[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Magical World Stylish Condo ရှိ အခန်းများကို အတိုးမဲ့အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် အရောင်းပြပွဲကို ဩဂုတ်လ (၃၁) ရက် နှင့် စက်တင်ဘာလ (၁) ရက်နေ့များတွင် Magical World Stylish Condo Sales Gallery ၊ အမှတ် (၂၉)၊ ခရေပင်လမ်း ၊ လမ်းမတော်မြို့နယ် ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ဝယ်ယူသူများကို အရောင်းပြပွဲတွင် အတိုးမဲ့ အရစ်ကျစနစ် ၊ သိန်း ၆၀၀ အထိ Discount ခံစားခွင့် ၊ 100% Bank Transfer စသည့် သက်သာခွင့်များဖြင့် ရောင်းချပေးခဲ့ပါသည်။
Magical World Stylish Condo သည် လမ်းမတော်မြို့နယ် သံရုံးများအနီး ခရေပင်လမ်းမပေါ်တွင် တည်ရှိပြီး Location အထူးကောင်းမွန်သည့် ဆောက်လုပ်ပြီးစီးခါနီး အသစ်စက်စက် ကွန်ဒိုဖြစ်သည်။
ရန်ကုန့်မြို့၏ Down Town ဖြစ်သော လမ်းမတော်မြို့နယ်တွင် တည်ရှိသည့်အပြင် စီမံကိန်းအနီးတွင် သံရုံးများစွာရှိသောကြောင့် လူမှုပတ်ဝန်းကျင်တွင် Standard မြင့်မြင့်နေထိုင်နိုင်ပြီး လုံခြုံရေးအရကောင်းမွန်ပြီးနိုင်ငံခြားသား အငှားဈေးကွက်အတွက်လည်း ပြေးမလွတ်သည့်အတွက် Investment အရ ခိုင်မာမှုရှိပြီး နောင်တစ်ချိန်တွင် ဈေးကောင်းရဖို့အလားအလာရှိသည်။
Magical World စီမံကိန်းတွင် အဆင့်မြင့်ဟိုတယ်နှင့် အဆင့်မြင့် Public Facilities များ၊ Child Care Centre ၊ Supermarket , Café and Spa၊ Building များရဲ့ အလယ်တွင် Garden Area ၊ လူကြီးရေကူးကန်နှင့်ကလေးရေကူးကန်၊ အပန်းဖြေဧရိယာနှင့် လျှောက်လမ်းများ၊ Public Library ၊ Food & beverage တို့ပါရှိသည်။
၂၄ နာရီ မီးရရှိခြင်း၊ ၂၄ နာရီ CCTV ထားရှိသည့်အတွက် လုံခြုံရေးစနစ်ကောင်းမွန်ခြင်း၊ Water Purification System၊ အကောင်းဆုံး Property Management Service တို့ဖြင့်အကောင်းဆုံးဝန်ဆောင်မှု ပေးမည်ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံလိုသော စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း အချက်အချာ Location ကောင်းတစ်ခုတွင် ဆိုင်ခန်းကောင်းတစ်ခုအဖြစ် အကောင်းမွန်ဆုံးရင်နှီးမြှုပ်နှံမှုတစ်ခုပြုလုပ်နိုင်ပါသည်။
" Magical World Stylish Condo ဟာ ဆောက်လုပ်ပြီးခါနီးဖြစ်လို့ ဝယ်ယူပြီးတာနဲ့ အသင့်နေထိုင်နိုင်ပါတယ်။ နောက်ပြီး သိန်း ၆၀၀ အထိပါ သက်သာခွင့်ပေးထားလို့ အခွင့်အရေးရတုန်း ဝယ်ယူထားဖို့ အကြံပြုချင်ပါတယ်” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
မကြာမီပြီးတော့မည့် Magical World Stylish Condo ရှိ အခန်းများကို အတိုးမဲ့အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် အရောင်းပြပွဲ ကျင်းပပြလုပ်ခဲ့
iMyanmarHouse.com