[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ သိန်း ၂၀၀၀ ကျော်မှစတင်ဝယ်ယူနိုင်မည့် လမ်းမတော်ရှိ Magical World Stylish Condo အခန်းများ Promotion အရောင်းပြပွဲကို ဆက်လက်၍ ဇွန်လ (၂၂) ရက်နှင့် (၂၃) ရက်နေ့ များတွင် Magical World Stylish Condo Sales Gallery ၊ အမှတ် (၂၉)၊ ခရေပင်လမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့ ၌ အောင်မြင်စွာကျင်းပခဲ့သည်။
ပြပွဲ (၂) ရက်အတွင်းမှာလည်း အရင်တစ်ပတ်ကနည်းတူ အခန်းဝယ်ယူသူများအတွက်
ကားပါကင်အတွက် 25% Discount - $15000
Mechanical Carparking 60% Discount -$8000
Fully Decoration ဖြင့်အခန်းရရှိခွင့် Exchange 2100 (Baho Bank Rate )ဖြင့်ဝယ်ခွင့် စသည့် အထူးသက်သာခွင့်များဖြင့်ရောင်းချခဲ့သည်။
ဒါ့အပြင် ဆိုင်ခန်းဝယ်ယူသူများအတွက်ကိုလည်း အထူးပရိုမိုးရှင်းအဖြစ် Mechanical Carparking (1) စီးစာလက်ဆောင် Property Management Fee ၂ နှစ်စာလက်ဆောင် Residential ၀ယ်ယူထားသော Customer အတွက် Commercial ထပ်ဝယ်လျှင် 20 USD /sqft Discount Commercial ၀ယ်ယူထားသော Customer အတွက် Residential ထပ်ဝယ်လျှင် 10 USD /sqft Discount စသည့်ခံစားခွင့်များဖြင့်လည်း ရောင်းချပေးခဲ့သည်။
Magical World Stylish Condo သည် ရန်ကုန်၏ အချက်အချာဖြစ်သော လမ်းမတော်မြို့နယ် သံရုံးများအနီး ခရေပင်လမ်းမပေါ်တွင် တည်ရှိသည်။ ဆောက်လုပ်ပြီးခါနီး ကွန်ဒိုဖြစ်သောကြောင့် အခန်းဝယ်ယူသူများအနေနဲ့လည်း ဝယ်ယူပြီးမကြာခင်မှာအသစ်စက်စက်ကွန်ဒို ပေါ် နေထိုင်နိုင်မည်ဖြစ်သည်။ City Mall ၊ Taw Win Centre အစရှိသည့် shopping mall များ ၊ ဆေးရုံများ ၊ ကျောင်းများ အနီးတွင်ရှိသည့်အပြင် ပြည်လမ်း ၊ ဗဟိုလမ်း ၊ အောက်ကြည့်မြင်တိုင်လမ်း ၊ ကမ်းနားလမ်းတို့ကို အချိန်တိုအတွင်းသွားရောက်နိုင်သည့်အတွက် Location အထူးကောင်းမွန်သည်။ ၅ ဧကအကျယ်ရှိသည့် မြေပေါ်မှာဖော်ဆောင်နေပြီး တာဝါ ၅ လုံးပါသော အဆင်မြင့် အိမ်ရာစီမံကိန်းဖြစ်သည်။ အခန်းများအနေဖြင့် 337 sqft မှ 613.2 2 sqf အထိ ကျယ်ဝန်းသည့် 1 BR / 2 BR အခန်းများဖြစ်ပြီး မိမိနှင့် မိမိ မိသားစုအလိုက် အဆင်ပြေမည့် အခန်းများနှင့် River view ၊ Garden view အခန်းများကို စိတ်ကြိုက်ရွေးချယ်နိုင်မည်။ စိမ်းလန်းကျယ်ဝန်းသောဥယျာဉ်ပန်းခြံ ၊ Super Market ၊ Swimming Pool ၊ Gym ၊ Child Care Centre စသည်ဖြင့် Facilities အပြည့်အစုံပါဝင်ပြီး ပြီးပြည့်စုံသော လူနေမှုဘဝကို ခံစားနိုင်သည့် အားသာချက်များစွာပိုင်ဆိုင်ထားသော အိမ်ရာစီမံကိန်းဖြစ်သည်။ ကိုယ်ပိုင် 2-ways ကားပတ်လမ်း နှင့် မြေအောက်ကားပါကင်၂ ထပ်တို့ပါရှိသောကြောင့် ကားထားရန်အတွက်လည်း အဆင်ပြေလွယ်ကူစေသည်။
" Magical World Stylish Condo ဟာ အခန်းနဲ့ ဆိုင်ခန်းတွေ တစ်နေရာတည်းမှာရှိလို့ နေဖို့အတွက်ရော ရင်းနှီးမြှုပ်နှံဖို့အတွက်ရော အဆင်ပြေစေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အရင်တစ်ခါကလုပ်တဲ့ပွဲမှာ လာမဝယ်လိုက်ရသူတွေအတွက် ထပ်မံရောင်းချပေးတာပဲဖြစ်ပါတယ်။ ခုတစ်ခေါက်ပြပွဲအတွင်းမှာလည်း အထူးသက်သာခွင့်များနဲ့ ရောင်းချပေးခဲ့ပါတယ်” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
သိန်း ၂၀၀၀ ကျော်မှစတင်ဝယ်ယူနိုင်မည့် လမ်းမတော်ရှိ Magical World Stylish Condo အခန်းများ Promotion အရောင်းပြပွဲ ထပ်မံ၍ကျင်းပပြုလုပ်ခဲ့
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ သိန်း ၂၀၀၀ ကျော်မှစတင်ဝယ်ယူနိုင်မည့် လမ်းမတော်ရှိ Magical World အခန်းများ Promotion အရောင်းပြပွဲကို ဆက်လက်၍ ဇွန်လ (၂၂) ရက်နှင့် (၂၃) ရက်နေ့များတွင် Magical World Stylish Condo Sales Gallery ၊ အမှတ် (၂၉)၊ ခရေပင်လမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့ ၌ အောင်မြင်စွာကျင်းပခဲ့သည်။
iMyanmarHouse.com