1758 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဗဟန်းမြို့နယ် ဆရာစံလမ်းထောင့်ရှိ 68 Residence အရောင်းပြပွဲ

### Unicode Version ###

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သောiMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ရွှေနန်းတော်စိန်ရွှေရတနာလုပ်ငန်းစုမှ တာဝန်ယူတည်ဆောက်သော 68 Residence အရောင်းပြပွဲကို၂၀၂၀ ပြည့်နှစ် ၊ မတ်လ ( ၂၁ ၊ ၂၂ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် မနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ ၄၄/က ၊ ဆရာစံလမ်း ၊ ဗဟန်းမြို့နယ်ရှိ 68 Residence SalesGallery တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရသည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဗဟန်းမြို့နယ် ဆရာစံလမ်းထောင့်ရှိ 68 Residence အရောင်းပြပွဲ

ပြပွဲရက်အတွင်း အထူး Discount များ ၊ Decoration အပြည့်အစုံ ၊ အတိုးမဲ့အရစ်ကျစနစ် ၊ ဘဏ်ဖြင့်နှစ်ရှည်အရစ်ကျစနစ်များဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဗဟန်းမြို့နယ် ဆရာစံလမ်းထောင့်ရှိ 68 Residence အရောင်းပြပွဲ

68 Residence သည် ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့် ဗဟန်းမြို့နယ်တွင် တည်ရှိသည်။ Basement (၄) ထပ် နှင့် အထပ်ပေါင်း (၂၇) ထပ် ပါဝင်သည့် ကမ္ဘာ့အဆင့်မီ Luxury Condo ဖြစ်ပြီး ရန်ကုန်မြို့၏ အဆင့်အတန်းမြင့်ကွန်ဒိုများအနက် iconic Building ဖြစ်လာနိုင်သည့် ကွန်ဒိုတစ်ခုဖြစ်သည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဗဟန်းမြို့နယ် ဆရာစံလမ်းထောင့်ရှိ 68 Residence အရောင်းပြပွဲ

အဆိုပါကွန်ဒိုသည် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်တွင် တည်ရှိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် Traffic အခက်အခဲများ အဆင်ပြေစေရန်အတွက် ကမ္ဘာအေးဘုရားလမ်းမကြီးနှင့်အပြိုင် Parallel Street ကို ကွန်ဒိုအတွင်းထားရှိပေးမည်ဖြစ်သည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဗဟန်းမြို့နယ် ဆရာစံလမ်းထောင့်ရှိ 68 Residence အရောင်းပြပွဲ

68 Residence တွင် ကားပါကင် ယူနစ်ပေါင်း ( ၃၆၀ ) ကျော် ပါဝင်သည့်အတွက် ကားပါကင် အလုံအလောက်ရရှိနိုင်မည်ဖြစ်သည်။ ပြင်ပအပူဒဏ် နှင့် ဆူညံမှုဒဏ်ကိုကာကွယ်နိုင်ရန် Low E Double Glazed မှန်များတပ်ဆင်ပေးထားခြင်း ၊ အပန်းဖြေအနားယူနိုင်မည့် Infinity Rooftop Swimming Pool ထည့်သွင်းပေးထားခြင်း ၊ Family Friendly Dual Key System ၊ Premium Sky Garden ၊ Premier Duplex Living ၊ Fully Fitted Gyms ၊ Residence Lounge & Function Room ၊ 100 % Power Back Up ၊ PABX Telephone ၊ Satellite TV စသည့် Facilities အပြည့်အစုံပါဝင် သည့်အပြင် အခန်းတွင်းပရိဘောဂများကို အရည်အသွေးမြင့် နိုင်ငံခြားအမှတ်တံဆိပ် Branded ပစ္စည်းများသာ အသုံးပြုပေးထားပြီး Decoration အပြည့်အစုံပါဝင်သည့် ကွန်ဒိုဖြစ်သည်။ အနီးအနားတွင် ရွှေတိဂုံဘုရား ၊ အင်းယားကန် ၊ ဆီဒိုးနားဟိုတယ် ၊ မြန်မာပလာဇာစသည်တို့ တည်ရှိပြီး Location အထူးကောင်းမွန်သည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဗဟန်းမြို့နယ် ဆရာစံလမ်းထောင့်ရှိ 68 Residence အရောင်းပြပွဲ


“ဒီကနေ့ကျင်းပတဲ့ 68 Residence ဟာဘိုးဘွားပိုင်မြေပေါ်မှာတည်ဆောက်ထားပြီး သားစဉ်မြေးဆက် မြေပိုင်ဆိုင်နိုင် မှာပါ။ ကွန်ဒိုကို ငလျင်ဒဏ်ခံနိုင်တဲ့ Shear Wall ကိုအသုံးပြုပြီး တည်ဆောက်ပေးထားတာဖြစ်ပါတယ်။ အခန်းအမျိုးအစား အစုံရွေးချယ်နိုင်ပြီး မကြာမီ အခန်းများ အပ်နှံတော့မှာဖြစ်တဲ့အတွက် ဝယ်ယူသူများအနေဖြင့် စိတ်ချစွာဝယ်ယူနိုင်မှာပါ။” ဟုပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

### Zawgyi Version ###









iMyanmarHouse.com

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)