4995 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ

### Zawgyi Version ###


ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ


ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ


ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ


ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ


ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ


ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ


ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ

 

ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Skysuites Luxury ကွန်ဒိုအရောင်းပြပွဲ

iMyanmarHouse.com

 

### Unicode Version ###

 

၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလ ( ၁၈ ၊ ၁၉ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ Q Home မှ တည်ဆောက်သော Skysuites Luxury ကွန်ဒို အရောင်းပြပွဲကြီးကို မနက် (၁၀) နာရီ မှ ည (၇) နာရီ အထိ စီမံကိန်းတည်ရှိရာ အမှတ် ၂၃ ၊ ရန်ရှင်းလမ်း ၊ ရန်ကင်းမြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအရောင်းပြပွဲအတွင်း မနက် (၁၀) နာရီ မှ ည (၇) နာရီ အထိ Open House ဖွင့်လှစ်ပေးထားပြီး တကယ်အပ်မည့်အနေအထားအတိုင်း ပြင်ဆင်ပြထားသည့် အခန်းများကို မည်သူမဆို ဝင်ရောက်လေ့လာနိုင်ခဲ့ကြောင်းသိရသည်။ ပြပွဲ (၂) ရက်အတွင်း အထူးသက်သာခွင့်များနှင့်အတူ ၊ အတိုးမဲ့အရစ်ကျစနစ်များ ၊ ဘဏ်များဖြင့် နှစ်ရှည်အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ရာ ကျပ်ငွေ (၅.၇) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည်။

Skysuites Luxury ကွန်ဒိုသည် မြေ (၁) ဧက အကျယ်အဝန်းရှိသည့် ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်ထားပြီး သားစဉ်မြေးဆက် မြေပိုင်ဆိုင်နိုင်သည်။ စီမံကိန်း ၁ ခုလုံး၏ ၄၀ ရာခိုင်နှုန်းသောမြေကိုသာ အဆောက်အအုံအတွက် အသုံးပြုပြီး ကျန် ၆၀ ရာခိုင်နှုန်းအား Facilities များအတွက် အသုံးပြုထားကြောင်း သိရသည်။ Asia Property Awards မှ ချီးမြှင့်ထားသော Best Condo Design ၊ Best Condo Interior Design နှင့် Best Condo Development စသည့် ဆုများရရှိထားသော ကွန်ဒိုဖြစ်သည်။ 1280 sqft မှ 1669 sqft အထိ ကျယ်ဝန်းသော 2 Bedroom နှင့် 3 Bedroom များ ရွေးချယ်ဝယ်ယူနိုင်သည်ဖြစ်ကြောင်း သိရသည်။

Facilities များ အနေဖြင့် Swimming Pool ၊ Gym ၊ Sauna ၊ Tea Garden ၊ BBQ Area ၊ Exercise Area ၊ Yoga Area ၊ Bar Area ၊ Children Play Ground ၊ Car Parking ၊ Lift ၊ ၂၄ နာရီလုံခြုံရေး နှင့် CCTV ၊ Card Access System များပါဝင်သည်။ ဒါ့အပြင်၂၃ ထပ်အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် အဆင့်မြင့် Bar ပါရှိသည်ဖြစ်သည်။ အဆိုပါ ကွန်ဒိုအနီးအနားတွင် Myanmar Plaza ၊ Melia Hotel ၊ Sedona Hotel ၊ Myanmar International School ၊ Inya Lake တို့ တည်ရှိသည်။

“ ဒီကနေ့ကျင်းပတဲ့ Skysuites Luxury Condo ဟာဆိုရင် ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ ရန်ကင်းမြို့နယ်မှာ တည်ရှိပြီးတော့ စင်္ကာပူကွန်ဒိုစံနှုန်းနဲ့ တည်ဆောက်ထားပါတယ်။ ၁၀၀% ဆောက်လုပ်ပြီးစီးသွားပြီဖြစ်လို့ ချက်ချင်းဝယ် ချက်ချင်း နေထိုင်နိုင်မှာပါ။ အရည်အသွေးကို ဦးစားပေးပြီး တည်ဆောက်ထားတဲ့အတွက် Best Condo ဆုပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ Luxury Condo ပဲဖြစ်ပါတယ်။ Privacy ရှိပြီး အဆင့်အတန်းအမြင့်မားဆုံး Lifestyle ကို ရရှိခံစားနိုင်မည့် အပြင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ငှားရအလွယ်ကူဆုံးနှင့် ငှားရမ်းခဝင်ငွေ အများဆုံးရရှိနိုင်မှာပါ။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

" Skysuites ကွန်ဒိုက Quality Lifestyle ကို ပေးနိုင်အောင် တည်ဆောက်ပေးထားပါတယ်။ တကယ့်အရည်အသွေးကောင်းတဲ့ ကွန်ဒိုစစ်စစ်ကို ချပြတဲ့အခါ iMyanmarHouse.com ရဲ့ ကြော်ငြာအား ကောင်းခဲ့မှုနဲ့အတူ ရောင်းအားကောင်းခဲ့ပါတယ်။ ဒီကွန်ဒိုကို ရောက်လာတဲ့လူတိုင်း အခန်းဖွဲ့တွေ ၊ အဆောက်အဦးလက်ရာတွေ ၊ သုံးထားပေးတဲ့ ပစ္စည်းတွေကို မကြိုက်တဲ့သူ မရှိပါဘူး။ iMyanmarHouse.com နဲ့ ရောင်းတဲ့ အရောင်းပွဲတိုင်းမှာ ကျေနပ်အားရမှုရှိအောင်ရောင်းပေးနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ အကောင်းဆုံး Partner ပါ " ဟု QHome Development ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကြည်လွင်မှ ပြောကြားသွားသည်။

“ ၂၀၂၀ နှစ်သစ်မှာ ဒီလိုမျိုးရောင်းအားကောင်းကောင်းနဲ့ ရောင်းချပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံ အိမ်ခြံမြေလောကအတွက်လည်း သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ဟာ မြန်မာ့အိမ်ခြံမြေကဏ္ဍအတွက် အပြောင်းအလဲဖြစ်မယ့် နှစ်တစ်နှစ်လို့ သုံးသပ်မိပါတယ်။ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App