959 ကြိမ် ကြည့်ရှု့ ပြီး

အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ ဂရန်မြေကွက်များ အထူးအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

 

[Unicode]

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ NEIGHBOURHOOD ဂရန်မြေကွက်များ အထူးအရောင်းပြပွဲကို အောက်တိုဘာလ (၁၉) ရက် နှင့် (၂၀) ရက်နေ့များတွင် ရွှေပေါက်ကံ(၁၁)ရပ်ကွက် ၊ မြို့ပတ်လမ်း ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။


အရောင်းပြပွဲတွင် ပြပွဲ (၂)ရက်အတွင်း ပထမဆုံး (၁၀) ကွက်ကို အထူးသက်သာခွင့်၊ (၉) လ အတိုးမဲ့အရစ်ကျ၊ 100% Bank Transfer တို့ဖြင့် ရောင်းချပေးခဲ့သည်။

အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ ဂရန်မြေကွက်များ အထူးအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့  NEIGHBOURHOOD ဂရန်မြေကွက်များ  သည် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက်ကံ(၁၁)ရပ်ကွက်အတွင်းရှိ ဧက ၂၀ ကျယ်ဝန်းသည့် River Hill စီမံကိန်းအတွင်းဖော်ဆောင်နေသည့် အိမ်ရာစီမံကိန်းဖြစ်သည်။ရန်ကုန်မြို့တွင်း ဝေဇယန္တာလမ်းမှလာလျှင် မဟာကျိန်သစ္စာရှင်ဘုရားရှိသော သုနန္ဒာလမ်းမှသော်လည်းကောင်း ၊ မြောက်ဥက္ကလာ(၆)ကွေ့မီးပွိုင့်မှသော်လည်းကောင်း ၊ ပုဂံလမ်းမကြီးအတိုင်း တစ်ဖြောင့်တည်းအဆုံးထိ မောင်းလာလျှင်သော်လည်းကောင်း စီမံကိန်းတည်ရှိရာ မြို့ပတ်လမ်းသို့ ရောက်ရှိမှာဖြစ်သောကြောင့်လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသည်။စီမံကိန်းတည်နေရာ၏ ဘေးဘီဝဲယာတွင် ပုဇွန်တောင်ချောင်းနှင့် စိမ်းစိုနေသော ကုက္ကို ၊ လမု၊ ဗာဒံအစရှိသော သစ်ပင်ကြီးများ ဝန်းရံလျက်ရှိသောကြောင့် သဘာဝနှင့် နီးစပ်ရင်းနှီးမှုကို အပြည့်အဝခံစားရရှိနိုင်မည်။

ဝယ်ယူသူအမည်ပေါက်ဂရန်လျှောက်ထားနိုင်မည်ဖြစ်၍ပိုင်ဆိုင်မှုခိုင်မာသည်။
ပြင်ဦးလွင်ရှိ လက်ရာပြောင်မြောက်လှသော The 9th Avenue စီမံကိန်းကို ဖော်ဆောင်ခဲ့သည့် နာမည်ကောင်းရှိပြီး အတွေ့အကြုံရှိသည့် Hillman Land Co., Ltd ကဖော်ဆောင်ပေးမည်ဖြစ်၍ ပိုင်ဆိုင်မှုအရကော ၊ Maintenance အပိုင်းပါ ယုံကြည်စိတ်ချရသည်။

အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ ဂရန်မြေကွက်များ အထူးအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

Facilities များအနေနဲ့ buffer zone များတွင် စိမ်းလန်းသော ဝန်းကျင်တစ်ခု ဖန်တီးသွားမည်ဖြစ်ပြီး လုံခြုံရေးအတွက်လည်း သံပန်းနှင့် Chain link ခြံစည်းရိုး တစ်ထပ်ထားရှိပေးမည်ဖြစ်သည့်အပြင် 24/7 CCTV နှင့် security gate များလည်းထားရှိပေးသွားမည်ဖြစ်သည်။

Infrastructure များအဖြစ် မြေကွက်တစ်ကွက်ချင်းစီကို မြေဖို့ပေးခြင်းနှင့် မြေပြင်ပေးခြင်း ၊ အုတ်တံတိုင်း များဖြင့်ခြံစည်းရိုးခတ်ပေးခြင်းနှင်သံပန်းဂိတ်တံခါးတပ်ဆင်ပေးခြင်း ၊ ရေမြောင်းစနစ်ထည့်သွင်းခြင်း ၊ ခြံပေါက်ဝနှင့် လမ်းမကြားကားအဝင်လမ်းခင်းပေးခြင်း၊အိမ်ရှေ့အရောက် လျှပ်စစ်ကြိုးသွယ်တန်းပေးထားခြင်း၊ သုံးရေ ရရှိအောင် ဆောင်ရွက်ပေးခြင်း ၊ ဂရန်အမည်ပြောင်းရန် အရောင်းမြေပုံထုတ်ပေးခြင်း ၊ လမ်းမီးတိုင်များတပ်ဆင်ပေးခြင်း၊ ခြံဝန်းရှေ့လမ်းမနှင့် ခြံစည်းရိုးကြား မြက်စိုက်ပျိုးခြင်းနှင့် အရိပ်ရပင်များ စိုက်ပျိုးပေးခြင်း တို့ပြုလုပ်ပေးမည်ဖြစ်သည်။

အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ ဂရန်မြေကွက်များ အထူးအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

 

" ရွှေပေါက်ကံ လိုနေရာမျိုးမှာ ပိုင်ဆိုင်မှု ခိုင်မာပြီး Facilites အပြည့်အစုံနဲ့ အေးအေးချမ်းချမ်း နေထိုင်ဖို့ နှစ်ခြိုက်တဲ့သူတွေအတွက်ရော နောင်တစ်ချိန် ပြန်ရောင်းဖို့ ရည်ရွယ်ပြီး အလားအလာကောင်းတဲ့ မြေကွက်များကို ကြိုတင်ရင်းနှီးမြှုပ်နှံလိုတဲ့ သူတွေအတွက်ပါ ငွေပေးချေမှုအဆင်ပြေအောင် အရစ်ကျ ပေးချေမှုအနစ်၊ အထူးသက်သာခွင့်တွေနဲ့ ရောင်းချပေးနေတာဖြစ်လို့ Promotion ရှိတုန်း ဝယ်ထားသင့်တယ် "ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။

အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ ဂရန်မြေကွက်များ အထူးအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့


iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 


[Zawgyi]

 


 











iMyanmarHouse.com




 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App