2205 ကြိမ် ကြည့်ရှု့ ပြီး

ပြည်လမ်း နိုဗိုတယ်ဟိုတယ်တွင် အောင်မြင်စွာကျင်းပခဲ့သည့် ဘန်ကောက်ကွန်ဒို အထူးအရောင်းပြပွဲကြီး

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ PLUM 89 အမည်ရှိ ကွန်ဒိုအခန်းများအားရောင်းချရန် မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ မတ်လ ၁၇ ရက် နှင့် ၁၈ ရက် နေ့များတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် အရောင်းပြပွဲတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ပြည်လမ်း နိုဗိုတယ်ဟိုတယ်တွင် အောင်မြင်စွာကျင်းပခဲ့သည့် ဘန်ကောက်ကွန်ဒို အထူးအရောင်းပြပွဲကြီး

အဆိုပါအရောင်းပြပွဲအတွင်း မြန်မာကျပ်ငွေ သိန်း ၃၅၀ ကျော်မှ သိန်း ၅၀၀ အတွင်းရှိ ကွန်ဒိုအခန်းများအား ပရိဘောဂ လက်ဆောင်များ ၊ ယိုးဒယားသို့ အလည်အပတ်ခရီးစဉ်များ စသည့် ပရိုမိုးရှင်းများ ပေး၍ ရောင်းချခဲ့ခြင်းဖြစ်သည်။

ပြည်လမ်း နိုဗိုတယ်ဟိုတယ်တွင် အောင်မြင်စွာကျင်းပခဲ့သည့် ဘန်ကောက်ကွန်ဒို အထူးအရောင်းပြပွဲကြီး

“ ဒီ PLUM 89 Condo ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိပြီးတော့ မြန်မာနိုင်ငံသားများ ဝယ်ယူခွင့်ရှိပါတယ်။ ဈေးနီး ၊ ကျောင်းနီး ၊ ဆေးရုံနီးပြီးတော့ ဘန်ကောက်မြို့ရဲ့ ဒွန်မောင်းလေဆိပ်အနီးမှာ တည်ရှိပါတယ်။ ၁ဝဝ% ဆောက်လုပ်ပြီးစီးနေပြီးတော့ အခုချက်ချင်းဝယ်ယူပြီးတာနဲ့ အခုနေထိုင်လို့ရနေပါပြီ။ အရောင်းပြပွဲ အတွင်းမှာလည်း အထူးအခွင့်အရေးတွေ အထူးငွေချေစနစ်တွေနဲ့ ရောင်းချခဲ့ပါတယ်။ ဘန်ကောက်ကို ဆေးကုဖို့ ၊ ကျောင်းတက်ဖို့ ၊ ဈေးဝယ်ဖို့သွားသူတွေ ၊ ရင်းနှီးမြှုပ်နှံချင်သူတွေ ရည်ရွယ်ပြီး ကျင်းပပေးတာပါ။ ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်ဒေါ့ကွန်း) ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပြီး အိမ်ခြံမြေဒေတာအများဆုံး ၊ အိမ်ခြံမြေ သတင်းအစုံလင်ဆုံး ဝဘ်ဆိုက်အဖြစ် မြန်မာအိမ်ခြံမြေဈေးကွက် ဦးဆောင်လျှက်ရှိပါသည်။

 

ပြည်လမ်း နိုဗိုတယ်ဟိုတယ်တွင် အောင်မြင်စွာကျင်းပခဲ့သည့် ဘန်ကောက်ကွန်ဒို အထူးအရောင်းပြပွဲကြီး

မြန်မာနိုင်ငံအဝှမ်းရှိ အိမ်ခြံမြေများကို ရန်ကုန်မြို့  ၊ ပုသိမ်မြို့ ၊ စစ်တွေမြို့ ၊ တောင်ကြီးမြို့  ၊ မန္တလေးမြို့ ကြီးများနှင့် စင်္ကာပူနိုင်ငံများတွင် အရောင်းပြပွဲကြီးများ ကျင်းပပြုလုပ်၍ ရောင်းချပေးနေပါသည်။

ယခုအခါ နောက်ထပ်ခြေလှမ်းအဖြစ် နိုင်ငံရပ်ခြားရှိ အိမ်ခြံမြေများကိုလည်း မြန်မာနိုင်ငံသားများ ပိုင်ဆိုင်နိုင်ရန် အရောင်းပြပွဲကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်(၁၅) နှစ်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)