1389 ကြိမ် ကြည့်ရှု့ ပြီး

ဘန်ကောက်ရှိကွန်ဒိုများ အထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ စက်တင်ဘာလ ၈ ရက် နှင့် ၉ ရက် နေ့များတွင် ရန်ကုန်မြို့ ၊ အလုံလမ်းပေါ်ရှိ My Garden Restaurant တွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ အသင့်နေ ကွန်ဒိုများ အရောင်းပြပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

အရောင်းပြပွဲအတွင်းတွင် Central World အနီးရှိ The Key Condo ၊ Samitivej Thonburi ဆေးရုံအနီးရှိ Regent Condo နှင့် ဒွန်မောင်းလေဆိပ်အနီးရှိ Plum 89 Condo တို့ကို ရောင်းချခဲ့ကြောင်း သိရပါသည်။

ဘန်ကောက်ရှိကွန်ဒိုများ အထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

အဆိုပါကွန်ဒိုများတွင် ကားပါကင် ၊ ဓာတ်လှေကား ၊ Dinning ၊ Living ၊ Kitchen တို့ ပါဝင်ပြီး ၁ဝဝ% ဆောက်လုပ်ပြီးစီးနေကာ အသင့်တက်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါသည်။

ဘန်ကောက်ရှိကွန်ဒိုများ အထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

ပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူများအတွက် ဘန်ကောက် အလည်အပတ် ခရီးစဉ်နှင့် အများဆုံး Discount 100,000 Baht အထိ ရနိုင်မည့် အခွင့်အရေးတို့ဖြင့် ထည့်သွင်းရောင်းချခဲ့ပါသည်။

ဘန်ကောက်ရှိကွန်ဒိုများ အထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

“ ကျွန်တော်တို့ iMyanmarHouse.com က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ကွန်ဒိုတွေကို အရောင်းပြပွဲတွေပြုလုပ်ပြီး ရောင်းချပေးနေပါတယ်။ ကျွန်တော်တို့ ရောင်းချပေးနေတဲ့ ကွန်ဒိုတွေဟာ အသင့်တည်ဆောက်ထားပြီး ဖြစ်လို့ ဝယ်ယူပြီးတာနဲ့ ချက်ချင်း နေထိုင်လို့ရနေပါပြီ။ မြန်မာနိုင်ငံသားများ ဝယ်ယူခွင့်ရှိပါတယ်။ ဘန်ကောက်ကို ဆေးကုဖို့ ၊ ကျောင်းတက်ဖို့ ၊ ဈေးဝယ်ဖို့ မကြာခဏသွားသူတွေ ၊ ရင်းနှီးမြှုပ်နှံချင်သူတွေ ဝယ်ယူထားသင့်ပါတယ်။ ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

ဘန်ကောက်ရှိကွန်ဒိုများ အထူးအရောင်းပြပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

iMyanmarHouse.com သည် မြန်မာနိုင်ငံအဝှမ်းတွင်ရှိသည့် အိမ်ခြံမြေများကို ရန်ကုန်မြို့ ၊ ပုသိမ်မြို့ ၊ စစ်တွေမြို့ ၊ တောင်ကြီးမြို့ ၊ မန္တလေးမြို့များတွင် အရောင်းပြပွဲများ ကျင်းပပေးနေသာမက ယခုအခါမှာဆိုရင်တော့ နိုင်ငံရပ်ခြားတွင်ရှိသည့် အိမ်ခြံမြေများကိုလည်း မြန်မာနိုင်ငံသားများ ပိုင်ဆိုင်နိုင်စေဖို့အတွက် အရောင်းပြပွဲကြီးတွေ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်(၁၅) နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)