1254 ကြိမ် ကြည့်ရှု့ ပြီး

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 

[Unicode]

 

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍  ရွှေတောင်ဆောက်လုပ်ရေး  ၏  ပုဏ္ဏမီအိမ်ရာ  ရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း အရောင်းပြပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့နှင့် ၂၀၂၃ ဇန်နဝါရီလ (၁) ရက်နေ့များတွင် မနက် (၁၀)နာရီမှ ညနေ (၅)နာရီထိ ၊ ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Ponnami Estate Sales Gallery တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 


ပြပွဲ (၂) ရက်အတွင်း ပထမဆုံး ဝယ်ယူသူ (၅) ဦးအတွက် ၁၅% အထိ သက်သာခွင့် ၊ အတိုးမဲ့အရစ်ကျစနစ်တို့ဖြင့် ဝယ်ယူနိုင်သည့်အပြင် 100% Bank Transfer တို့ဖြင့်ငွေပေးချေနိုင်သည့် အခွင့်အရေးများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဒါ့အပြင် အထူးပရိုမိုးရှင်းအဖြစ် Eskala Hotel Package ( 2 Nights ) ၊ Luxury Pillows x 2 pcs (500,000MMK) ၊ Junction City Gift Voucher (100,000MMK) ၊ Derm Derm Toothpaste (Adult 1 + Kid 1 ) တို့ကို လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 


ပုဏ္ဏမီအိမ်ရာ   စီမံကိန်းကြီးသည် (၆၂) ဧကကျော် ကျယ်သည့် စီမံကိန်းကြီးဖြစ်ပြီး ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိသည်။ (၄၀ x ၇၀) ပေ ၊ (၃၅ x ၆၅) ပေ ကျယ်ဝန်းသည့်မြေကွက်များနှင့် (2110 sqft) ကျယ်ဝန်းသည့်လုံးချင်းအိမ်များဖြစ်သည်။ လုံးချင်းအိမ်ဝယ်ယူသူများအနေဖြင့် ဂရန်အမည်ပေါက်ရရှိမည်ဖြစ်ပြီး Cherry ၊ Rose ၊ Mahogany & Teak အိမ်ပုံစံထဲမှ မိမိကြိုက်နှစ်သက်သည့် အိမ်ဒီဇိုင်း (၄) မျိုးရွေးချယ်နိုင်သည်။ 1 MBR ၊ 3 BR အခန်းများပါဝင်ပြီး (2110 sqft) ကျယ်ဝန်းသည့်လုံးချင်းအိမ်များ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အခန်းတိုင်းကို လေဝင်လေထွက်ကောင်းမွန်၍ သဘာဝအလင်းရောင် လုံလောက်စွာရရှိအောင် ဖွဲ့စည်းထားသည်။ ရေဆိုးစွန့်ထုတ်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေသည့် မိလ္လာကန်စနစ်လည်း ထည့်သွင်းတည်ဆောက်ပေးမည်ဖြစ်သည်။ Developer ကိုယ်တိုင် Property Management (အိမ်ရာထိန်းသိမ်းရေး ဝန်ဆောင်မှု) ကို တာဝန်ယူထားသောကြောင့် အိမ်ရာအတွင်း နွေးထွေးလုံခြုံစိတ်ချစွာဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 

အနားယူအပန်းဖြေရန် ပန်းခြံ ၊ ကလေးကစားကွင်း ၊ ပြေးလမ်း ၊ စက်ဘီးလမ်း ၊ လျှောက်လမ်းနှင့် ချောင်းတလျှောက်ပန်းဥယျာဉ်နှင့် Swimming Pool ၊ Club House တို့ပါရှိမည်ဖြစ်သည်။ Super Market ၊ School ၊ Health Care Center များဖွင့်ရန် နေရာများပါရှိသောကြောင့် စီးပွားရေးရင်းနှီးမြုပ်နှံလိုသူများအတွက်လည်း အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။စီမံကိန်းကြီးတစ်ခုလုံးတွင် Commercial ၊ Residential ၊ မြေကွက်များ ၊ လုံးချင်းအိမ်များ ၊ တိုက်ခန်းများ ၊ Shophouse များ အားလုံးပါဝင်မည်ဖြစ်သည်။

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

“ ဒီ  ပုဏ္ဏမီအိမ်ရာ   စီမံကိန်းကြီးကို Snow Garden ၊ University Park Residences ၊ Malikha Housing နဲ့ အခြားနာမည်ကြီး စီမံကိန်းတွေကို အကောင်အထည်ဖော်တည်ဆောက်ထားပြီး နှစ် ၃၀ ကျော် သက်တမ်းရှိ၊ ယုံကြည်စိတ်ချရတဲ့   Shwe Taung Group  မှ အကောင်အထည်ဖော် တည်ဆောက်ထားတာပါ။ Estate တစ်ခုလုံးရဲ့ Property Management ကို Developer ကိုယ်တိုင်တာဝန်ယူထားပြီး Fiber to Home system ကွန်ယက်ဆက်သွယ်ခြင်း၊ 24 Hours CCTV နဲ့ လုံခြုံရေးဝန်ထမ်းစောင့်ကြပ်ပေးမယ့် Double Gated ဖြစ်လို့ အိမ်ရာအတွင်း နေထိုင်သူများအတွက် လုံခြုံစိတ်ချမှု ပိုမိုရရှိနိုင်ခြင်း၊ ရေရှည်အတွက်ကုန်ကျစရိတ်လည်းသက်သာ Green & Sustainable အထောက်အပံ့လည်းဖြစ်အောင် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးထားတဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 

ရွှေတောင်ဆောက်လုပ်ရေး၏ ပုဏ္ဏမီအိမ်ရာရှိ (ဂရန်အမည်ပေါက်) မြေကွက်နှင့် လုံးချင်းအိမ်များ နှစ်သစ်ကူးအထူးပရိုမိုးရှင်း

 

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

 

 

[Zawgyi]

 


 







 


 

 

iMyanmarHouse.com




 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App