မြန်မာနိုင်ငံ အိမ်ခြံမြေ ဘာလဲ? ဘယ်လဲ? ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုဒ်ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍ ၁၉ ရက် ၁၀ လ ၂၀၁၄ တွင် ကုန်သည်ကြီးများအသင်း (UMFCCI) မင်္ဂလာခန်းမတွင် ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေလောက ပြောင်းလဲချက်များ ၊ ခန့်မှန်းချက်များ ၊ သတိပြုဖွယ်ရာများ ၊ မှတ်သားဖွယ်ရာများကို ခင်မောင်ညို (ဘောဂဗေဒ)၊ ဦးစိုင်းခွန်နောင် (စိုင်းခွန်နောင် အိမ်ခြံမြေ)၊ ဦးမြတ်သူဝင်း (ရွှေမင်းသား ဖောင်ဒေးရှင်း)၊ ဦးသိန်းလှညို (ရွှေအိမ်ကမ္ဘာ အိမ်ခြံမြေ)၊ ဦးဝေမင်းစိုး (Asia Housing Co., Ltd.) နှင့် ဦးနေမင်းသူ (iMyanmarHouse.com) တို့မှ ဦးဆောင်၍ ဆွေးနွေးပေးခဲ့ကြပါသည်။
ဟောပြောပွဲအပြီး တက်ရောက်လာကြသော ပရိသတ်များမှ သိလိုဖွယ်ရာများကို မေးမြန်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။