မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားအနီး ၊ တရုတ်ဘုံကျောင်းလမ်းရှိ Royal Ni Ni မီနီကွန်ဒိုအခန်းများအား ရောင်းချရန် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၁၆ ရက် နှင့် ၁၇ ရက် နေ့များတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရပါသည်
Royal Ni Ni ကွန်ဒိုတွင် facilities များအနေဖြင့် ကားပါကင်နှင့် ဓာတ်လှေကားပါရှိပြီး ရုံးခန်းဖွင့်ရန် သင့်တော်သည့် ကွန်ဒိုတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
အရောင်းပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူ (၅) ဦးအတွက် အထူးလျှော့ဈေးနှုန်းများ ၊ ငွေပေးချေမှု ပုံစံ (၃) မျိုး ၊ အိပ်ခန်း (၂) ခန်းဖွဲ့ပြီး ကြွေပြား ၊ ကြမ်းခင်း ၊ မီးဖိုခုံနှင့် kitchen cabinet များ ထည့်ပေးသည့် အစီအစဉ်များဖြင့် ထည့်သွင်းရောင်းချခဲ့ကြောင်း သိရပါသည်။
ပြပွဲစီစဉ်ကျင်းပပေးသည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ “ ဒီ Royal Ni Ni ကွန်ဒိုက ရုံးခန်းဖွင့်ဖို့အတွက် သင့်တော်တဲ့ ကွန်ဒိုတစ်ခုဖြစ်ပါတယ်။ သွားလာရ လွယ်ကူတဲ့ မရမ်းကုန်းမြို့နယ်မှာ တည်ရှိပြီးတော့ ကမ္ဘာအေးဘုရား ၊ ဂမုန်းပွင့်ကုန်တိုက် ၊ စွယ်တော်စေတီ ၊ တောင်ဥက္ကလာဂေါက်ကွင်း ၊ ဂန္ဓမာဟိုးဆေးတို့ရဲ့ အနီးအနားမှာ တည်ရှိပါတယ်။ ” ဟု ပြောကြားသွားခဲ့ပါသည်။
အကြမ်းထည်တည်ဆောက်ပြီးစီးထားသည့် Royal Ni Ni မီနီကွန်ဒိုအခန်းများအား ဝယ်ယူလိုပါက iMyanmarHouse.com ၏ hotline နံပါတ် 0945529484~5 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်