[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးကို ၂ဝ၂၃ ခုနှစ် ၊ မတ်လ (၂၅) ရက်နေ့ နှင့် (၂၆)ရက်၊ စနေ ၊ တနင်္ဂနွေနေ့များတွင် နံနက် (၉) နာရီမှ ညနေ(၅) နာရီထိ Pan Pacific Hotel (Level R) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲအခမ်းအနားကို
(1) iMyanmarHouse.com ၏ Managing Director U Nay Min Thu
(2) Main Sponsor အဖြစ် ပါဝင်ပြသပါသော AYA Bank မှ DY Manager Ma Tin Hsu Mon Bo
(3) Diamond Sponsor အဖြစ် ပါဝင်ပြသပါသော Taunggyi Garden City မှ Director U Wai Phyo Chal
(4) Diamond Sponsor အဖြစ် ပါဝင်ပြသပါသော Wa Minn Corporation မှ CEO U Htate Kun Naung Myint Wai
တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပွဲအခမ်းအနားကို အစပြုခဲ့သည်။
ယခုကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးတွင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ အိမ်ရာစီမံကိန်းပေါင်းများစွာကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပြီး မိသားစုဝင်ငွေဖြင့် အိမ်ရာချေးငွေ (Home Loan) အသေးစိတ်တွက်ချက်လိုသူများလည်း တက်ရောက်လေ့လာနိုင်သည်။ ဒါ့အပြင် အိမ်ခြံမြေဥပဒေကိစ္စများ ဆွေးနွေးအဖြေရှာလိုသူများအတွက် Legal Service ဝန်ဆောင်မှုများကိုလည်း One Stop ရယူနိုင်သည်။
ပြပွဲအတွင်း သိန်း သုံးရာ (၃၀၀) ကျော်မှ စသည့် တိုက်ခန်းများ၊ သိန်း နှစ်ထောင် (၂၀၀၀) ကျော်မှစသည့်ကွန်ဒိုများ၊ ရန်ကုန်၊ တောင်ကြီး ၊ ပြင်ဦးလွင် ၊ ကလော စသည့်တို့မှ မြေကွက်နှင့် လုံးချင်းအိမ်များကို (၂၅) နှစ် အထိ အိမ်ရာချေးငွေဖြင့် ရောင်းချပေးခဲ့သည်။
ပွဲကြီးအတွင်းတွင် iMyanmarHouse.com Facebook Page ရဲ့ Top Fan ပရိတ်သတ်များကို ကျေးဇူးတုံ့ပြန် မေတ္တာလက်ဆောင်အနေနဲ့ (ပထမဆု) Samsung Phone အသစ်စက်စက်တစ်လုံး၊ (ဒုတိယဆု) ရွှေလက်စွပ်တစ်ကွင်း၊ (တတိယဆု) ရွှေပီချုးလက်ကောက်တစ်ကွင်း အပြင် ငါးထောင်ကျပ်တန် ၊ တစ်သောင်းကျပ်တန် Phone Bill များကိုလည်း လူဦးရေ အယောက် လေးဆယ် (၄၀)အတွက် မဲဖောက်ပေးသွားခဲ့သည်။
ယခု အရောင်းပြပွဲကြီးတွင် Main Sponsor အဖြစ် AYA Bank ၊ Diamond Sponsors များအဖြစ် Taunggyi Garden City ၊ Wa Minn Group of Companies ၊ Green Stone Realty ၊ Golden City ၊ Yangon Pauk Estate ၊
Gold Sponsors များအဖြစ် KER Residence ၊ Yoma Bank ၊ Shwe Zabu Deik ၊ Yoma Land ၊ Royal Hill Resort Other Sponsors များအဖြစ် Shwe Bank ၊ Pannita Condominium ၊ Emerald Bay ၊ Shwe Moe Kaung Condominium ၊ Royal Aung Myanmar Construction ၊ Taw Win Family Construction Company ၊ Forever Yay Wati Company တို့မှ ပါဝင်ပြသရောင်းချခဲ့သလို အခြားအခြားသော အိမ်ခြံမြေလုပ်ငန်းပေါင်းများစွာလည်း ပါဝင်ပြသရောင်းချခဲ့သည်။
ထိုပွဲအတွင်းတွင် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ ကလော မြို့များရှိ နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီပေါင်းများစွာ ၊ ဆောက်လုပ်ပြီး ၊ ဆောက်လုပ်ဆဲ တိုက်ခန်း ၊ ကွန်ဒိုနှင့် LUXURY ကွန်ဒိုများ ၊ မြေကွက်သီးသန့်ဝယ်လိုသူများအတွက် ခိုင်မာတဲ့မြေကွက်များ ၊ လုံးချင်းအိမ်များ စသည်တို့ကို အရစ်ကျစနစ်များ ၊ အထူးလျှော့ဈေးနှုန်းများ ၊ ဘဏ်ချေးငွေများဖြင့် ဝယ်ယူရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးခဲ့သည်။
“အခု ဒီအရောင်းပြပွဲကတော့ (၁၄)ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးဖြစ်ပါတယ်။ အရောင်းပြပွဲကြီးအတွင်း ဝယ်ယူခဲ့ကြသူများကိုလည်း အတိုးမဲ့အရစ်ကျ စနစ်များ ၊ အထူးလျှော့ဈေးနှုန်းများ၊ ဘဏ်ချေးငွေများ ၊ အကောင်းဆုံးငွေချေစနစ်များ ၊ နှစ်ရှည်အရစ်ကျစနစ်များ ၊ ခိုင်မာမှုရှိသည့် စာချုပ်စာတမ်းများဖြင့် ရောင်းချပေးခဲ့ပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး
ထိုပွဲအတွင်းတွင် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ ကလော နှင့် နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီပေါင်းများစွာ ၊ ဆောက်လုပ်ပြီး ၊ ဆောက်လုပ်ဆဲ တိုက်ခန်း ၊ ကွန်ဒိုနှင့် LUXURY ကွန်ဒိုများ ၊ မြေကွက်သီးသန့်ဝယ်လိုသူများအတွက် ခိုင်မာတဲ့မြေကွက်များ ၊ လုံးချင်းအိမ်များ စသည်တို့ကို အရစ်ကျစနစ်များ ၊ အထူးလျှော့ဈေးနှုန်းများ ၊ ဘဏ်ချေးငွေများဖြင့် ဝယ်ယူရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးခဲ့သည်။
iMyanmarHouse.com