ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားရတဲ့ ကျောင်း ၊ ဆေးရုံ ၊ ဈေးဝယ်စင်တာ စတာတွေနဲ့လည်းနီးတဲ့အပြင် Inya View ၊ City View နဲ့ အပန်းဖြေနိုင်မယ့် ကွန်ဒိုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ 7 Mile ကွန်ဒို  ကို ရွေးချယ်သင့်ပါတယ်။ ပြပွဲအတွင်းမှာလည်း အထူးအခွင့်အရေးတွေနဲ့ ရောင်းချပေးခဲ့ပါတယ်။” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
နှစ်ကူးမှာ အသစ်ထူးတဲ့ခံစားခွင့်တွေနဲ့ ရောင်းချပေးသွားခဲ့တဲ့ 7 Mile ကွန်ဒိုအရောင်းပြပွဲ အထူးပရိုမိုးရှင်း
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
iMyanmarHouse.com
အခြား အိမ်ခြံမြေ ပွဲစဉ်များ
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App