[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းအနီးက ဆောက်လုပ်ပြီး လုံးချင်းအိမ်များ အရောင်းပြပွဲကို ဩဂုတ်လ (၃၁) ရက် နှင့် စက်တင်ဘာလ (၁) ရက်နေ့များတွင် 45 Avenue ( Project Site) ၊ အမှတ် (၆၆) ၊ အောင်သစ္စာလမ်း ၊ ပိတောက်မြိုင်ရပ်ကွက် ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ဝယ်ယူသူများကို အရောင်းပြပွဲတွင် ၁၀ % Discount ၊ အတိုးမဲ့အရစ်ကျစသည့် သက်သာခွင့်များဖြင့် ရောင်းချပေးခဲ့ပါသည်။
ရောင်းချပေးခဲ့သည် စီမံကိန်းများမှာ
(၁) အောင်မေတ္တာလမ်း ၊ ပိတောက်မြိုင်ရပ်က Aung Myittar လုံးချင်းအိမ်ရာ
(၂) အောင်သစ္စာလမ်း ၊ စော်ဘွားကြီးကုန်းရပ်ကွက်က Aung Thitsar လုံးချင်းအိမ်ရာ
(၃) အမှတ်(၃၁) ၊ သာယာလမ်း ၊ စော်ဘွားကြီးကုန်းရပ်ကွက်က One Two Villa
(၄) အမှတ် ၆၆ ၊ အောင်မေတ္တာလမ်း ၊ ပိတောက်မြိုင်ရပ်က 45 Avenue တို့ဖြစ်ကြပါသည်။
Facilities အပြည့်အစုံပါဝင်ပြီး ဝယ်ယူသူအမည်ပေါက်လျှောက်ထားနိုင်လို့ ပိုင်ဆိုင်မှုအနေဖြင့် ခိုင်မာလှပါသည်။အနီးအနားတွင် Shopping Mall များ ၊ ဆေးရုံများ ၊ ကျောင်းများရှိပြီး ပြည်လမ်း ၊ မင်းဓမ္မလမ်း ၊ YCDC Golf Club စော်ဘွားကြီးကုန်းတို့ဖြင့်လည်း နီးသောကြောင့် Location အထူးကောင်းမွန်သည့် အိမ်ရာစီမံကိန်းများဖြစ်သည်။Privacy ရှိရှိနေနိုင်မည့် လုံးချင်းအိမ်များဖြစ်သောကြောင့် အေးချမ်းစိတ်ငြိမ်စွာနေထိုင်လိုသူများအတွက် သင့်တော်သည်။
" အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းအနီးက ဆောက်လုပ်ပြီး လုံးချင်းအိမ်များဟာ တည်နေရာကောင်းမွန်တဲ့အပြင် ပိုင်ဆိုင်မှုအရလည်း ခိုင်မာပါတယ်။ ဘယ်ဟာကိုပဲ ဝယ်ဝယ် ၁၀ % Discount ရတာမို့ အဆင်ပြေပါတယ်” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းအနီးက ဆောက်လုပ်ပြီး လုံးချင်းအိမ်များ အရောင်းပြပွဲ ကျင်းပပြလုပ်ခဲ့
iMyanmarHouse.com