957 ကြိမ် ကြည့်ရှု့ ပြီး
ဝယ်ယူသူအမည်ပေါက် Owner Book ရရှိမည့် Dagon Center II ကွန်ဒိုအခန်းများ သီတင်းကျွတ်အထူးပရိုမိုးရှင်း
[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ပြည်လမ်းမကြီးနှင့် ဗားဂရာလမ်းထောင့် စမ်းချောင်းမြို့နယ်တွင် တည်ရှိသော Dagon Center II သီတင်းကျွတ်ပရိုမိုးရှင်း ကွန်ဒိုအရောင်းပြပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ နှင့် ၁၆ရက် (စနေ၊ တနင်္ဂနွေနေ့) များတွင် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ  Dagon Centre II  (ပြည်လမ်းမကြီးနှင့် ဗားဂရာလမ်းထောင့် စမ်းချောင်းမြို့နယ်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝယ်ယူသူအမည်ပေါက် Owner Book ရရှိမည့် Dagon Center II ကွန်ဒိုအခန်းများ သီတင်းကျွတ်အထူးပရိုမိုးရှင်း
သီတင်းကျွတ်ပရိုမိုးရှင်းအစီအစဉ်များအနေဖြင့် အရောင်းပြပွဲနှစ်ရက်အတွင်း ဝယ်ယူပါက အထူးသက်သာခွင့်များ၊ 100% Bank Transfer၊ Standard Decoration Package၊ KBZ နှင့် Yoma Bank တို့ဖြင့် ၁၅ နှစ် ဘဏ်အရစ်ကျစနစ်ပေးချေခွင့်တို့ဖြင့် ရောင်းချပေးခဲ့ရာ ရောင်းအားကောင်းခဲ့ကြောင်း သိရှိရသည်။
ဝယ်ယူသူအမည်ပေါက် Owner Book ရရှိမည့် Dagon Center II ကွန်ဒိုအခန်းများ သီတင်းကျွတ်အထူးပရိုမိုးရှင်း
Dagon Center II  ကွန်ဒိုသည် ပြည်လမ်းမကြီးနှင့် ဗားဂရာလမ်းထောင့် စမ်းချောင်းမြို့နယ်တွင် တည်ရှိပြီး (၁၆) ထပ်အမြင့်ရှိသော အဆောက်အဦးတစ်ခု ဖြစ်ပါသည်။ မြေညီမှ (၆) လွှာအထိသည် Dagon Center II Shopping Centre ဖြစ်ပါသည်။ Residence အခန်းများသည် (၇) လွှာမှ (၁၅) လွှာထိ ဖြစ်ပြီး၊ (၁၆) လွှာကို Penthouse အဖြစ်တည်ဆောက်ထားပါသည်။
ဝယ်ယူသူအမည်ပေါက် Owner Book ရရှိမည့် Dagon Center II ကွန်ဒိုအခန်းများ သီတင်းကျွတ်အထူးပရိုမိုးရှင်း
(၁) လွှာတွင် (၅) ခန်းသာရှိသဖြင့် သီးသီးသန့်သန့် နေထိုင်လိုသူများအတွက် အလွန်အဆင်ပြေမှာ ဖြစ်ဖြစ်ပါသည်။ အခန်းအတွင်းမှ ရွှေတိဂုံဘုရားကို ဖူးမျှော်နိုင်သော အခန်းများအပြင် City View အခန်းများကိုလည်း ရောင်းချခဲ့ပါသည်။ ကွန်ဒို Facilities များအနေဖြင့် 24 Hrs Security Service ၊ Security Card System ၊ Lift ၊ GYM ၊ Basement Car-parking ၊ Generator(For Public Area) တို့ ပါရှိပါသည်။ ကွန်ဒိုတည်နေရာသည်လည်း ပြည်လမ်းမကြီးတွင် တည်ရှိသောကြောင့် အနီးအနားတွင် ကျောင်း ၊ ဆေးရုံ ၊ ဆေးခန်းများ အများအပြားလည်းရှိနေမှာဖြစ်ပါသည်။
ဝယ်ယူသူအမည်ပေါက် Owner Book ရရှိမည့် Dagon Center II ကွန်ဒိုအခန်းများ သီတင်းကျွတ်အထူးပရိုမိုးရှင်း
“ဒီ  Dagon Center II   ကွန်ဒိုဟာ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ မြေနီကုန်းလမ်းဆုံမှာ တည်ဆောက်ထားတာဖြစ်လို့ သွားရလာရ လွယ်ကူအဆင်ပြေစေမှာပါ။ BCC ကျပြီးသားဖြစ်လို့ အသင့်နေထိုင်နိုင်မှာ ဖြစ်တဲ့ အပြင် ဝယ်ယူသူအမည်ပေါက် Owner Book ပါရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Dagon Center I နှင့် II သည်လည်း ကွန်ဒိုအောက်မှာ ရှိနေမှာဖြစ်လို့ နေ့စဉ်လိုအပ်ချက်တွေအတွက် တစ်နေရာတည်းမှာ ပြီးပြည့်စုံစေမှာ ဖြစ်ပါတယ်။ ပြပွဲနှစ်ရက်အတွင်းမှာ သီတင်းကျွတ်ပရိုမိုးရှင်းများ၊ အထူးသက်သာခွင့်များနှင့် ရောင်းချပေးခဲ့ပါတယ်။” ဟု ပြပွဲစီစဉ်ကျင်းပသူ iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ပြည်လမ်းမကြီးနှင့် ဗားဂရာလမ်းထောင့် စမ်းချောင်းမြို့နယ်တွင် တည်ရှိသော  Dagon Center II  သီတင်းကျွတ်ပရိုမိုးရှင်း ကွန်ဒိုအရောင်းပြပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ နှင့် ၁၆ရက် (စနေ၊ တနင်္ဂနွေနေ့) များတွင် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ  Dagon Center II (ပြည်လမ်းမကြီးနှင့် ဗားဂရာလမ်းထောင့် စမ်းချောင်းမြို့နယ်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
iMyanmarHouse.com
အခြား အိမ်ခြံမြေ ပွဲစဉ်များ
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App