[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက် တစ်ခုဖြစ်သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အဓိက ကြီးမှူးကျင်းပခဲ့သော KER Residence အရောင်းပြပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်မှ (၂၈) နေ့အထိ ၊ မနက် (၉) နာရီမှ ညနေ (၅)နာရီ ၊ အမှတ် (၆၅)၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်မှာရှိသည့် KER Residence တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
KER Residence ကို (၁၀၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်သောကြောင့် အသင့်နေထိုင်နိုင်မှာဖြစ်သည်။ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့်အတွက် ဝယ်ယူသူအနေနှင့် ရာသက်ပန်မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ကြောင်းကိုလည်း သိရှိရသည်။ အခန်းအမျိုးအစားတွေအနေနှင့် အိပ်ခန်း (၂) ခန်း မှ (၆) ခန်း အထိ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း သိရသည်။ တည်နေရာမှာ ရန်ကုန်မြို့၏ အချက်အချာဖြစ်သည့် ကမ္ဘာအေးဘုရားလမ်းပေါ် တည်ရှိတာကြောင့် သွားလာရေး လွယ်ကူအဆင်ပြေမှာဖြစ်သည်။ မြန်မာပြည်၏ ပထမဆုံး အရေးပေါ်သုံးနှင့် ကျန်းမာရေးသုံး ရဟတ်ယာဉ်ကွင်း ပါရှိသည့်အပြင် Cinema, Shopping Complex, Food Court, Spa & Yoga, Mini Mart, Sky View Swimming Pool, Gym, Lift, Car Parking, BBQ တို့ကိုလည်း ထည့်သွင်းပေးထားကြောင်း သိရှိခဲ့ရသည်။
ပြပွဲရက်အတွင်း ပထမဆုံးဝယ်ယူသည့် (၃) ခန်းကို ငွေလဲနှုန်း (၁၆၀၀) ကျပ်ဖြင့် တွက်ပေးခြင်း၊ ရွေးချယ်မှုပေါ်မူတည်၍ (5%) ၊ (10%) ၊ (15%) အထိ လျှော့ဈေးပေးခြင်း၊ (၁၀၀) ရာခိုင်နှုန်း Bank Transfer လက်ခံပေးခြင်း၊ ဘဏ်နှင့် ချိတ်ဆက်ပြီး (၁၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်ခြင်းတို့အပြင် Furniture အပြည့်အစုံ ထည့်သွင်းရောင်းချပေးခဲ့ကြောင်းကိုလည်း သိရှိခဲ့ရသည်။
“ ဒီ KER Residence ဟာ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာရှိပြီးတော့ Myanmar Property Awards က ချီးမြှင့်ထားတဲ့ The Best Boutique Developer 2019 ဆုနဲ့ Highly Commended (၃) ဆုဖြစ်တဲ့ Best Wellness Development ၊ Best Condo Development ၊ Best Mixed Use Developmentဆုများရရှိထားပါတယ်။ ရန်ကုန်တစ်မြို့လုံးရဲ့ (360) မြင်ကွင်းကို အပြည့်အဝခံစားနိုင်ပြီး ၊ City Life ကြိုက်နှစ်သက်တဲ့သူများ ရွေးချယ်ရန်အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
ရန်ကုန်မြို့၏ အချက်အချာကျသည့် ကမ္ဘာအေးလမ်းမပေါ်မှ KER Residence အရောင်းပြပွဲ ပရိုမိုးရှင်း
iMyanmarHouse.com